04 September, 2013

နှလုံးထိခိုက်စေသည့် အကျင့်ဆိုး ခုနစ်ရပ်


(၁) အရက် အလွန်အမင်း သောက်ခြင်း


အရက်ကို အလွန်အမင်းသောက်တာကြောင့် နှလုံးအပေါ် ကြီးမားတဲ့သက်ရောက်မှုကို ဖြစ်စေရုံသာမက အရက်ကို ကြာရှည် သောက်သုံးတဲ့အတွက်နှလုံးမှာ ထိခိုက်မှု ဖြစ်
စေနိုင်ပါတယ်။ အရက်သောက်တာကြောင့် အသည်း၊ အရိုး၊ မှတ်ဥာဏ်တို့ကို ထိခိုက်စေရုံသာမကနှလုံးရောဂါနဲ့
သွေးတိုးရောဂါဖြစ်နိုင်ခြေတို့ကိုတိုးမြင့်စေပါတယ်။

အရက်ဖြတ်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို ၅ဝ ရာခိုင်နှုန်းလျော့ကျစေပါတယ်။



(၂) ဆားအလွန်အမင်း စားခြင်း


ဆားနည်းတဲ့ ဟင်းတွေက ပေါ့ရွှတ်ရွှတ်နိုင်တယ်ဆိုပြီး ဆားထပ်မခတ်ပါနဲ့။ ဆားစားသုံးမှု များတာကြောင့်
သွေးတိုးစေပြီး သွေးတိုးတာဟာ နှလုံးရောဂါထစေတဲ့ အန္တရာယ်ပါပဲ။ ဒါကြောင့် သင်စားတဲ့ ဟင်းလျာတွေမှာ ဆားအပိုမထည့်ခင် နှစ်ကြိမ် ပြန်စဉ်းစားပါဦး။


(၃) အလွယ် စားသောက်ခြင်း


သကြားများတဲ့ အစာ၊ အဆီများတဲ့အစာနဲ့ ဆားကဲတဲ့ အစာတွေဟာ ကျန်းမာရေးအတွက် အဓိကအန္တရာယ် ပါ။ ဒီအစာတွေက လူတွေကို ဝစေတဲ့အပြင်နှလုံးရောဂါအတွက် အဓိကအန္တရာယ်လည်း ဖြစ်ပါတယ်။


(၄) လေ့ကျင့်ခန်း လုံးဝ မလုပ်ခြင်း


လှုပ်ရှားမှု မရှိတာက နှလုံးရောဂါဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတစ်ခုပါပဲ။ ပုံမှန် လေ့ကျင့်ခန်းမလုပ်ရင် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ လေ့ကျင့်ခန်းမလုပ်တဲ့အတွက် ကိုယ်အလေး ချိန်များတာဟာ နှလုံးကိုအနှေးနဲ့ အမြန်ဆိုသလို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက စိတ် ခံစားမှု၊ နှလုံးနဲ့ဦးနှောက်ကျန်းမာရေး၊ သွေးစီးဆင်းမှု၊ ဆဲလ်အတွင်း အောက်ဆီဂျင်ရောက်ရှိမှုတို့ကိုကောင်း မွန်စေပါတယ်။


(၅) စိတ်ဓာတ်ကျခြင်းနှင့် ပူပင်သောကကိုကုသမှု မခံယူဘဲနေခြင်း


ပူပင်သောက၊ စိတ်ဓာတ်ကျတာနဲ့စိတ်ဖိစီးမှုတွေက အထွေထွေကျန်းမာရေးကို ထိခိုက်စေပြီးနှလုံးကို အား နည်းစေပါတယ်။ စိတ်ဝေဒနာတို့ကို ကုသမှုမခံယူဘဲနေရင် ကိုယ်ခံစွမ်းအားအဆင့်နဲ့စွမ်းအင် အဆင့်ကို
လျော့ကျစေသလို အစာစားချင်စိတ်နဲ့ နာ့ဗ်ကြောစနစ်ကိုလည်း ထိခိုက်စေပါတယ်။ မကောင်းတဲ့စိတ်ခံစား မှုဟာ နှလုံးကျန်းမာရေးအတွက် မကောင်းပါဘူး။


(၆) ဆေးလိပ်သောက်ခြင်း


ဆေးလိပ်သောက်တာကြောင့် နှလုံးရောဂါနဲ့ ဆက်စပ်ပြီး သေဆုံးမှု ၃ဝ ရာခိုင်နှုန်းနီးပါးကို ဖြစ်စေကြောင်း အမေရိကန်လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ဆေးလိပ်သောက်တာက ခံတွင်း၊ လည်ချောင်းနဲ့ အဆုတ် ကင်ဆာတို့လို ကင်ဆာအမျိုးအစားတချို့အတွက် အန္တရာယ်ပါ။


(၇) အိပ်ရေးပျက်ခြင်း


အိပ်ရေးပျက်တာကြောင့် ဟော်မုန်းဟန်ချက်မညီမျှမှုဖြစ်ကာ အစာကိုပိုစားဖြစ်စေပြီး နှလုံးကို ဝန်ထုပ်ဝန်ပိုး
ဖြစ်စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ ထွက်လာတဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကလည်း နှလုံးကိုထိခိုက်စေနိုင် ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...