03 August, 2013

အရေးကြောင်းလျော့ပါးစေမည့် အံ့ဖွယ်နည်းများ





အသားအရေကို နုပျိုကြည်လင်စေချင်တယ်ဆိုရင် အခြေခံအသား အရေထိန်းသိမ်းနည်းတွေကို လိုက်နာသင့်ပါတယ်။ အဲဒါတွေကတော့
နေရောင်ခြည်ကို တတ်နိုင်သမျှရှောင်ပါ၊ နေကာခရင်မ်လိမ်းပါ၊ ဆေး လိပ် မသောက်ပါနဲ့၊ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ..စတဲ့ နည်းတွေပဲ
ဖြစ်ပါတယ်။ ဒီအခြေခံနည်းလမ်းတွေအပြင် အရေးကြောင်းလျော့ပါး
စေဖို့ အောက်ပါနည်းတွေကိုလိုက်နာဖို့ လိုပါတယ်။

မိုးရာသီတွင် စတိုင်ကျလှပနေအောင်


♦ မိုးသည်းသည်းရွာတတ်တဲ့ ဒေသမျိုးမှာနေရင် အိမ်က မထွက်ခင်ကတည်းကလိုအပ်တဲ့ အသုံးအဆောင်
တွေ ပါဝင်နေပါစေ။ အထူးသဖြင့် အရည်အသွေးကောင်းတဲ့ မိုးကာကုတ်အင်္ကျီတစ်ထည်ပါဝင်ပါစေ။ အဲဒီ ကုတ်အင်္ကျီဟာ ပေါင်လယ်လောက်အထိရှည်ပြီး ခန္ဓာကိုယ်နဲ့ အနေတော်ဖြစ်နေတဲ့ ပုံစံမျိုးဖြစ်သင့်ပါတယ်။
ဒါမှအေးမြတဲ့ အခိုက်အတန့်မှာ ဝတ်ဆင်ထားရင် ဆွဲဆောင်မှုရှိရှိ စမတ်ကျနေမှာပါ။

02 August, 2013

မိတ်ကပ်ကြောင့် ဓာတ်မတည့်မှု မဖြစ်စေရန် ကာကွယ်နိုင်မည့်နည်း ခုနစ်သွယ်


သင့်အနေနဲ့ မိတ်ကပ်အလှကုန်တွေကိုနှစ်ပေါင်းများစွာ ဘာပြဿနာမှမရှိဘဲသုံးခဲ့ရင်တောင်မှ တချို့အလှ ကုန်ပစ္စည်းတွေထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးနဲ့ အထက်ဟာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုကို ဖြစ်စေနိုင်ပါ တယ်။ သင့်အနေနဲ့ အလှကုန်ထဲက ပါဝင်ပစ္စည်းတွေကို ဓာတ်မတည့်မှုဖြစ်တာကြောင့် ကိုယ်ခံစွမ်းအား စနစ်ဟာ အလွန်အမင်း တုံ့ပြန်ပြီး ဓာတ်မတည့်တဲ့ လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။

သံပရိုသီး၏ အစွမ်း


♦ သံပရိုသီးဖျော်ရည်ကို သောက်တာကြောင့်ကိုယ်တွင်းစနစ်ကို သန့်စင်စေပါတယ်။

♦ သံပရိုသီးအရည်ကို လိမ်းပေးရင် နကျယ်ကောင်နဲ့ ပျားတုပ်ခံရလို့ဖြစ်တဲ့ နာကျင်မှုကို သက်သာစေပါ တယ်။

CT Scan တစ်ချပ်ရိုက်ခြင်းသည် ဓာတ်မှန် အချပ် ၃ဝ ရိုက်ခြင်းနှင့် ညီမျှသော သက်ရောက်မှုကို ဖြစ်စေနိုင်





ယခုအခါ ပညာတတ်လူတန်းစားများ အကြား ကျန်းမာရေး ပုံမှန်စစ်ဆေးမှု ခံယူသည့် အလေ့အထတစ်ခု ခေတ်စား လာကြောင်း၊ ထိုအကျင့်မှာ ကောင်းမွန် သည့် ကျန်းမာရေးစောင့်ရှောက်မှုဖြစ်
ပြီးလူတိုင်းတတ်နိုင်သည့် စစ်ဆေးမှုများ ကို ခံယူသင့်ကြောင်း အထွေထွေ အထူး ကုဆရာဝန်ကြီး ပါမောက္ခ ဦးကိုကိုလှက ဆိုသည်။ သို့ရာတွင် အချို့လူများသည် မလိုအပ်ဘဲမိမိသဘောအလျောက် CT Scan ရိုက်ပြီး စစ်ဆေးမှုများကို ပြုလုပ်
နေကြသည်ကို ဆင်ခြင်သတိပြုစေလို
ကြောင်း သတိပေးပြောကြားသည်။

LinkWithIn

Related Posts Plugin for WordPress, Blogger...