13 December, 2012

ဆေးလိပ်သောက်သော အကျင့် ပျောက်စေရန်

 
စွဲစွဲမြဲမြဲလုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့်တခုကို ဖြတ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဆေး လိပ်သောက်ခြင်းလို မကောင်းတဲ့အလေ့အကျင့်ဆိုရင် ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသား ကင်ဆာဌာနကနေ ဆေးလိပ် 
ပြတ်အောင် ဖြတ်နည်းတွေကို
အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။
 


ဆေးလိပ်ဖြတ်ပြီးချိန်မှာ---


* ဆေးလိပ်ဖြတ်တဲ့အကြောင်း ချရေးပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်ခြင်ရတာလဲဆိုတဲ့ အကြောင်းပြချက်

ကိုပါ စာရင်းနဲ့ ချရေးပါ။ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်း စာရွက်ကို ရေချိုးခန်းထဲက  မှန်မှာကပ်
ထားပြီး မနက်တိုင်း ရွတ်ပေးပါ။



* ပန်းအိုး ထားရှိပါ။ အခန်းထဲမှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက် အများကြီး ရနံ့သင်းပျံ့စေပါတယ်။
* သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည် သုံးပါ။ ထမင်းစားပြီးတိုင်းသွားတိုက်ပါ။
ဒီနည်းအားဖြင့် ဆေးလိပ်နဲ့ကင်းတဲ့ ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ်ဆိုတာ သင်သိ
လာမှာပါ။



* သင်ဟာ ကော်ဖီ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင် အဲဒီဆိုင်တွေကို
ရှောင်လိုက်ပါ။ သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။
* ငွေစုပါ။ နေ့စဉ်ဆေးလိပ်ဖိုးအတွက် ကုန်ကျငွေကို စုဘူးထဲမှာ စုဆောင်းပါ။
* လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက်အစား ဘောလ်ပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထား ပါ။



* ဆေးလိပ်သောက်ခွင့်ပြုတဲ့နေရာတွေကို ရှောင်ပါ။ ဆေးလိပ်သောက်ချင်စိတ် မပေါ်အောင် ပီကေ၀ါးနေ
လိုက်ပါ။
* ဆေးလိပ်မသောက်တဲ့သူတွေနဲ့ပေါင်းပါ။ ဆေးလိပ်သောက်တဲ့သူတွေနဲ့ နေရင် ဆေးလိပ်သောက်ချင်စိတ်
ကို ကျော်လွှားနိုင်ဖို့ မလွယ်ပါ။



ဆေးလိပ်သောက်ချင်စိတ် ပေါ်လာတဲ့အခါ---
* ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပန်းသီးစိတ်၊ မုန်လာဥနီ စတာတွေကိုကိုက်ဝါးပါ။ ဆေးလိပ်သောက်ချင်စိတ်
လျော့ပါးသွားပါလိမ့်မယ်။
* ရေချိုးပါ။ ရေချိုးလိုက်ခြင်းဖြင့် စိတ်အပန်းပြေသွားပါလိမ့်မယ်။
* အသက်ပြင်းပြင်း ရှူသွင်းပြီး ခပ်ကြာကြာ ရှူထုတ်ပါ။ ဒီနည်းအားဖြင့် ကြွက်သားတွေ ပြေလျော့ကာ စိတ်
အေးချမ်းစေပါတယ်။
* အလျော့မပေးဘူးဆိုတဲ့ စိတ်ကို ထားရှိပါ။ ဒါဆိုရင် ဆေးလိပ်ပြတ်သွားပါလိမ့်မယ်။



ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...