13 December, 2012

အလေးမ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်


အလေးမ တာကြောင့် အမျိုးသားတွေမှာ အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ကြောင်း လေ့လာမှုက ဆိုပါတယ်။ ပုံမှန်အလေးမတာဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သုံးပုံတစ်ပုံနဲ့ အထက် လျော့ကျစေ တယ်လို့ အမျိုးသား သုံး သောင်းနှစ်ထောင် ကျော်ကို လေ့လာမှု အရ သိရကြောင်း ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် ရောဂါဝေဒနာတွေ မဖြစ် အောင် ကာကွယ်နိုင်ကြောင်း သိပြီးသားပါ။ အမေရိကန်က ဟားဗတ်တက္ကသိုလ်နဲ့ ဒိန်းမတ်တက္ကသိုလ်မှ လေ့လာသူတွေက အမျိုးသား ၂၃၀ဝ နီးပါးကို ၁၈နှစ်ကြာ လေ့လာခဲ့တဲ့အခါ တစ် နေ့မှာ မိနစ် ၃၀ကြာနဲ့ တစ်ပတ်မှာ ငါးရက်ခန့် အလေးမခဲ့ရာ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို ၃၄ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ ကြောင်း တွေ့ရှိခဲ့ပါတယ်။

တစ်ပတ်မှာ တစ်နာရီကျော်ပဲ လေ့ ကျင့်ခန်းလုပ်ရင် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၁၂ ရာခိုင်နှုန်း လျှော့ ချနိုင်ပါတယ်။ တကယ်လို့ အလေးမလေ့ကျင့်ခန်းနဲ့ အေရိုးဗစ် လေ့ကျင့်ခန်း နှစ်မျိုးစလုံးကို တွဲလုပ်ပေးရင် ဆီးချိုရောဂါဖြစ် နိုင်ခြေကို ၅၉ ရာခိုင်နှုန်းနဲ့အထက် လျော့ကျစေနိုင်တယ်လို့ လေ့ လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။ အမျိုးသမီးတွေမှာ တော့ တူညီတဲ့ရလဒ်ကို မတွေ့ရပါဘူး။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...