11 December, 2012

ဆံပင် ထူထဲ လှပစေမည့် အစာအစားနည်းများနှင့် သဘာဝ ကုထုံးများ


ခေါင်းလျှော်ရည်နဲ့ မတည့်တာကြောင့်၊ အသုံးပြုတဲ့ ဆံပင်သုံး ပစ္စည်းတွေထဲက ဓာတုပစ္စည်းတွေကြောင့် စတဲ့ အကြောင်းတွေကြောင့် ဆံပင်တွေ ကျဲပါးလာတတ်ပါတယ်။  ဆံကေသာ ကျန်းမာရေးအတွက် နေ့စဉ် စားသောက်တဲ့ အစားအသောက်တွေကလည်း အရေးပါနေ ပါတယ်။ ဒါကြောင့် ဆံပင်သား ထူထဲ လှပအောင် အစာစားရာမှာ လိုက်နာသင့်တဲ့ နည်းတွေကို အကြံပြုလိုက်ပါတယ်။



၁) ဆယ်လ်မွန်ငါး များများ စားပါ

ဆယ်လ်မွန်ငါးနဲ့ ဆာဒင်းငါးတွေလို အိုမီဂါသရီး များများပါတဲ့ အစားအစာတွေကို စားပေးတာက ဆံပင်သားကို တောက်ပစေပါတယ်။ တကယ်လို့ အိုမီဂါသရီးပါတဲ့ အစာကို မစားဖြစ်ရင် အိုမီဂါသရီး ဖြည့်စွက်ဆေးကို မှီဝဲပေးသင့်ပါတယ်။

၂) ဗီတာမင်ဘီ ပါဝင်သော အစာ မှီဝဲပါ

အခွံချွတ်မထားတဲ့ ဆန်လုံးညိုမှာ ဗီတာမင်ဘီ ပေါများစွာ ပါဝင်တာကြောင့် ဆံပင် အကျွတ်များနေသူတွေမှာ ဆံပင်ကျွတ်နှုန်း နှေးစေပြီး ဆံပင် ပြန်ပေါက်စေနိုင်ပါတယ်။ တခြား ဗီတာမင်ဘီ ပေါများစွာ ပါဝင်တဲ့ အစားအစာတွေက ပဲအမျိုးမျိုး၊ ပဲသီးစိမ်း၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ပဲပိစပ်၊ ပဲပုပ်ပဲ၊ အခွံမာသီးနဲ့ ဥအမျိုးမျိုးတို့ပဲ ဖြစ်ကြပါတယ်။

၃) ထောပတ်သီး စားပါ

ထောပတ်သီးနဲ့ ထောပတ်ဆီတွေက ဆံခြည်မျှင်အိတ်တွေ ထိခိုက်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎) တိရစ္ဆာန်ထွက်အဆီ မစားပါနှင့်

အနီရောင်အသားနဲ့ တိရစ္ဆာန်အဆီတွေက ဆံပင်သား ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒီအစာတွေကို စားရင် ဆံပင်သားကနေ DHT(dihydro-testosterone) ထုတ်လုပ်မှု များစေပြီး ဆံခြည်မျှင် အိတ်တွေကို ထိခိုက်စေနိုင်တာကြောင့် ဆံပင်ကျွတ်စေပါတယ်။ ဒါကြောင့် တိရစ္ဆာန်ထွက် အဆီတွေကို တတ်နိုင်သမျှ ရှောင်ပါ။

၅) လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်း လက်ဖက်ရည်ကို သောက်တာက ဦးရေပြားရှိ ဗောက်ဖြစ်စေတဲ့ မှိုတွေကို သေစေနိုင်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ဆံပင်ကျွတ်နှုန်းကိုလည်း နှေးစေတဲ့ အစွမ်းရှိတာကြောင့် နေ့စဉ်မှန်မှန် သောက်ပေးသင့်တာ ဖြစ်ပါတယ်။          


ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...