11 December, 2012

ကိုယ်ဝန်ရှိချိန်တွင် ဘာကြောင့် ခြေထောက် ကြီးလာရသလဲ


ကိုယ်ဝန်ရှိချိန်မှာ သင့်ဝမ်းဗိုက်ကသာ တဖြည်းဖြည်း ကျယ်ပြန့်လာတာ မဟုတ်ပါဘူး။ ခြေထောက်တွေ လည်း ကြီးလာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တဲ့ ဟော်မုန်းတွေက တင်ပဆုံရိုး အောက်ပိုင်း အဆစ်တွေနဲ့ တွယ်ဆက်မျှင်တွေကို လျော့သွားစေပြီး ခြေထောက်က တွယ်ဆက်မျှင်တွေကိုပါ အနား ရသွားစေပါတယ်။ အဲဒီအခါ အရိုးတွေက အနည်းငယ် အားနည်းသွားပါတယ်။ ဒါကြောင့် ကိုယ်အလေး ချိန်က တိုးလာလေလေ၊ ခြေထောက်တွေပေါ် ဖိအားက များလေလေ ဖြစ်လာပြီး ခြေထောက်တွေဆီ
သွေးရောက်ရှိမှု များလာကာ ခြေထောက်တွေ ကြီးလာရတာ ဖြစ်ပါတယ်။

ပျမ်းမျှအားဖြင့် ဖိနပ်စီးတဲ့အခါ အရင်စီးနေကျ နံပါတ်ထက် တစ်ဆိုက် မပြည့်တပြည့် တိုးနေတတ်ပါတယ်။ ခြေထောက်တွေက အရည်စုဆောင်းအား များတာကြောင့် ဖောင်းနေတာမျိုး လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးမွေးပြီး တစ်လလောက် အတွင်းမှာ အရည်စုဆောင်းမှု တဖြည်းဖြည်း လျော့သွားတာကြောင့် ပုံမှန်အတိုင်း ဖြစ်ပြီး အရင် စီးနေကြ ဖိနပ်ဆိုက်အတိုင်း စီးနိုင်ပါလိမ့်မယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...