13 December, 2012

အယ်လ်ကိုဟော ၏ ရေတိုနှင့် ရေရှည် ကျန်းမာရေး ဆိုးကျိုးများ


အယ်လ်ကိုဟော ရဲ့ ရေတို ဆိုးကျိုးတွေက သောက်သုံးတဲ့ ပမာဏပေါ်မူ တည်နေသလို လူတစ်ဦးနဲ့ တစ်ဦးရဲ့ ခံနိုင် ရည်အပေါ်မှာလည်း မူတည်ပြီး အပြောင်းအလဲရှိပါတယ်။ အယ်လ်ကိုဟောကြောင့် ဦးနှောက်မှာ အဓိက သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောကြောင့်ဖြစ်ပေါ်နိုင်တဲ့ ရေတိုထိခိုက်မူ တွေ ကတော့ -


- စကားပြောရင် ဗလုံးဗထွေးဖြစ်နေတာ၊
- ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်စွမ်း ဆုံးရှုံး တာ၊
- မတ်တတ်ရပ်တဲ့အခါ ဒါမှမဟုတ် လမ်းလျှောက်တဲ့အခါ ယိမ်းယိုင်နေတာ၊
- အာရုံစူးစိုက်နိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်စွမ်း ထိခိုက်တာ၊
- ပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိတာနဲ့
- အိပ်ပျော်သွားတာတို့ပဲ ဖြစ်ပါတယ်။ အယ်လ်ကိုဟော ပမာဏအနည်း ငယ်ဟာ သောက်သုံးသူတွေကို အနားရ စေပြီး စကားများများပြောတာနဲ့ ပြောရဲ ဆိုရဲရှိတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ပမာဏ များများသောက်မိရင် ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိတော့တာ၊ လှုပ်ရှား သွားလာရာမှာ ထိန်းချုပ်နိုင်စွမ်း မကောင်း တာနဲ့ ငြိမ်သက်သွားတာတွေ ဖြစ်တတ် ပါတယ်။

အယ်လ်ကိုဟောကို ကြာရှည်သောက် သုံးတာကြောင့် ရေရှည်ထိခိုက်မှု တွေလည်း ဖြစ်နိုင်ပါတယ်။ အစာကို ကောင်း ကောင်းမစားဘဲ အယ်လ်ကိုဟောကို အ လွန်အမင်းသောက်တာကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ထိခိုက်စေနိုင်ပါ တယ်။ အဓိက ထိခိုက်စေနိုင်တဲ့နေရာ တွေကတော့ အသည်းနဲ့ နာ့ဗ်ကြောစနစ် တို့ပဲ ဖြစ်ကြပါတယ်။ အသည်းဟာ အသည်းခြောက်တာလို အခြေအနေမျိုးဖြစ်တဲ့အထိ ထိခိုက် စေနိုင်ပြီး အသည်းပျက်စီးတာ၊ အသည်း ကင်ဆာနဲ့ သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ နာ့ဗ်ကြော စနစ်ဟာလည်း အဆင့်အမျိုးမျိုးနဲ့ ထိခိုက်မှုဖြစ်တတ်ပါတယ်။ ဦးနှောက်ထိခိုက်မှုကြောင့် ပူပင်သောက များတာ၊ စိတ်ဓာတ်ကျတာ၊ သတိမေ့တာ နဲ့ အသိစိတ်လွတ်တာတွေ ဖြစ်တတ်ပါတယ်။

အရက်သောက်တာကြောင့် Peripheral Nervous System ထိခိုက်ရင် ခန္ဓာကိုယ်ဟန်ချက်ပျက်တာ၊ ပန်းသေ တာ၊ လက်တွေခြေတွေထုံကျဉ်တာ၊ တုန် တာနဲ့ မျက်စိမမြင်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အရက်စွဲသူတွေဟာ ဆီးချိုသွေးချို ရောဂါ၊ ပန်ကရိယရောင်ရမ်းတာ၊ ခန္ဓာ ကိုယ်တွင်းသွေးထွက်တာ၊
နှလုံးအားနည်း တာ၊ သွေးတိုးတာနဲ့ လေဖြတ်တာတွေ လို နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေ လည်း ကြုံရတတ်ပါတယ်။

ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...