28 March, 2013

တစ်နေကုန် စွမ်းအင်အပြည့် ရှိနေစေရန် နံနက်ခင်းတွင် လုပ်ဆောင်သင့် သည့် လှည့်ကွက် ခြောက်မျိုး


အိပ်ရာ နိုးထကာစ နံနက်ခင်း အချိန်မှာ အားအင် အပြည့်နဲ့ လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင်ပေမယ့် ညနေခင်းအချိန်ရောက်တဲ့အခါ ပင်ပန်းနွမ်း နယ်နေသလို ဖြစ်တတ်ပါသလား။ နံနက်ခင်းကနေ ညနေဘက် အထိ တစ်နေ့လုံး စွမ်းအင်အပြည့်ရှိပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွနေစေဖို့ အောက်ပါ နည်းခြောက်မျိုးကို လိုက်နာကြည့်ပါ။


(၁) ဦးနှောက်နှင့် အစာအိမ်အားပြည့်စေရန်
ပရိုတင်းဓာတ် မှီဝဲပါ
ပရိုတင်းဓာတ် သင့်ဦးနှောက်နဲ့ အစာအိမ်ကို စိတ်ကျေနပ်မှုကောင်းကောင်း ရှိစေပြီး အာဟာရ ပြည့်ဝစေပါ တယ်။ နံနက်စာမှာ ပရိုတင်းဓာတ်မှီဝဲ ထားရင် အာလူးချောင်းကြော်လို သရေစာကို စားချင်စိတ်လျော့ နည်းနေတတ် ပါတယ်။ လတ်တလော လေ့လာမှုအရ နေ့စဉ် ပရိုတင်း ကောင်းကောင်းမှီဝဲ ထားသူတွေဟာ ပရိုတင်း ဓာတ်လုံ လောက်အောင် မမှီဝဲ ထားသူတွေထက် တစ်နေ့တာ ကယ်လိုရီရရှိမှု ၁၅ ရာခိုင်နှုန်း
အောက် လျော့နည်းတယ်လို့ သိရပါတယ်။ ကယ်လိုရီရရှိမှု ၁၅ ရာခိုင်နှုန်းပိုတာက တစ်လကြာရင် ကိုယ်အလေးချိန် နှစ်ပေါင်ကျော် တက်စေပါတယ်။ ဒါကြောင့် နံနက်စာအဖြစ် ကြက်ဥ၊ ဘဲဥပြုတ်နဲ့ ဒိန်ချဉ် တို့လို ပရိုတင်းပါဝင်မှု များတဲ့အစာကို စားပေးသင့်တာပါ။
(၂)  စိတ်ခံစားချက် ကောင်းမွန်စေရန်
ချောကလက် အနည်းငယ် စားပါ
အနက်ရောင် ချောကလက်လေးထောင့် တစ် ကွက်စာမှာ တစ်နေ့တာလုံး သင့်ကို နိုးကြားတက်ကြွ စေနိုင် တဲ့ သီအိုဘရိုမင်းပမာဏ ပါဝင်နေပါတယ်။ အင်တီအောက်ဆီးဒင့်လည်း အပြည့်အဝပါဝင်တာကြောင့် နှလုံး
ရောဂါထနိုင်ခြေကို လျော့ကျစေပြီးစိတ်ခံစားချက်ကိုလည်း ကောင်းမွန်နေစပါတယ်။ ဒါကြောင့် နေ့လယ် စာမစားခင် သရေစာအဖြစ်စားပါ။

(၃) ရောဂါ ကာကွယ်ဟန်တားနိုင်စေရန်
ဘလက်ကော်ဖီသောက်ပါ
လတ်တလောလေ့လာမှုကြီးတစ်ခုအရ ဘလက်ကော်ဖီ ဒါမှမဟုတ် နို့နည်းနည်းပဲပါတဲ့ ကော်ဖီကြမ်းကို
သောက်တာက ကယ်လိုရီလျော့ကျ စေတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများစွာနဲ့ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။ အဲဒါတွေကတော့ အရေပြားကင်ဆာဖြစ်နိုင်ခြေကို ၂၀ ရာခိုင် နှုန်း၊ လေဖြတ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းနဲ့ ဆီးကျိတ် ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို ၆၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုပါတယ်။

(၄) ခါးအတိုင်းအတာ ပုံမှန်ရှိစေရန်
စောစောထပြီး နေခြည်နုနု ခံယူပါ
တစ်ညလုံး မအိပ်ဘဲ ဇီးကွက်လို နေတာက ခါးအတိုင်းအတာ မကောင်းစေပါဘူးလို့ အိပ်စက်မှု ဆိုင်ရာ ကျွမ်းကျင်သူ မီရှဲလ်က ရှင်းပြထားပါတယ်။ညဥ့်နက်မှ အိပ်ရာဝင်ပြီး နောက်ကျမှ အိပ်ရာထသူ အများစုက နံနက်စာကို အဆင်သင့် သရေစာတွေ ပိုမိုစားဖြစ်ပြီး ကယ်လိုရီ ပိုမိုရရှိတတ်ပါတယ်။ ကိုယ် အလေးချိန် အတွက် အလွယ်ကူဆုံး သင်လုပ်နိုင်တာ က ညဘက်စောစော အိပ်ရာဝင်ပြီး နံနက်စောစောထကာ အိမ်ပြင် ထွက်ပြီး ကိုယ်လက်လှုပ်ရှားလုပ်ပေးဖို့ ဖြစ်ပါတယ်။

(၅) မျက်နှာကြွက်သားများ ပြေလျော့စေရန်
သစ်သီးစိတ် ဝါးပေးပါ
တစ်ညလုံး အိပ်စက် အနားယူ ထားတာကြောင့် တောင့်တင်းနေတဲ့ မျက်နြှွာကက်သားတွေ ပြေလျော့ပြီး
မေးရိုးရဲ့ လုပ်ဆောင်အားကောင်းစေဖို့ နံနက် စောစော အချိန်မှာ ပန်းသီးစိတ်၊ သစ်တော်သီးစိတ် တို့ကို ဝါးစားပေးပါ။ အမျှင်ဓာတ်ကိုလည်း ရရှိစေပါတယ်။

(၆) နှလုံးခန်နှုန်း ကောင်းမွန်စေရန်
အိပ်ရာသိမ်းပါ
အိပ်ရာနိုးတဲ့အခါ အကြောဆန့်တာ၊ ရေ သောက်တာတွေ လုပ်ပါ။ ပြီးရင် အိပ်ရာခင်းနဲ့ စောင်တွေကို ခါပြီး သေသေသပ်သပ် ခေါက်ပေးပါ။ ဒီလို လုပ်တာက နှလုံး အထက်ရှိ လက်မောင်းတွေ ကို လှုပ်ရှားမှု ဖြစ်
စေပြီး နှလုံးခုန်နှုန်းကောင်းမွန်စေ ကာ တစ်ကိုယ်လုံး ကို သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...