25 March, 2013

ကျန်းမာရေးကို ထိခိုက်စေသောလုပ်ငန်းခွင် အလေ့အထ ဆိုးများ



 လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှု ခံစားရတာကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်စေရုံသာမက နာမကျန်းမှုတွေ
လည်း ဖြစ်စေနိုင်ပါတယ်။  ဒါ့အပြင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင် အလေ့အထဆိုးတွေကို
သုတေသနတွေက လေ့လာ ဖော်ထုတ်ခဲ့ပါတယ်။



       ရှုပ်ပွနေသော စားပွဲ
လုပ်ငန်းခွင်မှာ ရှုပ်ပွနေတာက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပြီး တက်ကြွ လန်းဆန်းမှုကို လျော့ကျစေပါတယ်။
ရှုပ်ပွနေတဲ့ သင့်စားပွဲပေါ်က   ဖုန်း၊ ကွန်ပျူတာတွေကလည်း ပိုးမွှားတွေ ပေါက်ဖွားရာ အရင်းအမြစ်တွေ
ဖြစ်နေပါတယ်။ ဒါကြောင့် အလုပ်စားပွဲကို ဘက်တီးရီးယား သတ်နိုင်တဲ့ အဝတ်စတစ်စနဲ့ တစ်ပတ်တစ်ကြိမ်
သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ လုပ်ငန်းခွင် စားပွဲပေါ်မှာ ပစ္စည်းတွေကို နေသားတကျ သပ်သပ်ရပ်ရပ်
ထားရှိပေးပါ။

      ခန္ဓာကိုယ် အနေအထား မကောင်းခြင်း
အလုပ်လုပ်သူတွေက လုပ်ငန်းခွင်မှာ အချိန်ကုန်ဆုံးရတာ များပါတယ်။ ဒါကြောင့် ကျန်းမာရေး မထိခိုက်
စေဖို့ အလုပ်စားပွဲ ရှေ့မှာ ထိုင်တဲ့အခါ မတ်မတ်ထိုင်ပါ။ ခြေဖဝါးကို ကြမ်းပြင်ပေါ်မှာ ခြေချထားနိုင်အောင်
နဲ့ ဒူးတွေကို ၉၀ ဒီဂရီ ရှိနေအောင် ကုလားထိုင် အမြင့်ကို ချိန်ညှိပေးပါ။ ကွန်ပျူတာကီးဘုတ်ကို စာရိုက်တဲ့
အခါမှာလည်း  လက်တံတောင်က ထောင့်မှန်ပုံ ဖြစ်နေရပါမယ်။  အထိုင်များခြင်း အနေအထား မှန်မှန်နဲ့
ထိုင်ရင်တောင် အချိန်ကြာလာတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ထိုင်ချိန် ကြာလာတဲ့အခါ
သင့်ခန္ဓာကိုယ်နဲ့ စိတ်က လေးလံထိုင်းမှိုင်းလာပါတယ်။  ဒါကြောင့် တစ်နာရီကြာတိုင်း  တစ်ကြိမ်လမ်း
လျှောက်တာ၊ အကြောဆန့်တာတွေကို လုပ်ပေးပါ။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို သွေးလှည့်ပတ်မှု ကောင်း
စေပါတယ်။

       အတင်းအဖျင်း ပြောခြင်း
လုပ်ငန်းခွင်မှာ အတင်းအဖျင်း ပြောတာက လုပ်ငန်းကရမယ့် အကျိုးအမြတ်ကို လျော့ကျစေရုံသာမက
တိုးတက်မှုနဲ့ စိတ်ဓာတ်ခွန်အား တို့ကိုပါ လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ အတင်းအဖျင်း
ပြောတာကို ရှောင်ပါ။ လုပ်ဖော်ကိုင်ဖက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို သိရင် စိတ်
ထဲမှာပဲ ထားပါ။ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကိုပဲ ပြောပါ။

       ကျန်းမာရေးနှင့် မညီညွတ်သော သရေစာ စားခြင်း
နံနက်ခင်းနဲ့ ညနေခင်း သရေစာ စားပေးတာက စွမ်းအင်တိုးစေပြီး စိတ်ကို တက်ကြွနေစေပါတယ်။
နေ့လယ်စာနဲ့ ညစာကို အလွန်အမင်း မစားဖြစ်စေတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်ပါ
တယ်။ ဒါပေမဲ့ သကြားလုံး၊ အာလူးကြော်၊ ဆီကြော်စာစတဲ့ သရေစာတွေကို မစားသင့်ပါ။ သစ်သီးစိတ်
တွေနဲ့ အခွံမာတဲ့ အစေ့အဆန်တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတွေကို စားသင့်ပါတယ်။

      အလုပ်စားပွဲတွင် အစာ စားခြင်း
နေ့လယ်စာကို အလုပ်စားပွဲမှာပဲ စားတာက စိတ်ကို အနားပေးရာ မရောက်ပါဘူး။ နေ့လယ်စာ စားချိန်
ဆိုတာ နေ့ခင်းအချိန် အတွင်းမှာ အာဟာရပြည့်အောင် စားဖို့ရော စိတ်ကို အနားပေးဖို့အတွက်ပါ အချိန်
သတ်မှတ်ထားတာပါ။ ဒီအချိန်မှာ ထမင်းစားပွဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ စားတာက စိတ်ကို
အပြောင်းအလဲ ဖြစ်စေပါတယ်။

      ရေအစား ဆော်ဒါအချိုရည် သောက်ခြင်း
ရေသောက်တာက အလုပ်လုပ်နေချိန်မှာ လန်းဆန်းစေသလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေကို
မစားဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ သကြားပါတဲ့ ဆော်ဒါအချိုရည်ကိုတော့ မသောက်
ပါနဲ့။ နောက်ပိုင်းမှာ ပင်ပန်း နွမ်းနယ်တာကို ဖြစ်စေနိုင်လို့ပါ။ ရေသောက်တာ၊ ရေနွေးကြမ်းသောက်တာ
တွေကသာ ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

      အလုပ်ချိန် ကြာမြင့်ခြင်း
အလုပ်ကိစ္စ ပြီးမြောက်ဖို့အတွက် အချိန်အလုံအလောက်ပေးပြီး လုပ်သင့်တာ မှန်ပေမယ့် အချိန်အတိုင်း
အတာကို အကန့်အသတ်မရှိဘဲ လုပ်တာကတော့ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ လုပ်ငန်းခွင်နဲ့
ကိုယ်ပိုင်ဘဝကို ဟန်ချက်ညီညီ ထားတာက အလုပ်လုပ်နိုင်စွမ်း ပိုကောင်းစေပြီး စွမ်းအင်ရှိနေစေပါတယ်။

     ဇွန်ခိုင်ဦး (ဆေးဝါး တက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...