29 November, 2013

ကျန်းမာရေးအတွက် ချစ်ခြင်းမေတ္တာ၏ အသုံးဝင်ပုံများ


ချစ်ခြင်းမေတ္တာက ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှိပါတယ်။ ချစ်သူရဲ့ ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်း
မေတ္တာ၊ မိဘဆွေမျိုးတွေရဲ့ ချစ်ခြင်းမေတ္တာ၊ မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရဲ့ ချစ်ခြင်းမေတ္တာဆိုပြီး ပုံစံအမျိုးမျိုး ရှိတဲ့အနက် ချစ်ခြင်းမေတ္တာပုံစံအားလုံးဟာ သင့်ဘဝကို ပိုပြီးပျော်ရွှင်မှု ရရှိစေပြီး ပိုမိုကျန်းမာစေပါတယ်။



♥ သွေးတိုးကို ကျစေပါတယ် ♥


ချစ်ခြင်းမေတ္တာဟာ သွေးတိုးကို ကျစေပြီး စိတ်ဖိစီးမှုအဆင့်ကို လျော့ပါးစေပါတယ်။ ၂ဝဝ၇ လေ့လာမှုတစ် ခုအရပျော်ရွှင်တဲ့ လက်ထပ်ပြီး စုံတွဲတွေဟာလက်မထပ်ထားတဲ့ လူတွေထက် သွေးတိုးကို ကျစေပြီး မပျော် ရွှင်တဲ့ အိမ်ထောင်သည်စုံတွဲတွေက တခြားအိမ်ထောင်သည်စုံတွဲတွေထက် သွေးတိုးစေကြောင်း သိရပါ တယ်။ အိမ်ထောင်သည်တွေမှာသာမကတစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်ကြတဲ့ စုံတွဲတွေမှာလည်းအလားတူ အာနိသင် မျိုးရနိုင်ပါတယ်။ ၂ဝ၁ဝ လေ့လာမှုတစ်ရပ်အရ တစ်ဦးနဲ့ တစ်ဦးရင်းနှီးချစ်ခင်မှု အပြည့်ရှိတဲ့ ချစ် သူရီးစားတွေဟာ မရှိသူတွေထက် သွေးတိုးကျစေကြောင်း သိရပါတယ်။ လေ့လာမှုအရ အထီးကျန်ဆုံး လူ
တွေဟာ တခြားသူတွေနဲ့ ယှဉ်ရင် အပေါ်သွေးဖိအား ၁၄ ဒသမ ၄ မှတ် ပိုမိုမြင့်တက်နေကြောင်း သိရပါ တယ်။


♥ စိတ်ဓာတ်ကျဝေဒနာကို သက်သာစေပါတယ် ♥


စိတ်ဓာတ်ကျချင်သလိုလို ဖြစ်နေသူတွေရဲ့ စိတ်ကျဝေဒနာကို သက်သာစေတာကလည်း ချစ်ခြင်းမေတ္တာရဲ့ အစွမ်းပါပဲ။ လတ်တလောလေ့လာမှုတစ်ရပ်အရ မကြာသေးခင်က လက်ထပ်ထားတဲ့ အိမ်ထောင်သည်တွေ မှာ တစ်ကိုယ်တည်း နေထိုင်သူတွေထက် စိတ်ဓာတ်ကျမှုအဆင့် လျော့နည်းကြောင်း တွေ့ရှိရပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေထိုင်တဲ့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်နိုင်ခြေ လျော့နည်းတတ်
ပါတယ်။


♥ ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါတယ် ♥


ပျော်ရွှင်တဲ့ စုံတွဲတွေဟာ ချစ်ခြင်းမေတ္တာမရှိတဲ့ စုံတွဲတွေထက် ဆရာဝန်ထံသွားပြနှုန်း လျော့နည်းပါတယ်။ ဝိုက်ခ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရတစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ် Sex ရှိတဲ့စုံတွဲတွေမှာနာမကျန်း မှုကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်း IgA အဆင့်မြင့်တက်မှုရှိပြီး ကျန်းမာရေးကောင်းမွန်တာကို တွေ့ရှိရပါ တယ်။ ချစ်တဲ့သူတွေကို နမ်းတာ၊ ပွေ့ဖက်တာတွေကြောင့် ထွက်လာတဲ့ အောက်ဆီတိုစင်ဟော်မုန်းဟာ စိတ်ဖိစီးမှုဟော်မုန်းကို ချိုးနှိမ်လိုက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါတယ်။

ပုံမှန် Sex ရှိတာကြောင့်သာမကချစ်သူခင်သူအချင်းချင်း ရင်းရင်းနှီးနှီးပွေ့ဖက်တာကြောင့်လည်း ကိုယ်ခံ စွမ်းအားစနစ် မြင့်တက်မှုရှိပါတယ်။ ဒါကြောင့်သင်ချစ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မကြာခဏ ချိန်းဆို
ပြီး ပျော်ရွှင်ကြည်နူးစွာ အချိန်ကုန်ဆုံးလိုက်ပါ။


♥ သက်ရှည်ကျန်းမာစေပါတယ် ♥


ယေဘုယျအားဖြင့် လက်ထပ်ထားတဲ့ စုံတွဲတွေဟာ လက်မထပ်ထားသူတွေထက် ဘဝသက်တမ်း ပိုရှည်ရှည်နေရတယ်လို့ နိုင်ငံတကာ အသက်ရှင်နှုန်းလေ့လာမှုတစ်ရပ်အရ သိရပါတယ်။ လက်ထပ်ထားတဲ့ အမျိုးသားတွေဟာနှလုံးရောဂါထနိုင်ခြေ ထက်ဝက်နီးပါးလျော့နည်းပါတယ်။ တချို့လေ့လာမှုတွေအရ အိမ်ထောင်သည် အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရော ဂါနဲ့အဆုတ်ရောဂါတို့လို ပြင်းထန်တဲ့ ရောဂါဝေဒနာ ဖြစ်နှုန်းကို သိသိသာသာ လျော့ကျစေတယ်လို့ သိရပါတယ်။


♥ ကိုယ်ခန္ဓာအချိုးအစား လှပကြည့်ကောင်းစေပါတယ် ♥


အိမ်ထောင်သည်တွေမှာ Sex ကြောင့် မိနစ် ၃ဝ ကြာတိုင်း ၈၅ကယ်လိုရီနဲ့ အထက် လောင်ကျွမ်းမှုရှိတယ် လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါ့အပြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ
စေပြီး နာကျင်ကိုက်ခဲမှု ဝေဒနာကို လျော့ပါးစေကာအမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ် နိုင်ခြေကို
လျှော့ချနိုင်ကြောင်း ဟားဗတ်လေ့လာမှုအရ သိရပါတယ်။ 


★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...