29 November, 2013

နှလုံးကျန်းမာစေရန် အသက် ၂၀ အရွယ်ကတည်းက ကာကွယ်ပါ

 

♦ ဆေးလိပ်သောက်သူများနှင့် ဝေးဝေးမှာနေပါ ♦


ဒီအရွယ်က အပေါင်းအသင်းမင်တဲ့ အရွယ်ဖြစ်သလို အပေါင်းအသင်းတွေထဲမှာလည်း ဆေးလိပ်သောက် သူက ခပ်များများ ဖြစ်နေတတ်ပါတယ်။ ဆေးလိပ်သောက်တာက နှလုံးရောဂါနဲ့ နံပါတ်တစ် ရန်သူဖြစ်ပါ တယ်။ စီးကရက်နည်းနည်းသောက်ရုံနဲ့တင် နှလုံးကျန်းမာရေး ထိခိုက်တတ်ပါတယ်။ မွန်ထရီရယ်ရှိ မက်ဂီး တက္ကသိုလ်မှ လေ့လာမှုအသစ်အရ တစ်နေ့မှာ စီးကရက် တစ်လိပ်သောက်ရုံနဲ့ သွေးကြောတွေကိုမာကျော သွားစေတယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်တာကြောင့်အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းထွက် ရှိမှု လျော့နည်းကာ သွေးမဆုံးခင် နှလုံးရောဂါထနိုင်ခြေရှိပါတယ်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

♦ ပဋိသန္ဓေတားနည်းကို သတိထားပါ ♦


ဟော်မုန်းပါတဲ့ ပဋိသန္ဓတားဆေးတွေကို အနည်းငယ်သောက်ရုံနဲ့တင် သွေးခဲနိုင်ခြေကို မြင့်တက်စေနိုင်ပါ တယ်။ ဒါကြောင့် ကလေးမယူချင်သေးဘူးဆိုရင် သင့်တော်တဲ့ ပဋိုသန္ဓေတားနည်းကို ဆရာဝန်နဲ့ တိုင်ပင် ဆုံးဖြတ်ပါ။ အထူးသဖြင့် ဆေးလိပ်သောက်သူဆိုရင် ပဋိသန္ဓေတားသောက်ဆေးတွေကို မမှီဝဲသင့်ပါဘူး။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

♦ အယ်လ်ကိုဟော သောက်သုံးမူကို ဆင်ခြင်ပါ ♦


အယ်လ်ကိုဟောကို အသင့်အတင့် သောက်တာကြောင့်နှလုံးမှာ ကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေ
နိုင်ပါတယ်။ အယ်လ်ကိုဟော အသင့်အတင့်ဆိုတာ အမျိုးမသီးတွေမှာ တစ်နေ့တစ်ပက်၊ အမျိုးသားတွေမှာ တစ်နေ့ နှစ်ပက်သောက်တာကိုဆိုလိုတာပါ။ ဒီထက် ပမာဏလွန်ကဲပြီး သောက်ရင် သွေးတွင်း ထရိုင်ဂလစ် စရိုက်ပမာဏကို မြင့်တက်စေပြီး သွေးတိုးကာ ကိုယ်အလေးချိန်ကို တိုးစေနိုင်ပါတယ်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠


★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...