29 November, 2013

အသက်လေးလမတိုင်မီနှင့် ခြောက်လကျော်ချိန်တွင်မှ - ဖြည့်စွက်စာစတင်ကျွေးသည့် ကလေးများ အမျိုးအစား(၁) ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်မား



 
ကလေးငယ်များကို ဖြည့်စွက်စာ စောစီးစွာစတင်ကျွေးခြင်း နှင့် နောက်ကျမှ ကျွေးခြင်းတို့သည် ကိုယ်ခံအား စနစ်တွင် ပါဝင်သောဆဲလ်များ ဖောက်ပြန်မှုကြောင့် ကိုယ်တွင်းစနစ် များကို ပြန်တိုက်ဖျက်သောဝေဒနာ  (Autoimmune Disease) ဖြစ်နိုင်ခြေမြင့်မားကြောင်းသိရသည်။





အသက် လေးလမတိုင်ခင် မိခင်နို့ဖြတ်ပြီး ဖြည့်စွက်စာစကျွေးလျှင် အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်နိုင်
ခြေနှစ်ဆမြင့်မားကြောင်းနှင့် ခြောက်လနှင့်အထက်မှ ဖြည့်စွက်စာ စကျွေးလျှင်ရောဂါဖြစ်နိုင်ခြေ သုံးဆမြင့် မားကြောင်းသိရသည်။

ကလေးအသက် လေးလနှင့်ငါးလကြားအရွယ်ကို ဖြည့်စွက်စာ စတင်ကျွေးသင့်သော အန္တရာယ် ကင်းသည့် ကာလဟု သတ်မှတ်ထားကြောင်း သိပ္ပံပညာရှင်တို့က ဆိုသည်။

ခန္ဓာကိုယ်၏ ခုခံအားစနစ်က အင်ဆူလင်ထုတ်သည့် ပန်ကရိယရှိ ဆဲလ်များကို တိုက်ခိုက်သောအခါ အမျိုး အစား(၁) ဆီးချိုရောဂါ ဖြစ်လာသည်။ ယူကေတွင် အမျိုးအစား (၁) ဆီးချိုရောဂါရှိသူ သုံးသိန်းနီးပါးရှိ
ကြောင်းနှင့် ဖြစ်နှုန်းမြင့်တက်လာခြင်းကို ကျွမ်းကျင်သူတို့က မရှင်းပြနိုင်ခဲ့ပေ။

ကော်လိုရာဒိုမှ သိပ္ပံပညာ ရှင်တို့က မွေးကင်းစကလေးငယ် နှစ်ထောင်နီးပါးအား သူတို့ အစားအသောက် အသေးစိတ်ကို မှတ်တမ်းတင်လေ့လာခဲ့ရာ အသက်လေးလမတိုင်မီ စောစောမိခင်နို့ဖြတ်ပြီး ဖြည့်စွက်စာ
ကျွေးခြင်းဖြင့် အမျိုးအစား (၁) ဆီးချိုးရောဂါဖြစ်နိုင်ခြေကို နှစ်ဆမြင့်တက်စေကြောင်း၊ အသက်ခြောက်လ နှင့်နောက်ပိုင်းကာလမှသာ ဖြည့်စွက်စာကျွေးလျှင်လည်း ရောဂါဖြစ်နိုင်ခြေကို သုံးဆမြင့်တက်စေကြောင်း သိရသည်။

ZKO

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...