29 November, 2013

တက်စတိုစတီရုန်းအကြောင်း အံ့အားသင့်ဖွယ်အချက်များ


သွေးနီဥထုတ်လုပ်မှုနဲ့ အရိုးသိပ်သည်းဆကောင်းမွန်တာတို့ အပါအဝင်တက်စတိုစတီရုန်း ပါဝင်လုပ်ဆောင်
ပေးနိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ တက်စတိုစတီရုန်းရဲ့ အံ့အားသင့်ဖွယ်အကောင်းဆုံးအချက်တွေ ရှိပါတယ်။


တက်စတိုစတီရုန်းဆိုသည်မှာ

တက်စတိုစတီရုန်းဆိုတဲ့ စကားလုံးကို တွေ့လိုက်တာနဲ့ သင့်စိတ်ထဲမှာကြွက်သားစိုင်တွေနဲ့ ကာယ ဗလ
မောင် တွေကို ပြေးမြင်နေပါသလား။ တက်စတိုစတီရုန်းဟာကြွက်သားထုထည် ကောင်းမွန်အောင်တည်
ဆောက်ပေးနိုင်ရုံသာမက ရဲရင့်တဲ့ အပြုအမူတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

အမျိုးသားတို့အတွက်သာမဟုတ်

တက်စတိုစတီရုန်းဟာ အမျိုးသားတွေမှာပဲ ရှိတာမဟုတ်ပါဘူး၊ အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ ကျန်း မာပြီးငယ်ရွယ်တဲ့ အမျိုးသမီးတစ်ဦးဟာတစ်နေ့မှာ တက်စတိုစတီရုန်း ၃ဝဝ မိုက်ခရိုဂရမ် ထွက်ရှိပါတယ်။ တက်စတိုစတီရုန်းဟာ လိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးပါရုံသာမကစိတ်ဆန္ဒ၊ လိင်စိတ်နဲ့ စိတ်
ကျေနပ်မှုတွေကိုလည်း လှုံ့ဆော်မှုပေးနိုင်ပါတယ်။ တက်စတိုစတီရုန်းဟာ အမျိုးသမီးတွေကို အရိုးသိပ် သည်းဆ၊ ကြွက်သားထုထည်နဲ့ စွမ်းအင်အဆင့် ကောင်းမွန်အောင်ထိန်းပေးနိုင်ပါတယ်။ တက်စတိုစတီရုန်း အဆင့်လျော့နည်းတဲ့ အမျိုးသမီးတွေဟာလိင်စိတ် လျော့နည်းတာ၊ တာရှည်နုံးချည့်ညောင်းညာတာနဲ့ စိတ် ခံစားမှု လျော့ကျတာတို့ ဖြစ်တတ်ပါတယ်။


တက်စတိုစတီရုန်းအဆင့်လျော့ကျလျှင်

တက်စတိုစတီရုန်းအဆင့် လျော့နည်းတာဟာ အမျိုးသားတွေအတွက် ပြဿနာပါ။ အမျိုးသား ငါးသန်းမှာ တက်စတိုစတီရုန်းအဆင့် လျော့နည်းနေတယ်လို့ နိုင်ငံတကာ ကျန်းမာရေးတက္ကသိုလ်အရ သိရပါတယ်။ တက်စတိုစတီရုန်းအဆင့် လျော့နည်းတယ်ဆိုတာ ၃ဝဝ ng/dL ထက် လျော့နည်းတာကို ဆိုလိုပါတယ်။
အမျိုးသားတွေက အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်းတက်စတိုစတီရုန်း ထုတ်လုပ် မှု လျော့နည်းလာပါတယ်။ တချို့ရောဂါတွေ၊ဆေးကုသမှု၊ မျိုးရိုးဗီဇနဲ့ ဘဝနေထိုင်စားသောက်မှုပုံစံတွေဟာ တက်စတိုစတီရုန်းအဆင့်အပေါ် သက်ရောက်မှုရှိစေတဲ့ အချက်တွေပါ။ တက်စတိုစတီရုန်းအဆင့် လျော့ နည်းနေတဲ့ အမျိုးသားတွေဟာ လိင်စိတ်လျော့နည်းတာ၊ ပန်းသေပန်းညှိုးဖြစ်တာ၊ အရိုးကြွပ်ဆတ်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

တက်စတိုစတီရုန်းနှင့်ဆီးချိုရောဂါ

အမေရိကန်ဆီးချိုရောဂါအဖွဲ့အစည်းအရ အမျိုးအစား(၂) ဆီးချိုရောဂါရှိတဲ့ အမျိုးသားတွေဟာ ဆီးချိုရောဂါ မရှိသူတွေထက် တက်စတိုစတီရုန်းအဆင့် လျော့ကျမှု ခံစားရနိုင်ခြေ နှစ်ဆပိုများကြောင်း သိရပါတယ်။ တက်စတိုစတီရုန်းအဆင့် လျော့နည်းတာက အင်ဆူလင် Resistance နဲ့ ဆက်စပ်နေပြီးခန္ဓာကိုယ်က အင် ဆူလင်ကို ထိထိရောက်ရောက်အသုံးပြုနိုင်ခြေလျော့နည်းစေပါတယ်။ အဲဒီအခါ သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်ပမာဏ မြင့်တက်နေပြီး ဆီးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။

တက်စတိုစတီရုန်း၏အသုံးဝင်မှုများ

တက်စတိုစတီရုန်းဟာ ကြွက်သားသန်စွမ်းစေပြီး လိင်ဆန္ဒ ကောင်းမွန်စေတဲ့အပြင် သွေးနီဥထုတ်လုပ်မှုကို
လည်းကောင်းမွန်စေပါတယ်။ တက်စတိုစတီရုန်းအဆင့် လျော့နည်းနေရင်သွေးနီဥ ထုတ်လုပ်မှုလျော့ကျ
စေပြီးစွမ်းအင်အဆင့်ကို သိသိသာသာ လျော့နည်းစေပါတယ်။


တက်စတိုစတီရုန်းနှင့်အရိုးသိပ်သည်းဆ

တက်စတိုစတီရုန်းဟာ အရိုးသိပ်သည်းဆကိုလည်း ကောင်းမွန်စေပါတယ်။ တက်စတိုစတီရုန်းအဆင့်
လျော့ကျမှုရှိရင် အရိုးတွေကပိုပြီး ကျိုးလွယ်လာပါတယ်။

စိတ်ကျန်းမာရေးနှင့်တက်စတိုစတီရုန်း

တက်စတိုစတီရုန်းဟာ စိတ်ကျန်းမာရေးအတွက် အရေးပါပြီး စွမ်းအင်အဆင့်နဲ့ စိတ်ခံစားမှုကို ကောင်းမွန်
စေပါတယ်။ တက်စတိုစတီရုန်းအဆင့် လျော့နည်းနေသူတွေမှာ စိတ်ဓာတ်ကျတာ၊စွမ်းအင်လျော့နည်းတာနဲ့ စိတ်ခံစားမှုကျဆင်းတာတို့ ဖြစ်တတ်ပါတယ်။ တက်စတိုစတီရုန်းအဆင့် လျော့နည်းနေသူတွေမှာဖြည့်စွက်
ဆေးပေးရင် ဒေါသကြီးတာ၊ဝမ်းနည်းမှုနဲ့ နုံးချည့်ညောင်းညာမှုတို့ကိုသက်သာစေပြီး စွမ်းအင်တိုးစေပါတယ်။

 ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...