03 September, 2013

အမျိုးသားတို့ လိင်ဆန္ဒကိုထိခိုက်စေနိုင်သည့် အကြောင်းများ

အမျိုးသားတွေရဲ့ လိင်ဆန္ဒကိုထိခိုက်စေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဘဝနေထိုင် စားသောက်မှု ပုံစံတွေ ရှိပါတယ်။ အဲဒါတွေကတော့ ဆေးလိပ်သောက်တာ၊ အရက်ကို အလွန်အမင်းသောက်တာ၊ စိတ်ဖိစီးမှုများ တာစတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင်အမျိုးသားတွေရဲ့ လိင်ဆန္ဒ ထိခိုက်စေနိုင်တဲ့ ဆေးတွေအကြောင်း ကိုလည်းဖော်ပြပေးလိုက်ပါတယ်။



ကင်ဆာကုဆေးဝါးများ


Tamoxifen လို ကင်ဆာကုဆေးဝါး၊ ကင်ဆာဆေးသွင်းကုသမှုနဲ့ ဓာတ်ရောင်ခြည်ပေးတဲ့ ကုထုံးစတာတွေ ကိုခံယူတာကြောင့် အမျိုးသားတွေမှာလိင်စိတ်ကို လျော့နည်းစေပါတယ်။


သွေးပေါင်ကျဆေးများ


သွေးပေါင်ကျဆေးတွေဟာ ကိုယ်တွင်းသွေးလှည့်ပတ်စီးဆင်းမှုကို နှေးကွေးစေတဲ့အတွက်နှလုံးနဲ့ ဦးနှောက် ထံသွေးရောက်ရှိမှု လျော့နည်းပြီး လိင်အင်္ဂါတွေဆီကို သွေးရောက်ရှိမှု လျော့ကျစေပါတယ်။ အဲဒီအခါ ပန်း
သေပန်းညှိုးရောဂါဖြစ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ ဆီးဆေးတွေနဲ့ ဘီတာဘလော်ကာဆေးတွေပဲ ဖြစ် တယ်လို့ နိုင်ငံတကာဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ အရင်ဆုံး မတိုင်ပင်ဘဲ ဆေးဝါးတွေကို ဘယ်တော့မှ မမှီဝဲပါနဲ့။



အချို့သောအကိုက်အခဲ ပျောက်ဆေးများ


ကိုဒင်းနဲ့ မော်ဖင်းတို့လို အကိုက်အခဲ ပျောက်ဆေးတွေက ဦးနှောက်ရဲ့ဟိုက်ပိုသားလမတ်စ် လုပ်ဆောင်မှု ကိုဖိနှိပ်ထားနိုင်ပြီး ဟော်မုန်းအဆင့်ကိုထိန်းချုပ်နိုင်ပါတယ်။ ဒါက ပီကျူထရီဂလင်းကနေ လိင်ဆန္ဒချိုးနှိမ်တဲ့
ဟော်မုန်းထွက်ရှိမှုကို တိုးမြင့်စေတာကြောင့်လိင်စိတ်ကို လျော့နည်းစေတာ ဖြစ်ပါတယ်။ ဟော်မုန်းဗေဒ နဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ opioid အနွှယ်ဝင် အကိုက်အခဲပျောက်ဆေးမှီဝဲတဲ့ အမျိုးသား ၉၅ ရာခိုင်နှုန်းနီးပါးနဲ့ အမျိုးသမီး ၆၈ ရာခိုင်နှုန်းနီးပါးဟာ လိင်ဆန္ဒလျော့ကျမှုရှိကြောင်း သိရပါ တယ်။


ဆီးကျိတ်ကင်ဆာ ကုသဆေးများ


ဆီးကျိတ်ကင်ဆာဟာ ကျားဟော်မုန်း တက်စတိုစတီရုန်းကြောင့် ဖြစ်နိုင်တယ်လို့ထင်ကြပါတယ်။ အန်ဒရို ဂျင်ဟော်မုန်းကို ဟန့်တားတဲ့ ကုထုံးဟာ ဒီဟော်မုန်းအဆင့်ကိုလျော့ကျစေပါတယ်။ တက်စတိုစတီရုန်းဟာ အမျိုးသားတွေမှာ လိင်စိတ်ဖြစ်ပေါ်စေတဲ့ အဓိကဟော်မုန်းဖြစ်တာကြောင့် ဒီဟော်မုန်းဟန့်တားတဲ့ ဆေး
တွေက လိင်စိတ်ကိုထိခိုက်စေတာ ဖြစ်ပါတယ်။


စိတ်ကျရောဂါ ကုသဆေးများ


စိတ်ကျရောဂါကုသဆေး ( SSRI - Selective Serotonin Reuptake Inhibitors) တွေဟာ လိင်စိတ်ဆုံးရှုံး မှုနဲ့သုက်လွှတ်ရာမှာ ကြန့်ကြာမှုတို့နဲ့ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။ စိတ်ကျကုသဆေးတွေမှာဒီဘေး ထွက်ဆိုးကျိုးတွေ ဘာကြောင့်ရှိသလဲ ဆိုတာဆရာဝန်တွေက မသေချာသေးပေမယ့် လိင်စိတ်လျော့နည်း
စေတဲ့ ဒြပ်ပေါင်းတွေထွက်ရှိအောင် လှုံ့ဆော်ပေးတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

 

ဆံပင်ကျွတ်ခြင်းအတွက် ကုသဆေးများ


၂ဝ၁၁ လေ့လာမှုတစ်ရပ်အရဆံပင်ကျွတ်တာကို ကုသတဲ့ဆေး Finasteride ဟာ အမျိုးသားတွေမှာ လိင်
စိတ်လျော့နည်းမှုကို ကြာရှည်ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ အဲဒီဆေးဟာအမျိုးသားတွေရဲ့ စိတ်ခံစားမှုနဲ့ တခြားခန္ဓာကိုယ် လုပ်ငန်းဆောင်တာတို့ကို ထိခိုက်စေတဲ့ နျူရိုထရန်စမစ်တာဓာတ်အဆင့်ကို အပြောင်း အလဲ ဖြစ်စေတာကြောင့်ပါ။


ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...