03 September, 2013

ဗိုက်အဆီလျော့ကျစေရန်

ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီပိုတွေ စုနေတဲ့အခါ အလှပျက်ရပါတယ်။ အဆီပိုတွေ စုနေတဲ့ ဗိုက်ကြောင့် အ ၀တ်အစား ၀တ်ရင်လည်း ချပ်ချပ်ရပ်ရပ် မရှိတော့ပါဘူး။ အလှလည်းပျက်၊ ကျန်းမာရေးကိုလည်းထိခိုက်စေ တဲ့  ၀မ်းဗိုက်အဆီတွေ လျော့ကျစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။


(၁) ခပ်သွက်သွက် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာတို့လို စွမ်းအားမြင့် လေ့ကျင့်ခန်းတွေကို တစ်နေ့ အနည်းဆုံး မိနစ် ၃၀ နဲ့ တစ်ပတ်မှာ လေးရက်ခန့် ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းတွေက ကယ်လိုရီ ကို လောင်ကျွမ်းစေရုံသာမက ကြွက်သားထုထည်ကို တည်ဆောက်ပေးနိုင်ပြီး အဆီတွေကို လျော့ပါးစေနိုင် ပါတယ်။

(၂) ယောဂနဲ့ တရားထိုင်တာလို သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်တာကြောင့် အဆီကျစေနိုင်ပါ တယ်။

(၃) သင့်တော်တဲ့ အာဟာရတွေကို ရွေးချယ်ပြီး စားသုံးတဲ့ ကယ်လိုရီတွေကို ရေတွက်ပါ။ အထူးသဖြင့် သဘာဝအစားသောက်အများစုကို စားပေးရင် အဆီတွေကို လောင်ကျွမ်းစေပြီး ကယ်လိုရီ ဆုံးရှုံးမှုမြင့်မား
စေပါတယ်။

(၄) ဆား၊ သကြား၊ အဆီများတဲ့ အစာ၊ အချိုစာ၊ ချောကလက်၊ ဆော်ဒါအချိုရည်၊ အဆင်သင့်အစာစတာ
တွေနဲ့ ဝေးဝေးမှာနေပါ။

(၅) အစာကို များများစားမည့်အစား အချိန် ၃-၄ နာရီခြားပြီး အစာနည်းနည်းစီစားပေးပါ။

(၆) တစ်နေ့ရေ အနည်းဆုံး ၈-၁၀ ခွက်သောက်ပါ။

(၇) စိတ်ဖိစီးမှုကင်းအောင်နေပါ။ စိတ်ဖိစီးမှုဟာ ကိုယ်အလေးချိန် မြင့်တက်စေတဲ့ အချက်တစ်ခုဖြစ်ပါ တယ်။ စိတ်နဲ့ ခန္ဓာကိုယ်ကို လန်းဆန်းစေမယ့် လေ့ကျင့်ခန်းတွေလုပ်ပြီး စိတ်ဖိစီးမှု လျှော့ချပါ။

(၈) အင်တီအောက်ဆီးဒင့်ပါတဲ့ အားဖြည့်ဆေးတွေဟာ ကိုယ်တွင်း ရောင်ရမ်းမှုဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်
တွေကို ကင်းစင်စေပါတယ်။

(၉) ညဘက်မှာ အနည်းဆုံး ရှစ်နာရီခန့် အိပ်စက်အနားယူပါ။ အိပ်ရေး၀၀ အိပ်စက်တာဟာ စိတ်ဖိစီးမှု သက်သာစေပြီး စိတ်နဲ့ ခန္ဓာကို လန်းဆန်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတာကြောင့် ခန္ဓာကိုယ် ကနေ ကြီးထွားဟော်မုန်းထွက်ရှိပြီး ခန္ဓာကိုယ်ရဲ့ အနာကျက်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။

(၁၀) အမြဲတမ်း ခပ်မတ်မတ်ထိုင်ပါ။ မတ်မတ်ရပ်ပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...