03 September, 2013

နှုတ်ခမ်းနီ ဝယ်ယူမည်ဆိုလျှင်





နှုတ်ခမ်းနီ ဝယ်ယူတော့မယ်ဆိုရင်ပါဝင်ပစ္စည်းတွေကို အရင်ဆုံး ဖတ် ရှုလေ့လာသင့်ပါတယ်။ သင်အနှစ် သက်ဆုံး နှုတ်ခမ်းနီအမျိုးအစား ထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတချို့ဟာ အကောင်းထက် အဆိုးကိုပိုပြီး
ဖြစ်စေ နိုင်ပါတယ်။







ရှောင်သင့်သော ပါဝင်ပစ္စည်းများ


♦ ဆလီးဆလစ်အက်စစ်(Salicylic Acid)

နှုတ်ခမ်းဆိုးဆေးထဲမှာ ဝက်ခြံဟန့်တားတဲ့ ပါဝင်ပစ္စည်းပါနေတာ အံ့အားသင့်စရာပါ။ အလှကုန်ပစ္စည်း အ များစုမှာပါတဲ့ ဆလီးဆလစ်အက်စစ်ဟာအရေပြားခြောက်သွေ့မှုကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နှုတ် ခမ်းဆိုးဆေးထဲမှာ ဆလီးဆလစ်အက်စစ် ပါဝင်ရင်မသုံးပါနဲ့။
 

♦ ကမ်ဖာ၊ မန်သော်နှင့် ဖီနော (Camphor, Menthol and Phenol)

ဒီပါဝင်ပစ္စည်းတွေမှာ အရေပြားအေးမြစေတဲ့ ခံစားချက်နဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်စေတဲ့ ခံစားချက်တို့ ပါဝင်နေပါ တယ်။ ဒါ့အပြင် အရေပြားရဲ့ အကာအကွယ်အလွှာကိုလည်း ကွာကျစေပါတယ်။ အရေပြားရဲ့ အပေါ်ယံ အ လွှာတွေကို ဖယ်ရှားလိုက်ရင် ပတ်ဝန်းကျင်ကြောင့် ထိခိုက်မှု ပိုဖြစ်လွယ်စေပါတယ်။


♦ ပါရာဘန် (Parabens)

ပါရာဘန်တွေဟာ တာရှည်ခံအောင် ထည့်သွင်းရတဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် အလှကုန်တွေကိုနှစ်ပေါင်း များစွာ ဘက်တီးရီးယားကင်းစင်စေပါတယ်။ လေ့လာမှုအရဒီပါဝင်ပစ္စည်းတွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အတွက် ပါရာဘန်မပါတဲ့ အမျိုးအစားကို ရွေးချယ်ပါ။

 • • • • • • • • • •

သတိပြုကြည့်ရှုသင့်သောပါဝင်ပစ္စည်းများ


♦ လာနိုလင် (Lanolin)

လာနိုလင်ဟာ နှုတ်ခမ်းတွေကို ပတ်ဝန်းကျင်ဒဏ်ကနေ ကာကွယ်ပေးပြီး နှုတ်ခမ်းသားကိုစိုပြည်စေပါတယ်။


♦ ပျားဖယောင်း (Beeswax)

ပျားဖယာင်းဟာ နှုတ်ခမ်းသားကို ခြောက်သွေ့မှု မဖြစ်စေဘဲ ရေဓာတ်ရှိနေစေပြီးသဘာဝ ဘက်တီးရီးယား ဆန့်ကျင်တဲ့ဂုဏ်သတ္တိရှိပါတယ်။


♦ Shea Butter နှင့် Cocoa Butter  

 ဒီပါဝင်ပစ္စည်းတွေက အစွမ်းထက်ဆုံး အစိုဓာတ်ထိန်းပစ္စည်းတွေ ဖြစ်တဲ့အတွက် နှုတ်ခမ်းသားကို ချောမွေ့
တောက်ပြောင်စေပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...