လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အမျိုးသားတွေ အမြဲကျန်းမာရေးကောင်းမွန်စေဖို့ လိုက်နာသင့်တဲ့အချက်
တွေ ရှိပါတယ်။
(၁) လက်ကို စက္ကန့် ၂၀ ကြာ ဆေးကြောသန့်စင်ပါ
အမျိုးသားအများစုက တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လက်သန့်ရှင်းရေးမှာ အမျိုးသမီးတွေထက်လျော့နည်း တတ်ပါတယ်။ အကောင်းဆုံးက လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးပေးဖို့ပါ။ ချောင်းဆိုး တာ၊ နှာချေတာတို့ကို လက်နဲ့ အုပ်မိရင်လက်ကို ဆေးကြောပေးသင့်ပါတယ်။(၂) နှာခေါင်း၊ ပါးစပ်နှင့် မျက်စိထိတွေ့မှုကို ရှောင်ပါ
လက်မှာ ကပ်ငြိနေတဲ့ပိုးတွေက သင့်အနေနဲ့နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိတို့ကို ကိုင်တွယ်ပြီးတဲ့အခါ ပျံ့နှံ့ သွားတတ်ပါတယ်။(၃) ချောင်းဆိုး၊ နှာချေသည့်အခါ အုပ်ထားပါ
ချောင်းဆိုး၊ နှာချေတဲ့အခါ တစ်သျှူးနဲ့ အုပ်ပေးပါ။ တစ်သျှူးကို အမှိုက်ပုံးထဲ ပစ်ဖို့လိုပါတယ်။(၄) အများသုံး ပစ္စည်းများကို သန့်စင်ပြီးမှကိုင်တွယ်ပါ
တယ်လီဖုန်း၊ ကွန်ပျူတာကီးဘုတ်၊ တံခါးလက်ကိုင်တွေလို အများသုံးပစ္စည်းတွေကို သန့်စင်ပြီးမှကိုင် တွယ်ပါ။(၅) လုပ်ဖော်ကိုင်ဖက်တို့၏ အသုံးအဆောင်များကို မသုံးပါနှင့်
လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖုန်း၊ စားပွဲခုံနဲ့ အခြားအသုံးအဆောင်တွေကို တတ်နိုင်သမျှ ထိတွေ့မှု မလုပ်ပါနဲ့။(၆) တုပ်ကွေးကို မဖြန့်ဝေပါနှင့်
သင့်မှာ တုပ်ကွေးဖြစ်နေရင် အိမ်မှာနားနေပါ။ တုပ်ကွေးလက္ခဏာတွေက ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာရည်ကျတာ၊ နှာခေါင်းပိတ်တာ၊ တစ်ကိုယ်လုံးကိုက်ခဲနာကျင်တာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာ၊ မောပန်းနွမ်းနယ်တာနဲ့ တစ်ခါတစ်ရံအန်တာ၊ ၀မ်းလျှောတာတို့ ဖြစ်ပါတယ်။(၇) တုပ်ကွေးကာကွယ်ဆေးထိုးပါ
တုပ်ကွေးမကြာခဏ ဖြစ်တတ်ရင် တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေး ထိုးနှံထားပါ။(၈) လိုအပ်လျှင် ဆရာဝန်နှင့်တိုင်ပင်ပါ
ကျန်းမာရေးဗဟုသုတနဲ့ အကြံဥာဏ်တို့ကို ရယူလိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။(၉) အနားယူပါ
နေ့စဉ် အလုပ်လုပ်ရတာကြောင့် ငြီးငွေ့မှု မဖြစ်စေဖို့ ပုံမှန် အနားယူချိန်ထားရှိသင့်ပါတယ်။(၁၀) အာဟာရပြည့်ပြည့်၀၀ စားသောက်ပါ
အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။ အထူးသဖြင့် အဆင်သင့်အစာတွေရှောင်ပြီး လတ်ဆတ်တဲ့ အစားအသောက်တွေကို စားပေးသင့်ပါတယ်။
ကေအမ်
No comments:
Post a Comment