06 May, 2013

ခြေသလုံး ကြွက်တက်ခြင်းနှင့် ဆက်စပ်နေသော အစာ



ခြေသလုံး ကြွက်တက်ခြင်း သက်သာစေသော အစာများ

ပိုတက်စီယမ်သတ္တုဓာတ်ပါတဲ့ အစားအစာတွေကို စားတာကြောင့် ခန္ဓာကိုယ်ရှိ ကာဗိုဟိုက်ဒရိတ်တွေ ကို ချေဖျက်နိုင်အောင် ကူညီပေးသလို ကြွက်သားတည်ဆောက်မှုကိုလည်း အားကောင်းစေပါတယ်။ တစ်နေ့မှာ ပိုက်တက်စီယမ် ပါဝင်မှု မြင့်မားတဲ့ အစားအသောက်ကို တစ်ကြိမ်စာ စားပေးသင့်ပါတယ်။
အဲဒီအစာတွေက သစ်သီးခြောက် လက်တစ်ဆုပ်စာ၊ ခရမ်းချဉ်သီး ဖျော်ရည် တစ်ဖန်ခွက်၊ လိမ္မော်သီးတစ် လုံး၊ ငှက်ပျောသီးတစ်လုံး၊ ဖရဲသီးတစ်စိတ် စတာတွေဖြစ်ပြီး ဒီအစာတွေကို စားတာကြောင့် ခြေသလုံး ကြွက်တက်မှု မဖြစ်အောင် ကာကွယ်ကုသ ပေးနိုင်ပါတယ်။ ရေကိုလည်း များများသောက်သင့်ပါတယ်။ ရေ များများသောက်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ကြွတ်တက်စေတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကင်းစင်လျော့ပါးစေပါတယ်။

ခြေသလုံး ကြွက်တက်စေသော အစာများ
ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဆိုဒါ အချိုရည်ထဲမှာ ပါတဲ့ ကဖင်းဓာတ်ဟာသွေးကြောကျဉ်းစေပြီး ကြွက်သားတွေထဲမှာ သွေးလှည့်ပတ်မှုကို လျော့နည်းစေတဲ့အတွက် ကြွက်တက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခြေသလုံး ကြွက်တက်တတ်သူတွေအနေနဲ့ ကဖင်းဓာတ်မပါတဲ့ ကော်ဖီ၊ ဆေးဖက်ဝင် လက်ဖက်ရည်နဲ့ရေတွေကို များများသော်ပါ။

Quick fix
ခြေသလုံးကြွက်တက်ချင်သလို ဖြစ်လာရင် ခြေချောင်းတွေကို ၁၂ ကြိမ်လောက် ကွေးလိုက်၊ ပြန်ဖြေလျှော့ လိုက် ခပ်မြန်မြန် ပြုလုပ်ပေးပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...