06 May, 2013

ပီကေ၀ါးခြင်း၏ အန္တရာယ်


အရင်က ပီကေကို သစ်ပင်အစေးကနေ ထုတ်လုပ်ခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ ပီကေကို အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်လာခဲ့ကြပါတယ်။

" ဒီနေ့ခေတ် ပီကေကို အဓိက ပါဝင် ပစ္စည်းလေးမျိုးဖြစ်တဲ့
ရော်ဘာအတု၊ ပလတ်စတစ်၊ သကြားနဲ့ အရောင်ဖြစ်ပေါ်စေဖို့ ဆိုးဆေးစတာတွေနဲ့ ပြုလုပ်ထားပါတယ်။ "


အခုခေတ်မှာ ပီကေတွေကို styrene-butadiene rubbers နဲ့ polyvinyl acetate တို့လိုဖန်တီးထားတဲ့
ပေါ်လီမာတွေနဲ့ ထုတ်လုပ်ထားတာကြောင့် ပီကေမှာ သကြား ၆၀ ရာခိုင်နှုန်း၊ Corn Syrup ၂၀ ရာခိုင်နှုန်း တို့ ပါဝင်ပြီးတကယ့် ပီကေပစ္စည်းကတော့ ၂၀ ရာခိုင်နှုန်းပဲ ပါဝင်ပါတော့တယ်။
♦ ♦ ♦ ♦

လူတွေက ပီကေကို ၀ါးရုံဝါးပြီး မမျိုချတဲ့အတွက် ပါဝင်ပစ္စည်းတွေကို အလေးထားဖတ်ရှုမှု နည်းပါတယ်။ ဒါပေမယ့် ပီကေကို ၀ါးတာကြောင့် ပါဝင်ပစ္စည်းတွေက သွေးကြောထဲကို ခပ်မြန်မြန်ရောက်ရှိသွားပါတယ်။ အကြောင်းကတော့ ပီကေထဲက ပါဝင်ပစ္စည်းတွေကို အာခေါင်၊ ပါးစောင့်တွေက စုပ်ယူလိုက်တာကြောင့် ပုံမှန်အစာချေဖျက်တဲ့ စနစ်ထဲမရောက်ဘဲ သွေးကြောထဲကို ခပ်မြန်မြန်ရောက်ရှိသွားလို့ပဲဖြစ်ပါတယ်။
 ♦ ♦ ♦ ♦

ဒီနေ့ခေတ်မှာ စီးပွားဖြစ်ထုတ်လုပ်ရောင်းချနေတဲ့ ပီကေတွေမှာ အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတချို့ပါဝင်နေ ပါတယ်။ အဲဒါတွေကတော့ ဆော်ဘီတော ပီကေ Base၊ မယ်လ်တီတော၊ မန်နီတော၊ ဇိုင်လီတော၊ အရာသာ အတု၊ အကေးရှား၊ တိုက်တေနီယမ် ဒိုင်အောက်ဆိုက် စတာတွေပဲ ဖြစ်ပါတယ်။ အရင်က ပီကေ ၀ါးတာကြောင့် သွားတွေကို သန်စွမ်းစေတယ်၊ အန္တရာယ်မရှိဘူးလို့ ဆိုခဲ့ပေမယ့် အခုတော့ ပီကေမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတချို့ကြောင့် သတိပြုစရာ ဖြစ်လာနေပါပြီ။
♦ ♦ ♦ ♦
ဇွန် (Ref;Positive Tips)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...