20 April, 2013

ညဘက် ပူပင်သောကကင်းကင်း အိပ်မောကျနိုင်စေမည့် နည်းလမ်းကောင်းများ


လူအများစုဟာ ပူပင်သောကများတဲ့ ဝေဒနာကြောင့် ညဘက်မှာ အိပ်ရေးပျက်ပြီး နွမ်းနယ်ပင်ပန်းနေတတ် ပါတယ်။ ဒါကြောင့် ညဘက် အိပ်ရာမ၀င်ခင်မှာ စိုးရိမ်သောက လျော့နည်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်
စေဖို့ နည်းလမ်းကောင်းတွေကို ရေးသားလိုက်ရပါတယ်။

လုံလောက်သော အိပ်စက်ချိန်ကို ရယူပါ

ပုံမှန်အိပ်စက်တဲ့ စနစ်ရှိစေဖို့ အိပ်ချိန်ကို အတိအကျထားရှိသင့်ပါတယ်။ ညတိုင်း ၁၀နာရီမှာ အိပ်ပြီး မနက်တိုင်း ၅ နာရီထတတ်တဲ့ အကျင့်ကို ကျင့်ထားတာမျိုးပါ။ ဒါဆိုရင် အိပ်စက်မှု အရည်အသွေး
ပြည့်ဝနေပါလိမ့်မယ်။ လူအများစုဟာ အလုပ်နားရက်၊ ကျောက်ပိတ်ရက်တွေမှာ ပုံမှန် အိပ်ချိန်၊ နိုးထချိန် မရှိတော့ဘဲ ဖြစ်တတ်ပါတယ်။

ညဘက် ကော်ဖီရှောင်ပါ

အိပ်ပျော်ဖို့ ခက်သူဆိုရင် မနက်ပိုင်းမှာပဲ ကော်ဖီသောက်ပါ။ ညနေခင်းနဲ့ ညဘက်မှာ ကော်ဖီကို ရှောင်သင့် ပါတယ်။ သကြားနဲ့ အယ်လ်ကိုဟောကလည်း စိုးရိမ်ပူပန်စိတ်ကို များစေတဲ့အတွက် အိပ်ရေးပျက်စေနိုင် ပါတယ်။

အိပ်ချိန် သတ်မှတ်ထားပါ

အလူအများစုဟာ အိပ်ချိန်ကို သီးသန့်ထားရှိတာမျိုး မရှိတတ်တာကြောင့် အိပ်ရေးမ၀ကြတာဖြစ်ပါတယ်။ အရွယ်ရောက်သူတွေ အိပ်ရေးဝဖို့ဆိုရင် တစ်ညမှာ အိပ်ချိန် ၈-၉ နာရီ လိုအပ်ပါတယ်။ လေ့လာမှုအရ ညဘက်မှာ အိပ်ရေး၀၀ အိပ်ပြီး ကောင်းကောင်းအနားရတာကြောင့် စိတ်ခံစားမှုနဲ့ စွမ်းဆောင်ရည်
ကောင်းမွန်ကာ လန်းဆန်းတက်ကြွမှု ရှိကြောင်း သိရပါတယ်။ ဒါကြောင့် ညမှာ အိပ်ချိန်အလုံအလောက် ရရှိဖို့အတွက် ဘယ်အချိန်မှာ အိပ်ရာဝင်ပြီး ဘယ်အချိန်မှာ အိပ်ရာထမယ်ဆိုတာ သတ်မှတ်ထားသင့်ပါ တယ်။

အိပ်ရာကို အိပ်ရန်အတွက်သာ သုံးပါ

အိပ်ရာပေါ်မှာ လက်တော့ပ်၊ ဖုန်း စတာတွေ သုံးတာ၊ အိပ်ရာထဲကနေ တီဗီကြည့်တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ရာက အိပ်ဖို့အတွက်ပဲ ဖြစ်သင့်ပါတယ်။

အိပ်ရာဝင်ချိန် အလေ့အထထားရှိပါ

အိပ်ရာထဲကို စိတ်ပူပင်သောကတွေ ယူမသွားပါနဲ့။ ပူပင်စိတ်နဲ့ အိပ်ရင် နိုးလာချိန်မှာ မလန်းဆန်းနိုင်ပါဘူး။ အိပ်ရာမ၀င်ခင် စိတ်အပန်းပြေဖို့ရာအတွက် ကြက်သီးနွေးရေချိုးတာ၊ သွားတိုက်တာ၊ ဘုရားရှိခိုးဆုတောင်း တာ၊ တရားထိုင်တာ စတဲ့လုပ်ဆောင်မှုတွေကို လုပ်ပါ။ ဒီလုပ်ဆောင်မှုတွေက စိတ်ကို အေးချမ်းတည်ငြိမ်
စေပြီး အိပ်ရေး၀၀ အိပ်မောကျစေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး အနားရစေဖို့ရာအတွက် ကြွက်သားတွေကို တင်းလိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးပါ။

နောက်တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ပါ

ညဘက်မှာ စိတ်ပူပင်မှုနဲ့ အတွေးတွေ စိုးမိုးနေရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ မလွယ်ပါဘူး။ စိတ်ဖိစီး မှုကင်းကင်းနဲ့ အိပ်နိုင်ဖို့ဆိုရင်  နောက်တစ်နေ့ လုပ်ရမယ့်အရာတွေကို ချရေးလိုက်ပါ။ ဥပမာပြောရရင် မနက်ဖြန်မှာ ၀တ်ရမယ့် အ၀တ်အစားတွေ ထုတ်ထားတာ၊ အလုပ်မှာ ဆောင်ရွက်ရမယ့် အရာတွေကို ချရေးထားတာတို့ လုပ်ဆောင်ပါ။ ဒီလို အစစအရာရာ ပြင်ဆင်ပြီးရင်တော့ ကောင်းကောင်း အိပ်မောကျနိုင်ပါပြီ။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...