20 April, 2013

ခွဲစိတ်ပြုပြင်စရာမလိုပဲ ၁၀ နှစ်ခန့် ငယ်ရွယ်နှပျိုသွားစေမည့် အလှပြင်နည်း သုံးမျိုး


ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ကို ပြေပြစ်အောင် လိမ်းတာက သင့်ကို အခုထက်ပိုပြီး
နုပျိုစေပါတယ်။ သင့်အသက်က ၃၀ ပဲဖြစ်ဖြစ်၊ ၅၀ ပဲဖြစ်ဖြစ် ၁၀ နှစ်ခန့် ငယ်ရွယ်နုပျိုအောင် ပြုပြှုနိုင်တဲ့ နည်းသုံးမျိုးရှိပါတယ်။



ဖောင်ဒေးရှင်းမိတ်ကပ်နှင့် ပေါင်ဒါပါးပါးလိမ်းပါ

မိတ်ကပ်နဲ့ ပေါင်ဒါထူထူလိမ်းတာက မျက်နှာပေါ်က အရေးအကြောင်းပါးပါးကို သိသာစေပြီး အရေးကြောင်း
တွေ ဖြစ်ပေါ်စေပါတယ်။ အညိုရောင် အစက်အပြောက်တွေနဲ့ မျက်ကွင်းညိုတဲ့ အရေပြားပေါ် ကွန်ဆဲလ် လာကို လိမ်းတဲ့အခါ လက်ညှိုးနဲ့ တို့ထိလိမ်းပေးပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးသင့်ပါတယ်။ ပြီးမှ ဖောင်ဒေးရှင်းမိတ်ကပ်ပါးပါး လိမ်းပြီးပေါင်ဒါရိုက်ပေးပါ။

မျက်စိနှင့် နှုတ်ခမ်းများ နူးညံ့ပါစေ

နှုတ်ခမ်းဆိုးဆေးတောင့်းကို ရှောင်ပြီးနူးညံ့တဲ့ နှုတ်ခမ်းဆိုးဆေးနဲ့ နှုတ်ခမ်းနီဆိုးပေးပါ။ အိုင်းလိုင်နာကို လည်း အများကြီးမဆိုးပါနဲ့။ အိုင်းလိုင်နာကို ခပ်ထူထူဆိုးတာက မျက်စိကို ပိုပြီးသေးငယ်သွားစေပါတယ်။
နှုတ်ခမ်းနီကို အရောင်ရင့်တာထက် ပန်းရောင်ဆိုးပေးပါ။

မျက်ခုံးထူထူ ထားပါ

မျက်ခုံးကို ခပ်ပါးပါး မျှင်မျှင်လေးထားတာထက် ခပ်ထူထူထားတာက ငယ်နုတဲ့ အသွင်အပြင်ကို ရရှိစေပါ တယ်။ ထူထဲတဲ့ မျက်ခုံးမွေးကို နူးညံ့တဲ့ အညိုရောင်မျက်ခုံးဆိုးတံနဲ့ ဖြည့်ပေးသင့်ပါတယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...