10 July, 2013

ရုံးခန်းပြတင်းပေါက်ဘေး ထိုင်သူများ တက်ကြွမှုနှစ်ဆတိုးပြီး ပိုပျော်ရွှင်မှုရှိ


တောက်ပသော အလင်းရောင်နှင့် ထိတွေ့မှုရှိခြင်းသည် အိပ်စက်မှုစနစ်ကို ဟန်ချက်ညီမျှစေပြီး စိတ်ခံစားမှု
ကောင်းမွန်ကာ အလုပ်လုပ်နိုင်စွမ်းကို တိုးတက်စေကြောင်း လေ့လာမှုအရသိရသည်။ နေသာသောနေ့များ တွင် ရုံးခန်းပြတင်းပေါက်ဘေးထိုင်ခြင်းသည် အလင်းရောင် အတုရှိသည့်ရုံးခန်း ပြတင်းပေါက်ဘေးထိုင်ခြင်း သည် အလင်းရောင်အတုရှိသည့် ရုံးခန်းအလယ်တွင် ထိုင်ခြင်းထက် တက်ကြွမှုအဆင့်နှစ်ဆပိုများကြောင်း သိပ္ပံပညာရှင်တို့က ဆိုသည်။


ကျန်းမာရေးနှင့် ညီညွတ်သော သင်္ဘောသီးဖျော်ရည်


♦ သင်္ဘောသီးမှာ ရေဓာတ်များစွာ ပါဝင်ပြီး စွမ်းအင်သိပ်သည်းဆနည်းပါတယ်။ အလတ်စကားသင်္ဘော သီးတစ်လုံးမှာ ၁၁၉ ကယ်လိုရီပဲ ပါပြီး အဆီဂရမ်တစ်ဝက်နဲ့ အမျှင်ဓာတ် ၅ ဒဿမ ၅ ဂရမ်ပါဝင်ပါတယ်။

♦ သင်္ဘောသီးမှာ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်း၊ မဂ္ဂနီဆီယမ်နဲ့ ဖောလိတ် ဓာတ်တို့ ပါဝင်ပါတယ်။

♦ သင်္ဘောသီးစားတာကြောင့် အစာကြေညက်စေပြီး ၀မ်းချုပ်တာနဲ့ ရင်ပူနာတို့ မဖြစ်အောင် ကာကွယ်ပေး ပါတယ်။


ပါဝင်ပစ္စည်းများ

(၁) သင်္ဘောသီးမှည့်လှီးပြီးသား - တစ်ခွက်ခွဲ

(၂) ငရုတ်ကောင်းမှုန့် - လက်ဖက်စားဇွန်းတစ်ဇွန်း

(၃) သံပရာရည် - လေး၊ ငါးဇွန်း

(၄) ဆား - လက်ဖက်စားဇွန်းတစ်ဝက်

(၅) ရေခဲအနည်းငယ်

ပြုလုပ်နည်း - ရေခဲကလွဲပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို မွှေစက်ထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဖန်ခွက်ထဲထည့်ပြီး ရေခဲအချို့ထည့်ကာ သောက်သုံးနိုင်ပါပြီ။

ဇွန်

အောင်မြင်မှုအတွက် လိုအပ်သော မျက်ဝန်းဘာသာစကား လှျို့ဝှက်ချက်


လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ပြောဆိုရာမှာ သူအမှန်တွေ ပြောနေတာလား၊ လိမ်ညာနေတာလားဆိုတာ ခွဲခြားသိမယ်ဆိုရင်၊ တစ်ဖက်သားက သင့်ကို စိတ်ဝင်စားနေသလားဆိုတာ သိမယ်ဆိုရင် သင့်အကဲခတ်
နိုင်စွမ်းက သင့်ဆီကိုအောင်မြင်မှုတွေ ယူဆောင်လာပါလိမ့်မယ်။ ဒါကြောင့် သင်သိသင့်တဲ့ မျက်ဝန်း ဘာ သာစကားလျှိ့ဝှက်ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

09 July, 2013

အတွင်းတိမ်ရောဂါရှင်များအား အကြို၊ အပို့ပါစီစဉ်၍ အခမဲ့ ခွဲစိတ်ကုသမှုပေးမည်


အောက်တိုဘာ ပထမပတ်တွင် ရန်ကုန်မျက်စိဆေးရုံကြီး၌ အတွင်းတိမ်ရောဂါရှင် ၅၀၀ ဦးနှင့် အောက်တို ဘာ ဒုတိယပတ်တွင် ပဲခူး၌ အတွင်းတိမ်ရောဂါရှင် ၃၀၀ ဦးတို့အား သြစတေးလျအခြေစိုက် Fred Hollow Foundation ကမျက်စိဆရာဝန်ကြီးများနှင့် မြန်မာမျက်စိဆရာဝန်ကြီးများ ပူးပေါင်းပြီး ခွဲစိတ်ကုသမှုပေး မည်ဖြစ်ကြောင်း၊ လူနာတို့အား အကြို၊ အပို့စီစဉ်ပေးပြီး အခမဲ့ခွဲစိတ်ကုသမှုပေးမည်ဖြစ်ကြောင်း ဌာနမှူးဖြစ် သူ ပါမောက္ခဦးတင်ဝင်းက ရှင်းပြသည်။

သို့ဖြစ်ပါ၍ အတွင်းတိမ်ခွဲစိတ်ကုသလိုသူ လူနာများအနေဖြင့် ရန်ကုန်မျက်စိဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ရုံးခန်းသို့ ကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်း ၀၁-၅၄၉၁၆၉ သို့လည်းကောင်း ဆက်သွယ်စာရင်း
ပေးသွင်းနိုင်ကြောင်း သတင်းရရှိပါသည်။

မိုးစိုခြင်းကြောင့် ဆံကေသာအလှ မထိခိုက်စေရန်


မိုးတွင်းကာလအပြင်ထွက်ပြီး သွားလာနေရသူတို့အတွက် မကြာခဏ မိုးရေစိုရင် ဆံပင်သားကို ထိခိုက် ပျက်စီးလွယ်စေနိုင်ပါတယ်။ ဒါကြောင့် မိုးစိုတဲ့အခါဆံပင်မပျက်စီးစေဖို့ အကြံပေးပါရစေ။

LinkWithIn

Related Posts Plugin for WordPress, Blogger...