27 May, 2013

ပေါင်ထိပ်ရိုးကျိုးခြင်း မဖြစ်စေရန်


ပေါင်ထိပ်ရိုးကျိုးတာက အသက်ကြီးတဲ့ အမျိုးသမီးတွေ လဲကျပြီးတဲ့အခါမှာ အဖြစ်များပါတယ်။ အဓိက အားဖြင့် အရိုးပါးရောဂါကြောင့် ဖြစ်ရတာပါ။ အရိုးပါးရောဂါကြောင့် ပေါင်ထိပ်ရိုးကျိုးတာမျိုး မဖြစ်အောင်
အောက်ပါနည်းတွေကို လိုက်နာသင့်ပါတယ်။


ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ များစွာမှီဝဲပါ

သင်စားတဲ့ အစာဟာ အရိုးပါးရောဂါကာကွယ်ရေးမှာ အဓိက အရေးပါပါတယ်။ အသက်ကြီးသူအများစုဟာ အာဟာရချို့တဲ့နေတာ မျာပါတယ်။ အရိုးတွေ သန်စွမ်းကျန်းမာဖို့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီလည်း လိုအပ် ပါတယ်။ အရိုးပါးရောဂါဖောင်ဒေးရှင်းရဲ့ အဆိုအရအရိုးကျန်းမာဖို့အတွက်တစ်နေ့မှာ အမျိုးသားက ကယ်လ် စီယမ် ၁၀၀၀ မီလီဂရမ်၊ အမျိုးသမီးက ၁၂၀၀ မီလီဂရမ်လိုအပ်ကြောင်းသိရပါတယ်။ ဗီတာမင်ဒီနဲ့ လည်းတွဲ ပြီး သောက်သင့်ပါတယ်။ ကယ်လ်စီယမ်ပါတဲ့ အစာတွေက နို့နဲ့ နို့ထွက်ပစ္စည်း၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်နဲ့ အားဖြည့်ကွေကာတို့ ဖြစ်ပါတယ်။ လူတိုင်းအရိုးကျန်းမာသန်စွမ်းဖို့ တစ်နေ့ ဗီတာမင်ဒီ ၄၀၀-၁၀၀၀ အိုင်ယူ လိုအပ်ပါတယ်။ ဒါကို အားဖြည့်ဆေးကနေ ရနိုင်သလို နေခြည်နုနု ဒါမှမဟုတ် အဆီများတဲ့ငါးကနေ လည်း ရနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ပေါင်ထိပ်ရိုးကျိုးတာကို ကာကွယ်ဖို့ လုပ်သင့်တဲ့နည်းက လေ့ကျင့်ခန်းပါ။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရွရွပြေးတာ စတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ လေ့ကျင့်တာကြောင့် ကြွက်သားနဲ့ အရိုးတွေကို သန်စွမ်းစေပါတယ်။ တစ်ပတ်မှာ ၂-၃ ကြိမ်ခန့်လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

အိမ်ကို အန္တရာယ်ကင်းပါစေ

အိမ်ထဲမှာ လဲမကျအောင် ကာကွယ်တာက တင်ပဆုံရိုးကျိုးတာနဲ့ထိခိုက်ဒဏ်ရာရတာကို လျော့ကျစေပါ တယ်။ အိမ်ကို လုံလောက်တဲ့ အလင်းရောင် ရရှိပါစေ။ ကြမ်းခင်းနဲ့ ရေချိုးခန်းကြမ်းပြင်တို့ကို ချောကျမနေ ပါစေနဲ့။ လှေကားလက်ရမ်းတွေ ခိုင်ခံ့နေပါစေ။ ဒါဆိုရင် လဲကျမှုကင်းဝေးပါလိမ့်မယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...