27 May, 2013

အားကစားသမားကဲ့သို့ သန်စွမ်းကျန်းမာလာစေရန်


အားကစားသမားတွေရဲ့ သန်စွမ်းမှု၊ ပန်းတိုင်ရောက်အောင် ကြိုးပမ်းနိုင်မှုနဲ့ သက်လုံကောင်းမှုတွေကို အားကျနေပါသလား။ သူတို့ရဲ့ အောင်မြင်မှုက ညတွင်းချင်းရလာတာ မဟုတ်ပါဘူး။ အရင်ဆုံး ပန်းတိုင် ငယ်တွေ တစ်ခုပြီး တစ်ခုချမှတ်ပြီး စိန်ခေါ်မှုတွေကို ကျော်လွှားပြီးမှ ရခဲ့တာပါ။ နာမည်ကျော် အားကစား သမားအားလုံးက စိတ်ရော ကိုယ်ပါ လေ့ကျင့်ခန်းတွေ ဆောင်ရွက်ခဲ့သလို ခန္ဓာကိုယ်အတွက် မရှိမဖြစ် အာဟာရဓာတ်တွေကိုလည်း မှီဝဲခဲ့ကြပါတယ်။ ဒီလိုအစားအသောက်ဂရုစိုက်တာ၊ မှန်မှန် လေ့ကျင့်ကြိုး စားတာ၊ စိတ်ဖိစီးမှု ထိန်းချုပ်တာတွေအပြင် အောက်ပါနည်းလမ်းတွေကို ကျင့်သုံးပြီး ပိုမိုကျန်းမာသန်စွမ်း
အောင် အားထုတ်ကြပါတယ်။


လိုအပ်သည့်ဓာတ် ဖြည့်တင်းပါ

သင့်ခန္ဓာကိုယ်မှာ လိုအပ်နေတာက အသားဓာတ်လား၊ ကစီဓာတ်လား၊ ဗီတာမင်လား.. စတဲ့ အချက်တွေ
ပေါ်မူတည်ပြီး နံနက်စာ၊ နေ့လည်စာနဲ့ ညစာတွေကို ပြင်ဆင်စားသောက်ရပါမယ်။

လိုအပ်သော အရင်းအမြစ်များကို ဆန်းစစ်ပါ

ကျွမ်းကျင်မှုအသစ်ကို လေ့လာဖို့လိုအပ်ပါသလား။ စိတ်ဓာတ်ခိုင်မာဖို့အတွက် လေ့ကျင့်သင့်နေတာလား။ သင့်ဝန်းကျင်မှာရှိတဲ့ ဟောပြောပွဲတွေ တက်ပါ။ အွန်လိုင်းကနေ ရှာဖွေပါ ဒါမှမဟုတ်စာကောင်းပေမွန်တွေ ဖတ်ပါ။

အခက်အခဲများကို ကျော်လွှားရန်ပြင်ဆင်ပါ

လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ ငွေကြေးအခက်အခဲရှိနေရင် အားကစားခန်းမကို မသွားဘဲ အိမ်မှာပဲ ပုံမှန်လေ့ ကျင့်ပါ။ ရာသီပေါ် အစားအသောက်တွေကို ရွေးချယ်စားပါ။ အေးခဲနေတဲ့ သစ်သီးတွေနဲ့ သစ်သီးခြောက်
တွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

အောင်မြင်မှုအတွက် ဂုဏ်ပြုပါ

အားကစားစွမ်းရည် မြင့်တက်လာပြီဆိုရင် ဘယ်လောက်ပဲ အသေးအမွှားဖြစ်ပါစေ ကိုယ့်ကိုကိုယ် ဂုဏ်ပြုပါ။

ပြန်လည်သုံးသပ်ပါ

ရှေ့ကို ဆက်လက်လေ့ကျင့်သွားနိုင်အောင် လေ့ကျင့်ခဲ့သမျှ ကာလတစ်လျှောက်လုံးကို ပြန်လည်သုံးသပ် ပါ။ တိုးတက်မှု ရှိတယ်လို့မြင်တဲ့အခါ ပိုမိုအားတက်လာပါလိမ့်မယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...