30 May, 2013

အ၀တ်အစားပေါ်က ၀ါနေသော ချွေးစွန်းကွက်ကို ဖယ်ရှားနည်းများ

 
သင့်အင်္ကျီရဲ့ ချိုင်းနေရာမှာ ၀ါကြန့်ကြန့်ဖြစ်နေတဲ့ ချွေးစွန်းကွက်တွေကို ဖယ်ရှားလိုပါသလား။ အောက်ပါ နည်းတွေက ချွေးစွန်းကွက်တွေကို ဖယ်ရှားလိုပါသလား။ အောက်ပါနည်းတွေက ချွေးစွန်းကွက်ဖယ်ရှားရာ မှာ အသုံးဝင် ထိရောက်တဲ့နည်းတွေဖြစ်ပါတယ်။ နူးညံ့လွန်းတဲ့ အ၀တ်အစားတွေက ချွေးစွန်းကွက်ကို မဖယ်ရှားခင်မှာ မာကျောတဲ့ ကော်လံလိုနေရာကို အရင်ဆုံးစမ်းသုံးကြည့်ဖို့ အကြုံပြုလိုပါတယ်။


အက်စ်ပရင်ဆေးပြားကို သုံးပါ


သင့်အဖြူရောင် ရှပ်အင်္ကျီပေါ်က အ၀ါရောင်အစွန်းအထင်းကို မဖယ်ရှားခင် အက်စ်ပရင်ဆေးပြားနှစ်ပြား ကို ကြိတ်ချေပြီး ကြက်သီးနွေးရေ ခွက် (Cup) တစ်ဝက်နဲ့ ရောဖျော်လိုက်ပါ။ ပြီးရင် ချွေးစွန်းကွက်ရှိနေတဲ့ ချိုင်းနေရာကို အဲဒီအရည်ထဲ စိမ်ထားပေးပါ။ အချိန် ၂-၃ နာရီလောက်စိမ်ထားပြီးမှ လျှောက်ဖွပ်ရမှာ ဖြစ်ပါ တယ်။

အိုးတိုက်ပန်းကန်ဆေး ဆပ်ပြာရည်ကို သုံးပါ


သင့်အင်္ကျီကို ဘယ်လောက်ပဲ လျှော်လျှော် အ၀ါရောင်ချွေးစွန်းကွက်က မပျောက်ဘဲ ဖြစ်နေသလား။ ဟိုက် ဒရိုဂျင်ပါအောက်ဆိုက်နှစ်ဆနဲ့ အိုးတိုက်ပန်းကန်ဆေးရာမှာ သုံးတဲ့ဆပ်ပြာရည် တစ်ဆတို့ကို ရောမွှေပါ။ ပြီး ရင် အစွန်းကွက်ပေါ်ကို လောင်းချပြီး ပွတ်တိုက်ပေးပါ။ အဲဒီအနေအထားအတိုင်း တစ်နာရီကြာထားပြီးမှ
လျှော်ပါ။

ဆားကိုသုံးပါ


ဆား ထမင်းစားဇွန်း လေးဇွန်းနဲ့ ကြက်သီးနွေးရေ တစ်လီတာတို့ကို ရောမွှေပြီး ရလာတဲ့ အရည်ထဲမှာ အ၀ါ
ရောင်ချွေးစွန်းကွက်ရှိတဲ့ အ၀တ်အစားကို စိမ်ထားပါ။ အစွန်းကွက်လျော့သွားတဲ့တိုင်အောင် ထားပြီးမှ
လျှော်ပါ။

သံပရာသီးကို သုံးပါ


သံပရာရည်နဲ့ ရေကို ဆတူရောပြီး အင်္ကျီပေါ်ရှိချွေးစွန်းကွက်နေရာမှာလောင်းကာ ဘရပ်ရှ်နဲ့ ပွတ်တိုက်ပေး ပါ။

ရှလကာရည်ကို သုံးပါ


အ၀ါရောင် ချွေးစွန်းကွက်ရှိနေတဲ့နေရာမှာ ရှလကာရည်ကိုတိုက်ရိုက်လောင်းချပြီး ပွတ်တိုက်ပေးပါ။ ပြီးမှ ခါတိုင်း အ၀တ်လျှော်သလို လျှော်ပါ။

ဆော်ဒါမှုန့်ကို သုံးပါ


ဆော်ဒါမှုန့် ထမင်းစားဇွန်း လေးဇွန်းစာပမာဏနဲ့ ကြက်သီးနွေးရေ ခွက်ရဲ့ လေးပုံတစ်ပုံတို့ကို ရောမွှေပြီး အ၀ါရောင် ချွေးစွန်းကွက်ရှိနေတဲ့ အင်္ကျီပေါ် လောင်းချပါ။ ပြီးရင် အဲဒီ အင်္ကျီကို ပွတ်တိုက်ပေးပါက ချွေး စွန်းကွက်ဟာ မှိန်ဖျော့သွားပါလိမ့်မယ်။ အချိန်နှစ်နာရီကြာထားပြီးမှ လျှော်ပါ။

ရေအေးကို သုံးပါ


အ၀ါရောင် ချွေးစွန်းကွက်ရှိနေတဲ့အင်္ကျီကို ဘုံပိုင်ရေအေးအောက်မှာထားပြီး ညင်ညင်သာသာ ပွတ်တိုက်
ပေးပါ။ ပြီးမှ လျှော်ပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...