19 November, 2012

မီးဖိုချောင်ထဲက အညစ်ပတ်ဆုံး အရာများ



      သင့်အိမ်ရဲ့ တခြားနေရာတွေမှာထက် သင့်မီးဖို ချောင်ထဲမှာ ပိုးမွှားတွေ ပိုရှိနေပါတယ်။ မီးဖိုချောင် မှာသုံးတဲ့ ပန်းကန်ဆေးရမြှုပ်မှာ အိမ်သာထိုင်ခုံထက်ပိုပြီး ပိုးမွှားတွေ ကပ်ငြိနေတတ်တယ်ဆိုတာ သင်သိ ပါရဲ့လား။ အရစ်ဇိုးနားတက္ကသိုလ်က ဒေါက်တာချားလ်စ်ဟာ အိမ်နဲ့ရုံးခန်းထဲရှိရောဂါဖြစ်စေတတ်တဲ့ ဘက်တီးရီးယားပိုးတွေဖြန့်ဝေတဲ့နေရာတွေကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။



မီးဖိုချောင်ထဲရှိ ဘက်တီးရီးယား ပုန်းခိုနေသော အဓိက ငါးနေရာ
(၁) ရေမြှုပ်နဲ့ အဝတ်လျှော်ပိတ်စ
(၂) လက်ဆေးကန် တစ်ဝိုက်
(၃) ဘုံပိုင်ခေါင်း လက်ကိုင်
(၄) စဉ်းတီတုံး
(၅) ရေခဲသေတ္တာ လက်ကိုင်

လေ့လာသူတွေက ရေချိုးခန်းနဲ့ အိမ်သာတွေကိုလည်း လေ့လာကြည့်ခဲ့ရာ သန့်ရှင်းမှုရှိတာကို တွေ့ခဲ့ရတယ် လို့ သိရပါတယ်။ အိမ်သာထိုင်ခုံတွေက ခြောက်သွေ့လွန်းနေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွား   နိုင်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

မီးဖိုချောင်ထဲက အညစ်ပတ်ဆုံး အရာများ သန့်စင်စေရန်
- အဖြူရောင်သန်းနေတဲ့ လက်သုတ်ပဝါနဲ့ ရေမြှုပ်တွေကို သန်ရှင်းနေတယ်လို့ မထင်ပါနဲ့။   ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား ပိုးတွေက သာမန်မျက်စိနဲ့ မမြင်နိုင်ဘူးဆိုတာ သတိရပါ။
 
- စဉ်းနှီတုံးကို သုတ်တဲ့ လက်သုတ်ပဝါနဲ့ ဆေးတဲ့ ရေမြှုပ်ဟာ အိုးခွက်ပန်းကန်တွေကို အသုံးပြုတာနဲ့ မတူပါစေနဲ့။ စိုစွတ်တဲ့ မျက်နှာပြင်ကို သန့်ရှင်းထားတဲ့ လက်သုတ်ပဝါ၊ ရေမြှုပ် စတာတွေကို ဆေးကြောပြီး မိုက်ခရိုဝေ့ဖ်မီးဖိုထဲ နှစ်မိနစ်လောက် ထည့်ကာ အပူပေးပါ။ ပိုးမွှားတွေ ကင်းဝေးသွားပါလိမ့်မယ်။
- ဆေးကြောတဲ့ အဝတ်နဲ့ ခြောက်အောင် သုတ်တဲ့ အဝတ်ကို သီးသန့်စီ ထားရှိပါ။

- ပန်းကန်ဆေးတဲ့ ရေမြှုပ်နဲ့ လက်သုတ်ဝတ်တွေကို နေ့တိုင်း ကြေးချွတ်ဆေး တစ်စက်နဲ့ စိမ်ပြီး လျှော်ပေးပါ။ လုံးဝခြောက်သွေ့တဲ့အထိ နေလှန်းပြီးမှ ပြန်လည်အသုံးပြုပါ။
- မီးဖိုချောင်သုံး လက်သုတ်ဝတ်နဲ့ ရေမြှုပ်တွေကို တစ်ပတ်တစ်ကြိမ် အသစ်လဲလှယ် အသုံးပြုပေးပါ။

                                                                                                                                            ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...