19 November, 2012

အသားအရေကျန်းမာလှပမူကို မထိခိုက်စေသော အိမ်တွင်းသန့်ရှင်းနည်းများ

          
              ဓာတုဗေဒပစ္စည်းတွေကို သုံးပြီး အိမ်သာကို ပွတ်တိုက် သန့်စင်ခြင်းနဲ့ အ၀တ်လျှော်ဖွပ်ခြင်းတွေ ဟာ လူအများစု ထင်ထားသလို ရာနှုန်းပြည့် ကောင်းမွန်တဲ့ အရာမဟုတ်ပါဘူး။ အိမ်တွင်း သန့်ရှင်းစင်ကြယ် ဖို့နဲ့ပိုးမွှားကင်းစင်အောင်ပြုလုပ်တဲ့ ပစ္စည်းအများစုဟာ အသားအရေကို ကြမ်းတမ်းစေနိုင်ပါတယ်။  သင့်အသားအရေက ထိလွယ်ခိုက်လွယ်တဲ့ အမျိုးအစားဖြစ်ရင် နူးညံ့တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ ကတောင် အသားအရေကို ခြောက်သွေ့စေတာမျိုး၊ ဓာတ်မတည့်မူဖြစ်စေတာ မျိုးဖြစ်တတ်ပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ထိလိုက်လို့ အသားအရေဟာ နီမြန်းခြင်း၊ ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတို့   ဖြစ်ပေါ်လာရင် နေ့စဉ် အိမ်မှာ အသုံးပြုနေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို သတိထားဖို့ လိုအပ်နေပါပြီ။




အသားအရေကို ဓာတ်မတည့်ဖြစ်စေသော အရာများမှ ကာကွယ်ပါ

 
အသားအရေအပေါ် အဆိုးရွားဆုံး မသက်မသာ ဖြစ်စေနိုင်တဲ့ အရာတွေကို အလွယ်တကူ သိနိုင်ပါတယ်။ အဆိပ်ရှိတဲ့သန့်ရှင်းရေးသုံးပစ္စည်းတွေပေါ်မှာ “အန္တရာယ်ရှိသည်”၊ “အဆိပ်ရှိသည်”၊ “လေ၀င်လေ ထွက်ကောင်းသောနေရာတွင် အသုံးပြုပါ” စတဲ့ စာတန်းတွေကို တွေ့ပါက သတိထားဖို့ လိုအပ်နေပါတယ်။ ဒီသတိပေးချက်တွေဟာ အသားအရေကို ကြမ်းတမ်းစေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတယ်ဆိုတာကို သဲလွန်စပေးနေတာပါ။

အထူးသဖြင့် သင့်အသားအရေဟာ ထိခိုက်လွယ်တဲ့ အသားအရေမျိုးဆိုရင် အောက်ပါ ပါဝင်ပစ္စည်းတွေနဲ့ မထိတွေ့မိအောင် သတိထားပြီး ကာကွယ်ပါ။

၁။ ကြမ်းသုတ်ဆေး၊ ပြတင်းပေါက်နဲ့ မှန်ဆေးတဲ့ သန့်စင်ရေးပစ္စည်း၊ ပိုးသတ်ဆေးနဲ့ အိမ်တွင်း သန့်ရှင်းရေးသုံးပစ္စည်း စတာတွေထဲမှာ ပါဝင်တဲ့ Ammonia ၊

၂။ မိုကင်းစင်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ Chloride and alkyl ammonium chloride၊

၃။ အစက်အပျောက်တွေကို ဖယ်ရှားတဲ့ သန့်ရှင်းရေးပစ္စည်းထဲမှာ ပါဝင်တဲ့ Ammonium hydroxide၊ Sodium Hypochlorite၊ Sodium or Potassium hydroxide၊

၎။ ပန်ကန်ရေဆေးကန်၊ ဘေစင် သန့်စင် ဆေးရည်ထဲမှာပါဝင်တဲ့ Hydrochloric acid၊ Lye၊

၅။ အိမ်သာကြွေအိုး သန့်စင်ဆေးရည်ထဲမျာပါဝင်တဲ့ Hypochloric acid၊

၆။ ဘတ်တီးရီးယားသန့်စင်ဆေးရည်၊ ပရိဘောက အရောင်တင်ဆီနဲ့ အိမ်သာကြွေအိုး သန့်စင်ဆေးရည် ထဲမှာ ပါဝင်တဲ့ Phenol၊

၇။ ကြမ်းသုတ်ဆေးထဲမှာ ပါဝင်တဲ့ Petroleum solvent၊

၈။ အ၀တ်အထည်တွေကို အရောင်ချွတ်ဆေးမှာ ပါဝင်တဲ့ Surfactants စတဲ့ ပါဝင်ပစ္စည်းတွေဟာ အသား အရေကို ခြောက်သွေ့စေသလို ဓာတ်မတည့်မူကိုလည်း ဖြစ်စေနိုင်ပါတယ်။ 


အသားအရေမထိခိုက်စေမည့် အိမ်တွင်းသန့်စင်နည်း

အိမ်ကို သန့်စင်အောင် သန့်ရှင်းရေးပြုလုပ်တဲ့အခါ အသားအရေ မထိခိုက်အောင် အောက်ပါနည်းလမ်း   တွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။

၁။ အညွှန်းကို ဖတ်ပါ
သင်အသုံးပြုနေတဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကို သေချာသိထားသင့် ပါတယ်။ အရင်တုန်းက သင့်အသားအရေကို ထိခိုက်မူဖြစ်စေခဲ့တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ရှောင်ပါ။ အသုံးမပြုခင်မှာ အညွှန်းကို သေချာဖတ်ကြည့်ပြီး အန္တရာယ်ကင်းအောင် အသုံးပြုပါ။

၂။ သဘောဝနှင့် နီးစပ်သော သန့်ရှင်းရေး ပစ္စည်းကို သုံးပါ
သဘာဝနဲ့ နီးစပ်တဲ့ “အနံ့မပါ၊ ဆိုးဆေးမပါ”၊ “သဘာဝအတိုင်း” စတဲ့ စာတမ်းတွေပါတဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ရွေးချယ်အသုံးပြုပါ။ တကယ်လို့ ရှာမတွေ့ပါက ရိုးရာနည်းဖြစ်တဲ့ ဆော်ဒါမူန့်ကို အသုံးပြုပြီး သန့်ရှင်းရေးလုပ်ပါ။

၃။ သေချာ သိမ်းဆည်းပါ
သန့်ရှင်းရေးသုံး ပစ္စည်းတွေကို မူလ အညွှန်းအတိုင်း သေချာကပ်ထားပြီး အဖုံးကို လုံအောင် ပိတ်ကာစနစ် တကျ သိမ်းထားပါ။

၎။ ရောမသုံးပါနှင့်

သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သေချာမနားမလည်ဘဲ တစ်မျိုးနဲ့တစ်မျိုး ရောနှောသုံးတာမျိုး မလုပ်ပါနဲ့။ တချို့သန့်စင်ရေးပစ္စည်းတွေဟာ ရောနှောသုံးပါက အန္တရာယ်ရှိတဲ့ အခိုးအငွေ့တွေ ထွက်ပေါ်လာစေပါ တယ်။

၅။ အကာအကွယ်ဝတ်ထားပါ
သန့်ရှင်းရေးလုပ်တဲ့အခါ ရေစိုခံလက်အိတ်၊ ခြေအိတ်တွေကို ၀တ်ဆင်ပြီး အရေပြားနေရာတွေကို ကာကွယ် ထားပါ။

၆။ သေချာဆေးကြာပါ

သင့်အနေနဲ့ သန့်ရှင်းရေး လုပ်ပြီးတဲ့အခါမှာ လက်တွေကိုဆပ်ပြာနဲ့ ကြက်သီးနွေးရေသုံးပြီး သေချာဆေး   ကြော သန့်စင်ပေးသင့်ပါတယ်။

Tip !
သန့်ရှင်းရေးလုပ်ပြီးလို့ အရေပြားမှာ အနီကွက်ပေါ်ခြင်း၊ ယားယံခြင်း စတဲ့ဓာတ်မတည့်တဲ့ လက္ခဏာတွေ
ပေါ်လာရင်တောင် မကုတ်ပါနဲ့။ ကုတ်လိုက်ရင် ယာယီအယားပျောက်သွားနိုင်ပေမယ့် ပိုယားလာကာ ကူးစက်ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကုတ်မယ့်အစား အယားပျောက်အောင် ညင်သာတဲ့ အဟိုဓာတ်ထိန်းခရင်မ်လိမ်းပေးထားသင့်ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...