29 March, 2013

Tips ~ ကိုက်ခဲတာတွေဖြစ်ရင်

ခေါင်းကိုက်တာ၊ အဆစ်ကိုက်တာ ဒါမှမဟုတ် တခြားကိုက်ခဲတာတွေဖြစ်ရင်
စက္ကန့် ၆၀ အတွင်း သက်သာနိုင်အောင် မတ်မတ်ရပ်ပါ ( ဒါမှမဟုတ် ) မတ်မတ်ထိုင်ပါ လို့ 
စိတ်ပိုင်းဆိုင်ရာဂျာနယ်မှ လေ့လာမှုအသစ်အရ ဖော်ပြထားပါတယ်။ 
အနေအထား မှန်ကန်တာကြောင့် နာကျင်မှုကို အောင်မြင်ရာမှာ နှစ်ဆခန့်မြင့်တက် သွားတယ်လို့ ဆိုပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်စိတ်မြင့်တက်လာပြီး သင့်ကိုပြဿနာ ဖြစ်စေတဲ့ အကြောင်းအရာကို ပိုမိုထိန်းချုပ်နိုင်တာကြောင့်လို့ဆိုပါတယ်။ ဒါ့အပြင်နာကျင်မှုကို အဖြစ်နည်းတဲ့ 
တက်စထရိုစတီ ရုန်းဟော်မုန်းတွေ ခန္ဓာကိုယ်မှ ထွက်ရှိလာတာကြောင့်လို့လည်း ဆိုပါတယ်။  

Good Health ဂျာနယ်

အိမ်ထောင်သည်များ အသက်အရွယ်မရွေး ကျန်းမာနေစေမည့် စမတ်ကျသော နည်းလမ်း ၇ သွယ်


 
ပေါင်းသင်းခဲ့တဲ့ နှစ်ကာလတွေ ဘယ်လောက်ပဲ ကြာခဲ့၊ ကြာခဲ့ တစ်ဦးနဲ့ တစ်ဦး အချစ်မပြယ်ဘဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာ
နေစေမယ့် စမတ်ကျကျ နည်းလမ်းတွေရှိပါတယ်။


(၁) ခါးအတိုင်းအတာကို စောင့်ကြည့်ပါ

အိမ်ထောင်သည် အများစုဟာ ခါးတုတ်ပြီး ဗိုက်ပူလာတတ်ပါတယ်။ ဒါကြောင့် အထွေထွေ ကျန်းမာရေး ထိခိုက်စေနိုင်သလို ဆွဲဆောင်မှု လည်း လျော့ကျတတ်ပါတယ်။ နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ်အရ သင်အဝလွန်ရင် သင့်အိမ်ထောင်ဖက် အဝလွန်နိုင်ခြေ ၃၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ အဝလွန်တာကြောင့်နှလုံး
ရောဂါ၊ ဆီးချို သွေးချိုရောဂါတို့လို နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေ
မြင့်မားတာကြောင့် အဝမလွန်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်စားသောက်မှု ပုံစံကို လိုက်နာသင့် ပါတယ်။

နိုင်ငံတကာက လက်ခံထားသော အိမ်ထောင်မှုသုခ မြင့်တက်စေမည့် အလွယ်နည်းများ


တချို့စုံတွဲတွေမှာ အိမ်ထောင် သက်တမ်းက ကြာမြင့်လာ
တာကြောင့် ချစ်ကြည်နူးဖို့ငြီးငွေ့လာတတ်သလို တချို့
စုံတွဲတွေမှာ အသက်ကြီးလာတာကြောင့် စိတ်ဆန္ဒတွေ
လည်း လျော့ပါးလာ တတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်မှု သုခ လျော့ပါး လာတတ် တာကြောင့် အိမ်ထောင်မှုသုခ
မြင့်တက်ဖို့ရာအတွက် နိုင်ငံတကာက လက်ခံထားတဲ့ လွယ်ကူတဲ့ အောက်ပါနည်းတွေကို ကျင့်သုံးပေးသင့်ပါတယ်။

ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃သွယ်

 

ကမ္ဘာတစ်ဝန်းရှိ အလှအပရေးရာ  ကျွမ်းကျင်သူတွေက အကောင်းဆုံး အလှအပနည်းလမ်းတွေကို အောက် ပါအတိုင်း ဖော်ပြခဲ့ပါတယ်။
 

 အရွယ်မရွေး ငယ်နုနေအောင် 


"သင့်လက်တွေနဲ့ လည်ပင်းကို အမြဲတမ်း
နေကာခရင်မ်လိမ်းပေးပါ" လို့ ဩစတြေးလျ မိတ်ကပ်ပညာရှင် စူးက ဆိုပါတယ်။ "လက်နဲ့လည်ပင်းဟာ အိုမင်း မှုကို အမြန်ဆုံး
ပြသနိုင်တာကြောင့် မျက်နှာလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ အသွင်ရရှိစေဖို့ မျက်နှာလိုပဲ လက်နဲ့လည်ပင်း အရေပြားကိုလည်း ဂရုစိုက်သင့်ပါတယ်" လို့သူက ရှင်းပြပါတယ်။

28 March, 2013

သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ


တရားထိုင်တယ်ဆိုတာ လွယ်လွယ်ပြောရရင်တော့ ရှုပ်ထွေးပျံ့လွင့်နေတဲ့ စိတ်အာရုံကို ငြိမ်သက်အေး ချမ်းသွားအောင် အာရုံတစ် ခုတည်းမှာ စုစည်းလိုက်တာပါ၊ တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရှေ့တိုင်း တွေးခေါ်ပညာရှင်တွေဟာ နှစ်ထောင်ပေါင်းများစွာ ကတည်းက သိရှိပြီး ပါပြီ၊ အခုအချိန်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တွေကလည်း တရားထိုင်ခြင်းအကြောင်း လက်တွေ့သုတေသန ပြုလေ့လာ ယုံကြည်လာပြီဖြစ်ပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...