ကမ္ဘာတစ်ဝန်းရှိ အလှအပရေးရာ ကျွမ်းကျင်သူတွေက အကောင်းဆုံး အလှအပနည်းလမ်းတွေကို အောက် ပါအတိုင်း ဖော်ပြခဲ့ပါတယ်။
အရွယ်မရွေး ငယ်နုနေအောင်
"သင့်လက်တွေနဲ့ လည်ပင်းကို အမြဲတမ်း
နေကာခရင်မ်လိမ်းပေးပါ" လို့ ဩစတြေးလျ မိတ်ကပ်ပညာရှင် စူးက ဆိုပါတယ်။ "လက်နဲ့လည်ပင်းဟာ အိုမင်း မှုကို အမြန်ဆုံး
ပြသနိုင်တာကြောင့် မျက်နှာလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ အသွင်ရရှိစေဖို့ မျက်နှာလိုပဲ လက်နဲ့လည်ပင်း အရေပြားကိုလည်း ဂရုစိုက်သင့်ပါတယ်" လို့သူက ရှင်းပြပါတယ်။




