07 August, 2013

မျက်ဝန်းပြဿနာ အဖြေရှာ

မျက်ဝန်းဟာ လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်သလို မျက်ဝန်းအလှကလည်း လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တင့်တယ်မှုအတွက် အရေးပါနေပါတယ်။ ဒါကြောင့် မျက်ဝန်းအလှ ပျက်စေတဲ့ အကြောင်းရင်းတွေကို ရှောင်လွှဲနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။




မျက်ဝန်းအလှပျက်ရသောအကြောင်းရင်း


မျက်အိတ်ဖြစ်တာ၊ မျက်ဝန်းဖောင်းအစ်တာ၊ မျက်ကွင်းညိုတာစတဲ့ အခြေအနေတွေ ဖြစ်စေတဲ့ အကြောင်း ရင်းအများကြီး ရှိပါတယ်။ မျိုးရိုးလိုက်တာ၊ ရေဆွဲတာ၊ အဆိပ်စုပုံတာ၊ ရာသီဥတုအပြောင်းအလဲ၊ ဟော်မုန်း၊ ဓာတ်မတည့်တဲ့တုံ့ပြန်မှု၊ ကျန်းမာရေးအခြေအနေနဲ့ ဆေးကုသမှုရဲ့ နောက်ဆက်တွဲအခြေအနေတွေက မျက်ဝန်းပြဿနာ ဖြစ်စေတဲ့ အကြောင်းရင်း တချို့ဖြစ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင်လည်း တစ်ခါတစ်ရံ မျက်ဝန်းကို ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။ မှောက်အိပ်ရင်လည်း တစ်ခါတလေ မျက်ဝန်းဖောင်းအစ်စေ နိုင်ပါတယ်။


မျက်ဝန်းအလှမပျက်စေရန်ကာကွယ်မှု


မျက်ဝန်းဖောင်းအစ်မှု၊ မျက်အိတ်ဖြစ်တာနဲ့ မျက်ကွင်းညိုတာတို့ကို ကာကွယ်နိုင်မယ့် အခြေခံနည်းလမ်း တစ်ရပ်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့အစားအသောက်ကို စားဖို့နဲ့ ရေဓာတ်ပြည့်ဝအောင် နေ ထိုင်ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်တာဟာ ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ကင်းစင်စေပြီး မျက်ဝန်းဆီသို့ရေစု
ဆောင်းနိုင်ခြေကို လျော့ကျစေပါတယ်။ ကဖင်းဓာတ်ပါတဲ့ အရည်ကို ထိန်းချုပ်သောက်သုံးရင်လည်း ရေစု
ဆောင်းမှုကို လျော့ကျစေနိုင်ပါတယ်။

ဆိုဒီယမ်ဟာ ခန္ဓာကိုယ်တွင်းကို ရေအပိုစုဆောင်းမှု ဖြစ်စေတဲ့ ဓာတ်ဖြစ်တာကြောင့် စားသောက်တဲ့ အစားအသောက်ထဲမှာ ဆားလျှော့စားတာကြောင့် မျက်အိတ်ဖြစ်နှုန်းကို လျော့ကျစေပါတယ်။


မျက်ဝန်းအလှအတွက်အိမ်တွင်းကုထုံး


မျက်ဝန်းဖောင်းအစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖြစ်တာတို့ ကင်းဝေးပြီး မျက်ဝန်းအလှ ပိုင်ဆိုင်ဖို့ရာ အတွက်အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းတွေရှိပါတယ်။

သခွားသီး ပါးပါးလှီးပြီး မျက်ဝန်းတစ်ဖက်စီမှာ ကပ်ထားပေးပါ။ ငါးမိနစ်ခန့်ကြာမှ ခွာလိုက်ပါ။

လက်ဖက်စိမ်းလက်ဖက်အိတ် ဒါမှမဟုတ် တခြားအေးမြတဲ့ လက်ဖက်အိတ်ကို မျက်ဝန်းတွေပေါ် အချိန် ငါးမိနစ်ခန့်ကပ်ပေးပါ။

နံနက်ခင်းမှာ မျက်ဝန်းလိမ်းခရင်မ်လိမ်းမယ်ဆိုရင် ရေခဲသေတ္တာထဲက ထုတ်ယူပြီး လိမ်းပါ။

ညအိပ်တဲ့အခါ ခေါင်းအုံးကို အနည်းငယ်မြှင့်အိပ်တာက မျက်ဝန်းဖောင်းအစ်မှုကို လျော့ကျစေပါတယ်။

အေးမြသန့်ရှင်းတဲ့ စတီးဇွန်းနှစ်ချောင်းကို ရေခဲသေတ္တာထဲက ထုတ်ပြီးမျက်ဝန်းနှစ်ဖက်ပေါ် ကပ်ပေးပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...