19 June, 2013

တစ်နေ့အနည်းဆုံး သုံးမျိုး စားသင့်သော အမျှင်ဓာတ်များသည့် အစာများ


(၁) ပဲစိမ်း - ပဲစိမ်းတွေမှာ အမျှင်ဓာတ်ငါးရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

(၂) သစ်သီးခြောက် - သဖန်းသီး၊ ဆီးသီး၊ မက်မွန်သီးနဲ့ စွန်ပလွံသီးခြောက်တွေဟာ အူလမ်းကြောင်း ကျန်း မာရေးကို ကူညီနိုင်ပါတယ်။ ဒါ့အပြင် အူမကြီးရဲ့ လုပ်ငန်းဆောင်တာကိုလည်း ကောင်းမွန်စေပါတယ်။ ဆီးသီးခြောက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းကင်းစေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။


(၃) စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး - အမျှင်ဓာတ် အများအပြား ပါဝင်ပါတယ်။

(၄) အခွံချွတ်မထားသော ကောက်နှံစာ - ပေါင်မုန့်ဖြူထက် အညိုရောင်ပေါင်မုန့်လို အခွံချွတ်မထားတဲ့
ကောက်နှံစာတွေမှာ အမျှင်ဓာတ် အများအပြား ပါဝင်ပါတယ်။

(၅) ပန်းဂေါ်ဖီစိမ်း - ဗီတာမင်စီလိုပဲအမျှင်ဓာတ်ပါဝင်မှုလည်း များပါတယ်။

(၆) အာလူးမီးဖုတ် - အာလူးမီးဖုတ်ရဲ့အရေခွံဟာ အမျှင်ဓာတ် ပါဝင်မှုအများဆုံးအပိုင်းဖြစ်ပါတယ်။ အာလူးမှာပါတဲ့အမျှင်ဓာတ်တစ်ဝက်နီးပါးဟာ အာလူးအရေခွံမှာ ရှိနေပါတယ်။ အာလူးပြုတ်၊ အာလူး
ထောင်းတွေမှာလည်း အမျှင်ဓာတ်ပါဝင်မှုများလို့ စားသင့်ပါတယ်။

(၇) ပဲအမျိုးမျိုး - အမျှင်ဓာတ် ပါဝင်မှုများတဲ့အပြင် ပရိုတင်းဓာတ်လည်း ပါဝင်ပါတယ်။

(၈) ဆီးသီး၊ သစ်တော်သီးနှင့် ပန်းသီး - ဆီးသီး၊ သစ်တော်သီးနဲ့ ပန်းသီးတွေက အမျှင်ဓာတ် ပါဝင်မှု များတဲ့ အသီးတွေပါ။ အရေခွံတွေမှာလည်း ပက်တင်ဓာတ် ပါဝင်လို့ စားသင့်ပါတယ်။

(၉) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ - ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်း စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ် ပါဝင်မှုများပါတယ်။

(၁ဝ) ငှက်ပျောသီး - ငှက်ပျောသီးမှာပျမ်းမျှအားဖြင့် အမျှင်ဓာတ် ပါဝင်မှု များတဲ့အပြင် ပိုတက်စီယမ်နဲ့ တခြားသတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။

(၁၁) မုန်လာဥနီ - အမျှင်ဓာတ် ပါဝင်မှုများတဲ့အပြင် ဗီတာမင်အေလည်း ပါဝင်ပါတယ်။

(၁၂) အုန်းသီး - အုန်းသီးမှာ အမျှင်ဓာတ် ပါဝင်မှု များပေမယ့် အဆီဓာတ်လည်း ပါဝင်မှု ရှိပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...