17 June, 2013

ခါးလှည့်ကွင်းသုံးပြီး ခါးလှည့်ခြင်းဖြင့် မလိုလားအပ်သောကိုယ် အလေးချိန်အပိုများကို လျှော့ချနိုင်



ခါးတစ်ဝိုက်မှာ ထိန်းပြီး ဝှေ့ယမ်းကာ ကစားရတဲ့ ခါးလှည့်ကွင်းတွေဟာကိုယ်အလေးချိန်လျော့ကျမှုကို အများကြီး အထောက်အပံ့ပေးကြောင်း လေ့လာမှုအသစ်တစ်ရပ်က ရှင်းပြခဲ့ပါတယ်။ ခါးလှည့်ကွင်းသုံးပြီး တစ်နာရီ လေ့ကျင့်တာကြောင့် တစ်နာရီအတွင်း လေးမိုင်ကနေ လေးမိုင်ခွဲခန့် လမ်းလျှောက်သလိုမျိုး တူ
ညီတဲ့စွမ်းအင်တွေကို အသုံးပြုလိုက်ပြီး ခါးလှည့်ကွင်းနဲ့ လေ့ကျင့်ခန်းလုပ်သူတွေကို ကိုယ်ခန္ဓာ သွယ်လျ လှပကာ သန်စွမ်းကျစ်လျစ်စေတယ်လို့ အမေရိကန် အားကစားဆေးပညာဆိုင်ရာကောလိပ်တစ်ခုရဲ့ လေ့ လာမှုတစ်ရပ်အရ သိရပါတယ်။ ခါးလှည့်ကွင်းသုံးပြီးလေ့ကျင့်ခန်းလုပ်တဲ့နည်းကို မီရှဲလ်အိုဘာမားတို့လို ကမ္ဘာကျော်တွေတောင် အသုံးပြုနေကြတဲ့အတွက် အခုနောက်ပိုင်းခါးအဆီကျကာ ကိုယ်အလေးချိန် ထိန်း လိုသူတွေကြား ရေပန်းစားတဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်လာပါတယ်။


ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...