သင်အစာစားတဲ့ပုံစံနဲ့ သင်ရွေးချယ်တဲ့ အစားအသောက်တွေဟာ အစာခြေလမ်းကြောင်း စနစ်အပေါ် သက်
ရောက်မှုရှိပါတယ်။ အဆင်သင့်အစာ၊ အမြန်စာနဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့အစာတွေကို စားတာ
ကြောင့် အစာခြေလမ်းကြောင်းစနစ်ကို ထိခိုက်စေပြီး လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်
တွေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေကိုစားတာကြောင့် အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေ ပါတယ်။
• အမျှင်ဓာတ်များများစားပါ။ အမျှင်ဓာတ်ပါတဲ့သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့အခွံချွတ်မထားတဲ့ ကောက် နှံစာတို့ကို စားရင် အစာခြေလမ်းကြောင်းကိုကျန်းမာစေပါတယ်။
• တစ်ပတ်မှာ အနည်းဆုံး ၃-၅ ကြိမ် ငါးစားပါ။
• အဆီနည်းအသားကို ရွေးချယ်စားသုံးပါ။ အသားတွေကို အရေခွံခွာပြီးမှ စားသင့်ပါတယ်။
• ရေဓာတ်ပြည့်ဝအောင် ကြိုးစားပါ။ ရေကိုပုံမှန်သောက်ရပါမယ်။
• အဆီများတဲ့၊ ပြုပြင်ထားတဲ့ ဆီကြော်စာတွေကိုရှောင်ပါ။
• တစ်ထိုင်တည်းနဲ့ အစာအများကြီးကို အလွန်အကြူး မစားသင့်ပါဘူး။ တစ်နေ့တာလုံး အစာကိုနည်းနည်းနဲ့ မကြာခဏ စားသင့်ပါတယ်။
★ ကြယ်စင် ★
No comments:
Post a Comment