30 December, 2012

သင်အကြိုက်ဆုံး အရောင်မှတစ်ဆင့် သိနိုင်သော သင့်အကြောင်း

အဖြူရောင်၊ အနီရောင်၊ ကြက်သွေးရင့်ရော်၊ ပန်းရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်နဲ့ အနက်ရောင် စတဲ့ အရောင်တွေထဲမှာ သင်အကြိုက်ဆုံး အရောင်တစ်ခုကို အရင်ရွေးလိုက်ပါ။ ရွေးပြီးပြီဆိုရင်တော့ သင်ကြိုက်တဲ့အရောင်ကနေ တစ်ဆင့် သင့်အကြောင်းကို လေ့လာ ကြည့်နိုင်ပါပြီ။




သင်က အဖြူရောင်ကို ကြိုက်သူလား
အဖြူရောင်က ငြိမ်းချမ်းရေးနဲ့ စစ်မှန်မှုကို ဖော်ညွှန်းသလို နုပျိုမှုကိုလည်းသက်ရောက်စေပါတယ်။ တကယ် လို့ သင်ကအသက်ကြီးနေသူတစ်ဦးဖြစ်ပြီး အဖြူရောင်က သင်အကြိုက်ဆုံးအရောင်ဖြစ်တယ်ဆိုရင် သင့်မှာ ကြီးမားတဲ့ စံနမူနာယူစရာ ပုဂ္ဂိုလ်တွေ ရှိနေပြီး သင်က ပြီးပြည့်စုံတဲ့ အပြစ်ကင်းစင်မှုကို လိုလားသူဖြစ်ပါ တယ်။ အဖြူရောင်ကြိုက်သူတွေရဲ့ ဆန္ဒက ရိုးစင်းတဲ့ဘ၀မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ပဲ ဖြစ်ပါတယ်။

သင်ကအနီရောင်ကို ကြိုက်သူလား
တောက်ပတဲ့ အနီရောင်က သက်ဝင်လှုပ်ရှားမှု၊ အစွမ်းသတ္တိရှိမှုနဲ့ ကျန်းမာရေးတို့ကို ဖော်ညွှန်းနေပါတယ်။ အနီရောင်ကို ကြိုက်သူတွေက ဖော်ဖော်ရွေရွေနေတတ်သလို စိတ်လည်းတိုလွယ်ပါတယ်။ အနီရောင်ကို ကြိုက်သူတွေက သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်ပြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အားသန်တက်ကြွပါ တယ်။ အရာရာတိုင်းကို အကောင်းမြင်တတ်ပေမယ့် ပျင်းရိငြီးငွေ့ဖွယ်ရာ ဘ၀မျိုးကိုတော့ သည်းညည်း မခံနိုင်တတ်ကြပါဘူး။ အနီရောင်ချစ်သူတွေက ဘ၀ကိုခွန်အားအပြည့်၊ နွေးထွေးမှုအပြည့်နဲ့ ရပ်တည်နေ ထိုင်ကြပါတယ်။

သင်က ကြက်သွေးရင့်ရောင်ကို ကြိုက်သူလား
ကြက်သွေးရင့်ရောင်ကို ကြိုက်သူတွေက ရက်ရောသဘောကောင်းတတ်ပြီး အလွယ်တကူ သဘောတူ တတ်ပါတယ်။ ဒီအရောင်ကြိုက်သူတွေက စည်းကမ်းကောင်းကြပြီး ဘ၀ကို အဆင်ပြေအောင် ကြိုးစား တည်ဆောက်တတ်ပါတယ်။

သင်က ပန်းရောင်ကို ကြိုက်သူလား
အမျိုးသမီးအများစုရဲ့ အကြိုက်ဆုံးအရောင်ဖြစ်တဲ့ ပန်းရောင်ဟာ နူးညံ့တဲ့ချစ်ခြင်းမေတ္တာနဲ့ တွယ်တာမှု တို့ကို ဖော်ပြနေပါတယ်။ ပန်းရောင်ကြိုက်တဲ့ အမျိုးသမီးတွေက မိခင်ကောင်းတွေ ဖြစ်တတ်ပြီး လုံခြုံနွေးထွေးတဲ့ ဘ၀ကို ရှာဖွေမျှော်လင့်တတ်ကြပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ချစ်ခြင်း တရားနဲ့ လုံခြုံတဲ့ဘ၀ကို တည်ဆောက်တတ်သူပါ။ ပန်းရောင်ကြိုက်သူတွေက စိတ်ထားနူးညံ့ပြီး ချစ်စရာကောင်းကြပါတယ်။

သင်က လိမ္မော်ရောင်ကို ကြိုက်သူလား
လိမ္မော်ရောင်က စည်းစိမ်ချမ်းသာနဲ့ ကြည်နူးနှစ်သိမ့်မှုတို့ကို ဖော်ညွှန်းနေတဲ့တောက်ပတဲ့ အရောင်ပါ။
နုပျိုမှု၊ သူတစ်ဖက်သားကို စူးစမ်းမှုနဲ့ ဂနာမငြိမ်မှုတို့ကို ဖော်ပြနေတဲ့ အရောင်လည်းဖြစ်ပါတယ်။ လိမ္မော်ရောင်ကြိုက်သူတွေက ဘ၀မှာ အသာက်ရှင်ရတဲ့အခိုက် ပျော်ပျော်နဲ့ တက်တက်ကြွကြွ ရှင်သန် တတ်ပြီး လူမှုအပေါင်းအသင်း ၀င်ဆန့်ကြပါတယ်။ လိမ္မော်ရောင်ကြိုက်သူတွေက အများကြားမှာ ရေပန်း စားကြသူတွေဖြစ်ပြီး စိတ်သဘောထားလည်းကောင်းသူတွေပါ။ လူတိုင်းနဲ့လည်း အဆင်ပြေတတ်ပါတယ်။

သင်က အ၀ါရောင်ကိုကြိုက်သူလား
အ၀ါရောင် ကြိုက်သူတွေက စိတ်ကူးစိတ်သန်းကောင်းပြီး ဥာဏ်ရည်ထက်မြက်ကာ ပျော်ရွှင်တတ်ကြပါ တယ်။ အ၀ါရောင်ကြိုက်သူတွေက စွန့်စားရတာကို သဘောကျပြီး ကိုယ်ပိုင်အမြင်နဲ့ ရပ်တည်တတ်ကြ ပါတယ်။ နေသာတဲ့ ပတ်ဝန်းကျင်ကို သဘောကျပြီး စီးပွားရေးလုပ်ငန်းတွေမှာ ထက်မြက်တဲ့ ဦးဆောင် သူကောင်းဖြစ်တတ်ပါတယ်။

သင်က အစိမ်းရောင်ကို ကြိုက်သူလား
အစိမ်းရောင်က ဘ၀ဆန်မှု၊ ဟန်ချက်ညီမျှမှုနဲ့ မျှတမှုတို့ကို ဖော်ပြနေပါတယ်။ မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေး သင်္ကေတလည်း ဖြစ်ပါတယ်။ အစိမ်းရောင်ကြိုက်သူတွေက ယဉ်ကျေးမှုကို မြတ်နိုးပြီးဘ၀မှာ နှစ်သက်တဲ့ အရာတွေ သီးသန့်ရှိနေတတ်ပါတယ်။ အစိမ်းရောင် ချစ်သူတွေက အလွန်ရိုးသားဖြူစင်ကြသူတွေပါ။ ရိုးရိုးကုပ်ကုပ်နေတတ်ကြတာကြောင့် တခြားသူတွေရဲ့ ခင်မင်မှုကို ရလွယ်ကြပါတယ်။

သင်က အပြာရောင်ကို ကြိုက်သူလား
အပြာရောင်ဟာ တာဝန်ယူမှု၊ လေးလေးနက်နက်စဉ်းစားမှုနဲ့ မိမိဘာသာသုံးသပ်ဆင်ခြင်မှုတို့ကို ဖော်ပြနေ ပါတယ်။ ပျော့ပျောင်းပြီးအေးချမ်းတဲ့ အရောင်ဖြစ်သလို စိတ်ခံစားမှု အေးမြစေတဲ့ အရောင်လည်းဖြစ်ပါ တယ်။ ယုံကြည်စိတ်ချရတဲ့သူတွေက အပြာရောင်ကို ချစ်မြတ်နိုးကြပါတယ်။ အပြာရောင် ကြိုက်သူတွေက အရာရာအပေါ်အမြဲ စိတ်ပူနေတတ်ကြပါတယ်။ ဘာပဲ လုပ်လုပ် အချိန်တိုင်း သတိထားလုပ်ဆောင်တတ် ကြပြီး ဘယ်လိုအနားယူရမယ်ဆိုတာ မသိကြတာများပါတယ်။

သင်က စိမ်းပြာရောင်ကို ကြိုက်သူလား
စိမ်းပြာရောင်ဟာ တစ်တခုခုကို မေ့လွယ်ပျောက်လွယ်တဲ့ သဘောရှိပါတယ်။ ဒါက စိတ်ကူးယဉ်ဆန်မှုနဲ့ စစ်မှန်မှုတို့ကို ဖော်ပြနေပါတယ်။ စိမ်းပြာရောင် ကြိုက်သူတွေက အလုပ်ကြိုးစားတတ်သူတွေပါ။ အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားရပ်တည်တတ်ကြပါတယ်။ အလွန်အမင်းခက်ခဲတဲ့ အခြေအနေတွေမှာ ခေါင်းအေးအေးထားပြီး အရာရာကို စီမံခန့်ခွဲတတ်ကြပါတယ်။

သင်က ခရမ်းရောင်ကို ကြိုက်သူလား
တော်ဝင်ဆန်တဲ့ ခရမ်းရောင်ကိုကြိုက်သူတွေက အများနဲ့ မတူဘဲကွဲပြားနေတတ်ပါတယ်။ တချို့အခြေ အနေတွေကို တုံ့ပြန်လယွတတ်ပေမယ့် တစ်ခါတစ်ရံ မယုံနိုင်လောက်အောင် တည်ငြိမ်တက်သူတွေပါ။ ခရမ်းရောင်ကြိုက်သူတွေက စိတ်ခံစားမှုပြင်းထန်တတ်ပြီး အနုပညာဆန်ကြပါတယ်။

သင်က အနက်ရောင်ကို ကြိုက်သလား
အနက်ရောင် ကြိုက်သူတွေက လျှို့ဝှက်ဆန်ဆန် ဆွဲဆောင်မှုရှိတတ်ပါတယ်။ အနက်ရောင်ကြိုက်သူတွေ က ကိုယ့်ဆန္ဒကို ဖိနှိပ်ထားတတ်ပြီး အများပြည်သူအတွက် ကောင်းစေချင်တဲ့ ဆန္ဒနဲ့ ကြိုးစားတတ်ကြပါ တယ်။ တွယ်တာမှုရှိရင်တောင် မဖြစ်သာတဲ့ အခြေအနေတွေမှာ တွယ်တာမှုနဲ့ သံယော်ဇဉ်ကို ဖုံးဖိထားနိုင် သူတွေပါ။

ကြယ်စင်

1 comment:

LinkWithIn

Related Posts Plugin for WordPress, Blogger...