ကိုယ်အလေးချိန်များလာတဲ့အခါ တခြားသူတွေက သင့်ခန္ဓာကိုယ်အနေအထားနဲ့ ပတ်သက်ပြီး စိတ်အလိုမကျတဲ့ အတွေးတွေဝင်လာနိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်ကို
လျှော့ချချင်ပေမယ့် ဒီလိုလိုက်နာဖို့ ခက်ခဲနေကြပါတယ်။ ဒါကြောင့် ကိုရီးယားမင်းသမီးတွေရဲ့ ငှက်ပျောသီး
နဲ့ ကိုယ်အလေးချိန်လျှော့ချနည်းကို ဖော်ပြပေးလိုက်ပါတယ်။
ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေဖျက်တဲ့ဖြစ်စဉ်ကို ကောက်မွန်စေပြီး ကိုယ်အလေးချိန်ကို
ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို လျှော့ ချပေးကြောင်း သီအိုရီတစ်ခုအရ သိရပါတယ်။ တခြား သီအိုရီတစ်ခုအရ ငှက်ပျောသီးက ကြာကြာဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်းစေတယ်လို့ဆိုပါ တယ်။
ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း
နံနက်စာအဖြစ် ငှက်ပျောသီး ၁-၂ လုံးစားပြီး ရေနှစ်ဖန်ခွက်သောက်လိုက်ပါ။ နေ့လယ်စာကိုတော့ သင်ကြိုက်ရာစားနိုင်ပါတယ်။ ဒါပေမယ့် အဆီပါဝင်မှုများတဲ့ အစာကိုရှောင်ပါ။ ဒီကြားထဲ ဗိုက်ဆာရင် ငှက်ပျောသီးတစ်လုံး စားနိုင်ပါတယ်။ ညစာကို ၈ နာရီမတိုင်ခင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေပဲ စားပါ။
နံနက်စာအဖြစ် ငှက်ပျောသီးနဲ့ အဆီနည်း ဒိန်ချဉ်ကို တွဲစားပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီလောင် ကျွမ်းမှုမြန်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။
ကြယ်စင်
ငှက်ပျောသီးနေ့ တိုင်းစားတော့ မယ်...
ReplyDelete