09 February, 2013

ချစ်သူနဲ့ Valentine's Day နေ့ကို ဆင်နွှဲချိန် သိသင့်သော အခြေခံကျင့်ဝတ်များ


တချို့သူတွေက ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိတဲ့နေ့ရက်တိုင်းက Valentine နေ့ပဲလို့ ဆိုကြပါတယ်။ တချို့ကတော့ အရင်က ဘယ်လောက်ပဲဝေးကွာ၊ ဝေးကွာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ရောက်ရင်တော့ ကိုယ်ချစ်တဲ့သူနဲ့အတူရှိနေဖို့ အထူးတလည် အားထုတ်တတ်ကြပါတယ်။ အဲဒီနေ့မှာ သာယာကြည်နူးဖွယ်ရာ ကောင်းတဲ့အရာတွေကို လုပ်ဆောင်တတ်ကြသလို ခရီးတိုတစ်ခုသွားပြီး  အမှတ်တရဖြစ်အောင် ဖန်တီးတတ်ကြပါတယ်။ အဲဒီလို ချစ်တဲ့သူနဲ့အတူ ကြုံဆုံခွင့်ရတဲ့ သာယာပျော်ရွှင်ဖွယ်ရာကောင်းတဲ့ နေ့ရက်လေး အလှမပျက်ရအောင် ချစ်သူတိုင်းသိသင့်တဲ့ အခြေခံကျင့်ဝတ်တွေကို အကြုံပြုပါရစေ။

Don'tဤနေ့ကို မမေ့သင့်ပါ
Valentine's Day ကသင့်ရဲ့ အရေးအပါဆုံးနေ့ရက်တွေထဲမှာ ပါပါ၊ မပါပါ သင့်အနေနဲ့ သင့်ချစ်သူကို အလေးထားဂရုစိုက်တယ်ဆိုရင် ဒီနေ့ကို မေ့မထားသင့်ပါဘူး။ ဒီနေ့ကို အမှတ်တမဲ့ကျော်လွှားလိုက်တာက သင့်ချစ်သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် သူ့အပေါ်အချစ်တွေလျော့သွားပြီဆိုတဲ့ အတွေးလည်း ၀င်သွား
စေပါတယ်။ သင့်ချစ်သူရဲ့ အမှတ်တရစာအုပ်မှာ မှတ်တမ်းတင်နိုင်ဖို့ဆိုရင် ဒီနေ့မှာ ဘယ်လောက်ပဲ အလုပ်များများ ချစ်သူနဲ့ တစ်ညနေခင်းလောက် အတူဆုံနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

Don't - စိတ်ကောက်ခြင်း၊ ရန်ဖြစ်ခြင်းတို့ဖြင့် မဖျက်ဆီးသင့်ပါ
တစ်နှစ်မှာ တစ်ကြိမ်သာကျရောက်တဲ့ Valentine's Day နေ့မှာ အမှတ်တရကောင်းတွေ ထင်ကျန်ရစ်
စေဖို့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ဖယ်ရှားထားပါ။ တစ်နေ့တာလုံး သင့်ချစ်သူအပေါ် အကောင်း
မြင်စိတ် နဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။ ဒီအချိန်မှာ စိတ်ပျက်တာ၊ စိတ်ဆိုးတာ၊ စိတ်ကောက်တာတွေကို တက်နိုင်သမျှ လျှော့ချပြီး သင့်ချစ်သူအပေါ်အလိုမကျဖြစ်လာရင် အသက်ပြင်းပြင်းရှုကာ စိတ်လျှော့ လိုက်ပါ။

Don't - အဆက်ဟောင်းထံ မဆက်သွယ်သင့်ပါ
သင့်အဆက်ဟောင်းက သင့်ကို သံယောဇဉ်လက်ကျန်ရှိလို့ပဲဖြစ်ဖြစ် သင့်ထံ Happy Valentine's Day ဆိုပြီးဆုတောင်းစာတွေ၊ လက်ဆောင်တွေပို့လာခဲ့ရင် သင့်အနေနဲ့လက်မခံသင့်ပါဘူး။ တကယ်လို့ ဖုန်းဆက်လာရင် ဖုန်းလက်ခံပြောတာ၊ SMS ပို့တာတွေကို မလုပ်သင့်ပါဘူး။ သင့်ချစ်သူက သည်းခံနိုင်သူ တစ်ဦးဖြစ်နေရင်တောင် သူ့စိတ်ထဲမှာ တိတ်တဆိတ် ကြေကွဲဝမ်းနည်းနေရပါလိမ့်မယ်။ သည်းမခံနိုင်တဲ့ ချစ်သူဆိုရင် သင့်လုပ်ရပ်ကြောင့် စကားများရန်ဖြစ်ရကာ တစ်နေ့လုံး အကျဉ်းတန်စွာ ဖြစ်သန်းရပါတော့မယ်။

Don't - စိတ်ကူးယဉ်မဆန်လွန်းပါနှင့်
ကိုယ့်ချစ်သူရဲ့ အနေအထားပေါ်မူတည်ပြီး စိတ်ကူးယဉ်နိုင်သလောက်ပဲယဉ်ပါ။ ကိုရီးယားဇာတ်လမ်းတွေ မှာ Valentine's Day နေ့ရောက်ရင် မင်းသားက မင်းသမီးကို လက်စွပ်ပေးတာမျိုးကို စိတ်ကူးယဉ်ပြီး
မျှော်လင့်မထားပါနဲ့။ မျှော်လင့်သလိုဖြစ်မလာတာကြောင့် သင့်ချစ်သူကို ငြိုငြင်တာ၊ ပြစ်တင် ဝေဖန်တာ
တွေက သာယာကြည်နူးဖွယ်ရာ နေ့ရက်ကိုပျက်စီးသွားစေပါတယ်။ သင်ရရှိတဲ့ ပန်းစီးကိုသာ မက်မက်မော
မောနမ်းရှုံ့လိုက်ပါ။ သင်ရတဲ့ အမွှေးပွအရုပ်ကိုသာ ခပ်တင်းတင်းပွေ့ဖက်လိုက်ပါ။ သင်နဲ့ သင့်ချစ်သူ နှစ်ဦးစလုံး ကြည်နူးပျော်ရွှင်ရမှာပါ။

Don't - သူ့လက်ဆောင်ကို အလွန်အမင်း မဝေဖန်ပါနှင့်
မိန်းကလေးအများစုက ကိုယ့်ချစ်သူပြောတဲ့ စကားလုံးတိုင်း၊ လက်ဆောင်တိုင်းကို အသေးစိပ်ဝေဖန်တတ် ပါတယ်။ သင့်ကို ချစ်တဲ့အထိမ်းအမှတ်အဖြစ် ပေးတဲ့ လက်ဆောင်ကိုတော့ ဝေဖန်ပြစ်တာတာမျိုးမလုပ်ပါနဲ့။ သူပေးတဲ့လက်ဆောင်က စိတ်ပျက်ဖွယ်ရာကောင်းရင်တောင် သင့်နှလုံးသားထဲမှာ အမှိုက်မဖြစ်စေသင့် ပါဘူး။

Do - လက်ဆောင်ကို သတိထား ၀ယ်ယူပါ
Valentine's Day နေ့အတွက် အမှတ်တရ လက်ဆောင်ပေးတဲ့အခါ သင့်ချစ်သူအကြိုက်ကိုအရင် စဉ်း စားပါ။ ဈေးကြီးပြီး သင့်ချစ်သူအသုံးမ၀င်တဲ့ အသုံးအဆောင်တွေကို မ၀ယ်ပါနဲ့။ ဥပမာ - သင့်ချစ်သူနဲ့ မတော်တဲ့ အင်္ကျီ၊ ဘောင်းဘီတွေ၊ သင့်ချစ်သူအသုံးမပြုတတ်တဲ့ အားကစားပစ္စည်းတွေကို မ၀ယ်သင့် ပါဘူး။ အရင်က သင့်ချစ်သူလိုချင်ကြောင်းပြောဖူးတဲ့ အသုံးအဆောင်တွေကို ၀ယ်ပြီးပေးသင့်ပါတယ်။ဆာင်းပါး, ဆောင်းပါး,

Do - ကြိုတင်ချိန်းဆိုပါ
သင်တို့ နှစ်ယောက်လုံးမှာ လုပ်ရမဲ့အလုပ်တွေ၊ တာဝန်ဝတ္တရားတွေရှိနေတာကြောင့် Valentine's Day နေ့မှာ ဘယ်အချိန်ဆုံမလဲဆိုတာ ကြိုတင်ချိန်းဆိုပါ။ ညနေခင်းအချိန်မှာ ဆုံဆည်းဖို့ချိန်းဆိုထားရင်တောင် နံနက်ခင်းကတည်းက သင့်ချစ်သူ စိတ်ကြည်နူးစေဖို့ စာတစ်စောင်ရေးပြီး SMS, Email ပို့ပါ။ အချိန်ရတိုင်း ဖုန်းခေါ်ပြီးချစ်ခင်ကြောင်းပြောပေးပါ။ ချိန်းဆိုထားတဲ့အစီအစဉ်ကို သတိမမေ့ဖို့ သတိပေးလိုက်ပါဦး။

Do - ကြိုတင်စီစဉ်ပါ
Valentine's Day နေ့ဟာ စားသောက်ဆိုင်တွေ လူအစည်ဆုံးနေ့ တစ်နေ့ဖြစ်ပါတယ်။ ဒါကြောင့် ညစာ အတူစားမယ်ဆိုရင်၊ ရုပ်ရှင်အတူကြည့်မယ်ဆိုရင် ကြိုတင်စီစဉ်ထားပါ။ ဒီလိုစနစ်တကျစီစဉ်ထားတာ
ကြောင့် ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အမှတ်တရကို ရရှိစေတဲ့အပြင် သင့်ချစ်သူရဲ့ အားကိုးရုံကြည်မှုကိုပါ တိုးပြီးရရှိစေပါတယ်။

Do - သင့်ချစ်သူအကြိုက်ကိုသိပါ
သင့်ချစ်သူက ရှုပ်ထွေးတဲ့လူအများကြား သွားရတာသဘောမကျရင် တိတ်ဆိတ်အေးချမ်းတဲ့ နေရာအတွက် ကြိုတင်စီစဉ်ထားသင့်ပါတယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...