19 June, 2013

သင့်ပတ်ဝန်းကျင်ကို ရနံ့သင်းပျံ့သွားစေမည့် သဘာဝပစ္စည်းများ



သံပရာသီး၊ ဝါဂွမ်းစနဲ့ ရှလကာရည်တို့လို အိမ်တွင်းသဘာဝပစ္စည်းတွေကို အသုံးပြုပြီး အနံ့အသက်ဆိုးတွေ ကို ဖယ်ရှားနိုင်ပါတယ်။




(၁) ကြောင်အိမ်နှင့် ရေချိုးခန်း အနံ့ဆိုးထွက်နေလျှင်

 


သံပုရာသီးကို သုံးပါ

ကြောင်အိမ်နဲ့ ရေချိုးခန်းက အနံ့ဆိုးထွက်နေရင် သံပရာသီး တစ်လုံးကို ထက်ခြမ်းခြမ်းပြီး ပန်းကန်ပြားတစ်ချပ်စီမှာ တစ်
ခြမ်းစီထည့်ကာ ထားရှိပေးပါ။ အနံ့ဆိုးများ ကင်းစင်ပြီး သံပု ရာနံ့မွှေးပျံ့နေပါလိမ့်မယ်။




 

(၂) ဂိုဒေါင်က အနံ့ဆိုးထွက်နေလျှင်


ရှလကာရည်ကို သုံးပါ

ပစ္စည်းအဟောင်းတွေကို စုပုံထားတတ်တဲ့ ဂိုဒေါင် အနံ့အသက် ကင်းစေ ဖို့ ရေတစ်ဆနဲ့ ရှလကာရည်တစ် ဆတို့ကိုပန်းကန်လုံးတစ်ခုထဲ ထည့်ပြီး
ရေခဲဗန်းထဲလောင်းကာ အေးခဲအောင်ထားပါ။ ပြီးရင် ဂိုဒေါင်ထဲကို တစ် ပတ်တစ်ကြိမ် ရှလကာရည်ရေခဲတုံး နှစ်တုံးခန့်ထည့်ပေးပါ။






(၃) ရေခဲသေတ္တာ အနံ့နံနေလျှင်

 



ဝါဂွမ်းစကို သုံးပါ

စားသောက်ဖွယ်ရာ ပစ္စည်းမျိုးစုံထည့်တဲ့ ရေခဲသေတ္တာက တစ်ခါတစ်ရံ အနံ့ဆိုးထွက်နေတတ်ပါတယ်။ ဗနီလာရနံ့ဆီ ဆွတ်ထားတဲ့ ဝါဂွမ်းစကို ရေခဲသေတ္တာစင်တစ်ခုပေါ်တင် ထားလိုက်ပါ။ အနံ့သင်းပျံ့သွားပါလိမ့်မယ်။





(၄) ကားထဲမှာ စီးကရက်နံ့နှင့် ဖုန်နံ့နံနေလျှင်



ချည်သားအခင်းကို သုံးပါ

ကားထဲမှာ စီးကရက်နံ့၊ မှိုနံ့၊ ဖုန်နံ့စတဲ့ အနံ့တွေစွဲနေရင် ကား ထိုင်ခုံအခင်းတွေကို ချည်သားအခင်းပြောင်း စွပ်လိုက်ပါ။





(၅) စာအုပ်၊ ရှူးဖိနပ်နှင့် ပလတ်စတစ်ဘူးများ ငါးညှီနံ့ထွက်နေလျှင် 

 


အအေးခန်းကို သုံးပါ

စာအုပ်၊ ရှူးဖိနပ်နဲ့ ပလတ်စတစ်ဘူးတွေ ငါးညှီနံ့လို အနံ့ဆိုး ထွက်နေရင်ရေခဲသေတ္တာ အအေးခန်းထဲမှာ တစ်ညတာထား လိုက်ပါ။ မနက်ခင်းရောက်ရင်လတ်ဆတ်နေပါလိမ့်မယ်။ စာအုပ်နဲ့ တခြားအသုံးအဆောင်တွေကို ရေမစိုအောင်သေချာ ဖုံးအုပ်ပြီးထည့်ပေးပါ။






★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...