09 May, 2013

မေတ္တာတရားဟူသည်



(က)
နေရောင်ခြည်ဖျော့ဖျော့အောက်ရှိ တစ်ညနေတွင် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ပြီးသစ်ပင်ရိပ်မှာ စာဖတ်နေသော ဖေဖေ့ကို ငေးကြည့်ရင်း ကျွန်မ၏ အတွေးများ အတိတ်ဆီသို့ ပြန်ရောက်သွားကြသည်။ ထိုစဉ်တုန်းက ဖေဖေ သည် အခုလို ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာထိုင်နေနိုင်သည့် အခြေအနေမျိုး မဟုတ်။ အိပ်ရာပြင်ပေါ်တွင် ညည်းညူအော်ဟစ်ရင်း ရောဂါ
ဝေဒနာကို ခံစားနေရသည့် ရောဂါသည် ပုံစံမျိုး။ ထိုစဉ်တုန်းက ကျွန်မ တို့ မောင်နှမများသည်လည်း အခုလို ပူပင်သောကလျော့ပါးနေသည့် အနေ အထားမျိုး မဟုတ်ပြန်။

07 May, 2013

ရှာလကာရည်သုံးပြီး ဗောက်ပျောက်ကင်းစေရန်


ဗောက်ထတာက ဦးရေပြားကို အလွန်အမင်း ယားယံစေပါတယ်။ ဗောက်ပျောက်စေဖို့ ဘယ်လိုရှမ်ပူကို သုံးသုံး မသက်သာဘဲ ဖြစ်နေသူတို့အတွက် ရှလကာရည်သုံးပြီး ဗောက်ဖယ်ရှားနည်းကို ရေးသားလိုက် ရပါတယ်။

ရေ၏ အံ့အားသင့်ဖွယ်ရာ ကောင်းကျိုး ကိုးသွယ်


• ကိုယ်အလေးချိန် လျော့ကျစေခြင်း •
ရေမှာ အဆီ၊ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ် လုံးဝမပါရှိတာကြောင့်
ရေများများသောက်ရင် အစာတွေကို များများမစားဖြစ်တော့ပါဘူး။

သင့်ခြေထောက်က ပြောသော သင့်ကိုယ်ရည်ကိုယ်သွေး




"အအေးမိတာက ခြေထောက်အေးရာက စတယ်၊ လူတစ်ယောက် အိုမင်းတယ်ဆိုတာလည်း ခြေထောက် က စတယ်" လို့ တရုတ် လူများတွေက ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ ကိုယ်ရည် ကိုယ်သွေးကို ခြေထောက်ပုံပန်းသဏ္ဍာန်အရ ဆုံးဖြတ်နိုင်ကြောင်းလည်း အကဲဖြတ်လေ့လာသူတွေက ဆိုထားပါတယ်။



အလုပ်လုပ်သော အမျိုးသားတို့ကျန်းမာစေရန် လိုက်နာသင့်သော အခြေခံအချက် ၁၀


လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အမျိုးသားတွေ အမြဲကျန်းမာရေးကောင်းမွန်စေဖို့ လိုက်နာသင့်တဲ့အချက်
တွေ ရှိပါတယ်။

(၁) လက်ကို စက္ကန့် ၂၀ ကြာ ဆေးကြောသန့်စင်ပါ

အမျိုးသားအများစုက တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လက်သန့်ရှင်းရေးမှာ အမျိုးသမီးတွေထက်လျော့နည်း တတ်ပါတယ်။ အကောင်းဆုံးက လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးပေးဖို့ပါ။ ချောင်းဆိုး တာ၊ နှာချေတာတို့ကို လက်နဲ့ အုပ်မိရင်လက်ကို ဆေးကြောပေးသင့်ပါတယ်။

06 May, 2013

ခြေသလုံး ကြွက်တက်ခြင်းနှင့် ဆက်စပ်နေသော အစာ



ခြေသလုံး ကြွက်တက်ခြင်း သက်သာစေသော အစာများ

ပိုတက်စီယမ်သတ္တုဓာတ်ပါတဲ့ အစားအစာတွေကို စားတာကြောင့် ခန္ဓာကိုယ်ရှိ ကာဗိုဟိုက်ဒရိတ်တွေ ကို ချေဖျက်နိုင်အောင် ကူညီပေးသလို ကြွက်သားတည်ဆောက်မှုကိုလည်း အားကောင်းစေပါတယ်။ တစ်နေ့မှာ ပိုက်တက်စီယမ် ပါဝင်မှု မြင့်မားတဲ့ အစားအသောက်ကို တစ်ကြိမ်စာ စားပေးသင့်ပါတယ်။

သက်ရှည်ကျန်းမာစေရန် လိုက်နာသင့်သော ရိုးစင်းလွယ်ကူသည့်နည်းများ


ကျန်းမာရေးကို အလေးထား ဂရုစိုက်တာကြောင့် သက်ရှည်ကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့် သက်ရှည်ကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့ရာ လူတိုင်း နေ့စဉ်လိုက်နာသင့်တဲ့ အလွယ်နည်းတွေကို
ဖော်ပြပေးလိုက်ပါတယ်။

ပီကေ၀ါးခြင်း၏ အန္တရာယ်


အရင်က ပီကေကို သစ်ပင်အစေးကနေ ထုတ်လုပ်ခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ ပီကေကို အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်လာခဲ့ကြပါတယ်။

" ဒီနေ့ခေတ် ပီကေကို အဓိက ပါဝင် ပစ္စည်းလေးမျိုးဖြစ်တဲ့
ရော်ဘာအတု၊ ပလတ်စတစ်၊ သကြားနဲ့ အရောင်ဖြစ်ပေါ်စေဖို့ ဆိုးဆေးစတာတွေနဲ့ ပြုလုပ်ထားပါတယ်။ "

အားလပ်ရက်တွင် ကိုယ်အလေးချိန်လျော့ကျစေရန် လိုက်နာသင့်သည့် နည်းငါးသွယ်

အားလပ်ရက်မှာ အနားယူပြီးတဲ့အခါ ကိုယ်အလေးချိန် တက်လာလေ့ရှိပါသလား။ ဒီလို မဖြစ်စေဖို့လိုက်နာ သင့်တဲ့ နည်းလမ်းငါးမျိုးကို ဖော်ပြလိုက်ရပါတယ်။


 

 

အစာကို မရှောင်ပါနှင့်

အစာတစ်နပ်ကို ရှောင်လိုက်တာကြောင့် နောက်တစ်နပ်စားချိန်မှာ အစာကို အလွန်အမင်း စားဖြစ်သွားစေပါတယ်။ အားလပ်ရက်မှာ ကိုယ်အလေးချိန်ကို ထိန်းချင်ရင် ဘယ်လောက်ပဲ အလုပ်များများ၊ တစ်နေ့တာ အတွင်း အစာသုံးကြိမ်ကို ပုံမှန်စားသင့်ပါတယ်။


ထိပ်မည်း ဆားဝက်ခြံနှင့် ထိပ်ဖြူဆားဝက်ခြံတို့ ကင်းဝေးစေမည့် အိမ်တွင်းကုထုံးများ







ကြည်လင်ပြီး လှပတဲ့ အသားအရေကို ထိခိုက်စေတဲ့အရာတွေထဲမှာ ဆားဝက်ခြံကလည်း တစ်ခုအပါအ၀င် ပါပဲ။ ဆားဝက်ခြံမှာ ထိပ်မည်းဆားဝက်ခြံနဲ့ ထိပ်ဖြူဆားဝက်ခြံဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ဒီနှစ်မျိုးစလုံးက သင့်အသားအရေလှပကြည်လင်မှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဆားဝက်ခြံကင်းပြီး ပြစ်မျိုးမှဲ့မထင် အလှမျိုးရရှိစေဖို့ အိပ်တွင်းကုထုံးတွေကို ရေးသားလိုက်ရပါတယ်။


LinkWithIn

Related Posts Plugin for WordPress, Blogger...