17 June, 2013

အလုပ်တွင်ကျယ်စေမည့် နည်းငါးသွယ်


အလုပ်တွေ များတဲ့အခါနဲ့ လုပ်ရမယ့်အလုပ်တွေက ရှုပ်ထွေးခက်ခဲတဲ့အခါမှာစိတ်ဖိစီးမှုဖြစ်ပေါ်ပြီး ဘယ် အလုပ်ကို ဦးစားပေးလုပ်ရမလဲ၊ အလုပ်တွင်ကျယ်ပြီးမြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မဝေခွဲနိုင်
အောင် စိတ်ရှုပ်ထွေးရတတ်ပါတယ်။ အဲဒီအချိန်မှာ အလုပ်တွင်ကျယ်ပြီးမြောက်စေအောင် အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါတယ်။

  

(၁) စတင်ပါ


လုပ်ငန်းခွင်ကို ရောက်တဲ့အခါ ကွန်ပျူတာကို ချက်ချင်း ဖွင့်ထားပါ။ အဲဒီအချိန်အတွင်းမှာ တစ်နေ့တာ လုပ်ရမယ့်အလုပ်တွေနဲ့ ဦးစားပေးရမယ့် အလုပ်တွေကို ချရေးပြီး မှတ်ထားသင့်ပါတယ်။

(၂) အာရုံစိုက်ပါ


အလုပ်လုပ်တဲ့အခါ တစ်ချိန်မှာလုပ်စရာတစ်ခုကိုပဲ အာရုံစိုက်ပြီး ကောင်းကောင်းပြုလုပ်ပါ။ ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလို ပျာယာခတ်နေရင် အချိန်ကုန်ပြီး အလုပ်ပြီးမြောက်မှုလည်း ရှိမှာမဟုတ်ပါဘူး။

(၃) အစီအစဉ်တစ်ခု ချမှတ်ပါ၊


လုပ်ဆောင်ပါအလုပ်နဲ့ ဆိုင်တဲ့ အီးမေးလ်တွေကိုစစ်ဆေးပါ။ လုပ်ငန်းခွင်အတွက် အရေးပါတဲ့ အချက်အလက်တွေကို ရှာဖို့ အင်တာနက်ကို အသုံးချပါ။ အင်တာနက်ကလူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေ၊ ဂိမ်းတွေကြောင့် အလုပ်တွင်ကျယ်မှုကို မထိခိုက်ပါစေနဲ့။ လုပ်ငန်းခွင်ဆိုင်ရာ အီးမေးလ်တွေကို အရေးတကြီး ပြန်စရာရှိရင် ပြန်ပါ။မလိုအပ်တဲ့ ဖိုင်တွေကို ဖျက်လိုက်ပါ။

(၄) လုပ်ရမည့် စာရင်းတစ်ခုပြီးတိုင်း ရေးခြစ်ထားပါ၊


အောင်မြင်မှုအတွက် ဆုပေးပါအလုပ်မှာ ကိုယ်ဆောင်ရွက်ရမယ့်အလုပ်တစ်ခုချင်းစီကို စတင်ပြုလုပ်ပါ။ပရော့ဂျက်တစ်ခုမှာ သင်က တာဝန်ယူဦးစီးပြီး ဆောင်ရွက်နေရသူဖြစ်ရင် ကိုယ်ပိုင်အလုပ်အပြင် အဖွဲ့လိုက်လုပ်ဆောင်ရမယ့် အလုပ်တွေကိုပါ ဦးဆောင်ကြိုးစား
ပြုလုပ်ပါ။ အလုပ်ကိစ္စတစ်ခု ပြီးမြောက်တိုင်း သူငယ်ချင်းနဲ့ ချက်တင်ပြောတာ၊လူမှုကွန်ရက် ကြည့်တာနဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောတာ..စတဲ့ သင့်အတွက် စိတ်ပေါ့ပါးလန်းဆန်းမှု ဖြစ်စေမယ့် အရာတစ်ခုခုကို လုပ်ဆောင်လိုက်ပါ။

(၅) ဖြစ်နိုင်လျှင် အစီအစဉ်ရေးဆွဲပါ


တစ်နေ့တာအတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာထက် ပိုပြီးအစီအစဉ်ရေးဆွဲလုပ်ကိုင်ဖို့ မမျှော်လင့်ပါနဲ့။စိတ်မောလူမောနဲ့ စိတ်ဖိစီးမှု များရတတ်ပါတယ်။ ကိုယ်ပိုင်အချိန်ဇယားတစ်ခု ချမှတ်ပြီး အဲဒီအချိန်ဇယားအတိုင်း လုပ်ကိုင်သွားသင့်ပါတယ်။
 
★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...