09 July, 2013

သင်ကြိုက်သော ဝိုင်အမျိုးအစားက ပြောပြနေသည့် သင့်ကိုယ်ရည်ကိုယ်သွေး


တစ်နေ့ ဝိုင်တစ်ခွက်ပဲ သောက်မယ်ဆိုရင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်၊ ဒါပေမဲ့ ဝိုင်တစ်ခွက် ထက် ပိုသောက်ရင်တော့ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုကြပါတယ်။ ဝိုင်သောက်သူနှစ်ထောင်
ကျော်ကို လတ်တလောလေ့လာမှုတစ်ရပ်အရ ဝိုင်နီ၊ ဝိုင်ဖြူ၊ ပန်းနုရောင်ဝိုင်၊ ရှမ်ပိန်အစရှိတဲ့အထဲကနှစ် သက်စွာ ရွေးချယ်သောက်သုံးတဲ့ ဝိုင်အမျိုးအစားပေါ်မူတည်ပြီး ကိုယ်ရည်ကိုယ်သွေးကိုသဲလွန်စကောက်
နိုင်ကြောင်း ဆိုပါတယ်။

 

သင်က ဝိုင်နီကို ကြိုက်သူဆိုလျှင်


ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူပါ

ဝိုင်နီကြိုက်သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အ
တွေ့အကြုံသစ်တွေကို လိုလားတပ်မက်နေတတ်ပါတယ်။ တစ်ခုခုကို ဆုံးဖြတ်ချက်မချမှတ်ခင်မှာ ကိုယ့်ကိုယ်ကိုယ်
သေချာအောင် ပြင်ဆင်တတ်သူပါ။ သန် စွမ်းကြံ့ခိုင်တဲ့စိတ် ထားရှိပြီး စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချပြီးအပန်းပြေအောင်
နေရမလဲဆိုတာသိနားလည် တာကြောင့် ဘဝမှာနေပျော်တဲ့ သူလည်းဖြစ်ပါတယ်။


 

သင်က အချိုပွဲတွင် ထည့်သည့်ဝိုင်ကို ကြိုက်သူဆိုလျှင်



အေးအေးလူလူနေတတ်ပြီးအရာရာကို အကောင်းမြင်သူပါ

အချိုပွဲတွေမှာ သစ်သီးတွေ၊ ကိတ်တွေနဲ့တွဲဖက်စားသောက်ရတဲ့ ဝိုင်ဟာ သင်ရဲ့ အကောင်းမြင်တဲ့ စိတ်နဲ့ နေရောင်ခြည်ကိုပဲ မျှော်လင့်တတ်တဲ့စိတ် ကို ညွှန်ပြနေပါတယ်။ အေးအေးလူလူနေတတ်တဲ့ စိတ်အခံရှိပြီး ချစ်ခင်တဲ့ သူတွေနဲ့နေထွက်တာကို စောင့်ကြည့်ရင်း သက်သောင့်သက်သာ အေး
အေးဆေးဆေး ဖြတ်ကျော်ရတာကို သဘောကျတဲ့သူပါ။


 



သင်က ရှမ်ပိန်ကို ကြိုက်သူဆိုလျှင်


ခေတ်ဆန်တက်ကြွသူပါ

ရှမ်ပိန်ဟာ ပူဖောင်းသေးလေးတွေ ပလုံစီနေတဲ့ အဖြုရောင်ဝိုင်နဲ့ တူပါတယ်။ အဲဒီရှမ်ပိန်ကို ကြိုက်တယ် ဆိုရင် ကြော့ရှင်းပြီး တက်ကြွထက်သန်သူပါ။ သင့် မှာ ဒွန်တွဲနေတတ်တဲ့ လက္ခဏာနှစ်ရပ် စလုံးက သင်ဟာ ပျော်ပျော်နေတတ်
ပြီး စိတ်အားထက်သန်မှုရှိတာကို ရည်ညွှန်းနေပါတယ်။ သင်ရဲ့အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးကို ပြနိုင်တဲ့ နေရာက ပါတီပွဲတွေမှာပဲဖြစ်ပါတယ်။ မိန်း ကလေးတွေနဲ့ဆုံတဲ့ လက်ဖက်ရည်ပါတီပွဲ ဒါမှမဟုတ် အားပေးချီးမြှောက်တဲ့ ပါတီပွဲတွေကို တက်ရောက်တဲ့အခါ သင်ဟာ ခံ့ညားဝင့်ထည်တဲ့ဟန် ရှိသူပါ။


 

 

သင်က ဝိုင်ဖြူကို ကြိုက်သူဆိုလျှင်



ဦးဆောင်ဦးရွက်ပြုတတ်သူပါ

သင်က အလုပ်လုပ်ချင်စိတ် အပြည့်ရှိပြီးအလွန်လက်တွေ့ကျတဲ့သူပါ။ ဝိုင်ဖြူကြိုက်တဲ့သူတွေက အိမ်နဲ့ မီးဖိုချောင်ရဲ့ အခြေခံကျတဲ့ အခန်း ကဏ္ဍမှာ ရှိနေတတ်ပါတယ်။ ဝိုင်ဖြူလို ကြည်လင်တဲ့ မျက်ဝန်းတွေပိုင် ဆိုင်ပြီး အရာရာကိုသေချာအာရုံစိုက် ဆောင်ရွက်တတ်သူပါ။ တစ်နေ့ တာမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိနေရင်တောင် နောက်မဆုတ် တတ်၊ လက်မလျှော့တတ်ပါဘူး။

 

 




သင်က ပန်းနုရောင်ဝိုင်ကို ကြိုက်သူဆိုလျှင်


နွေးထွေးတည်ငြိမ်သူပါ

သြဇာတိက္ကမနဲ့ ပြည့်စုံတယ်ဆိုတဲ့ စကားလုံးက သင်နဲ့ အလိုက်ဖက်ဆုံး
ဖြစ်ပါတယ်။ သစ်သီးလို ချိုမြိန်တဲ့ အရသာနဲ့ ရှက်သွေးဖြန်းတဲ့အလှမျိုး ရရှိစေတဲ့ ပန်းနုရောင်ဝိုင်ကြိုက်တာဟာ လူမှုအသိုင်းအဝိုင်းမှာ သင်က
နွေးထွးတည်ငြိမ်သူ ဖြစ်ကြောင်း ညွှန်းဆိုနေပါတယ်။ ကြင်နာတတ်ပြီး ရွှင်ပျဖော်ရွေတဲ့ သင့်ဟန်ဟာအကြင်နာတရားကို ကော်လာအင်္ကျီမှာ ဆင်မြန်းထားတဲ့ ပုံပေါ်ပါတယ်။ ချစ်ခင်တဲ့သူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်သူပါ။


★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...