05 June, 2013

ရင်ပူနာအကြောင်း သိကောင်းစရာ

 
အစာအိမ်ထဲက အစာခြေရည်နဲ့ချေဖျက်ဆဲအစာတွေက အစာရေမျိုဆီကို ပြန်လှန်တက်တာကြောင့် လည် ပင်း၊ ရင်ညွန့်နေရာတွေမှာ မီးလောင်သလိုပူတဲ့ နာကျင်မှု ခံစားရတာကို ရင်ပူနာလို့ခေါ်ပါတယ်။

ဝယ်ထားသော ဟင်းသီးဟင်းရွက်များကို လတ်ဆတ်အောင် သိမ်းဆည်းနည်းများ

နေ့စဉ် စားသောက်နေကျ အစားအသောက်ထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ထည့်စားတာက ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ကျန်းမာရေးပြဿနာအများစုဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါ တယ်။ ဒါကြောင့်ဟင်းသီးဟင်းရွက်တွေကိုဝယ်ယူပြီး အိမ်မှာသိမ်းဆည်းထားဖို့ လိုပါတယ်။ အဲဒီလိုသိမ်းထား တဲ့အခါ ဘယ်လိုသိမ်းထားရမယ်ဆိုတာ မသိတာကြောင့် ဟင်းသီးဟင်းရွက်တွေရဲ့ လတ်ဆတ်မှုနဲ့ အနံ့အရ သာဟာ ပျက်ပြယ်သွားပြီး ပုပ်သိုးသွားတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဟင်းသီးဟင်းရွက်
တွေကို ဝယ်ယူပြီးတဲ့အခါ ဘယ်လို သိမ်းဆည်းထားသင့်တယ်ဆိုတာ အကြံပြုလိုပါတယ်။

အိမ်ထောင်ရေးကြောင့် ရရှိနိုင်သော ကျန်းမာရေးထိခိုက်မှုများကို ရှောင်လွှဲနိုင်ပြီး ကောင်းကျိုးများကိုသာ ရယူနိုင်စေရန်

ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးကြောင့် ကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်သလို ပဲအဆင်မပြေတဲ့အခါမှာ ကျန်းမာရေးထိခိုက်မှုတွေလည်း ဖြစ်ရတတ်ပါတယ်။ ဒီလို ကျန်းမာရေးထိခိုက်မှု
တွေမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အိမ်ထောင်ရေးအဆင်မပြေတဲ့အခါ ကြုံလာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်
တွေနဲ့အိမ်ထောင်ရေးအဆင်ပြေတဲ့အခါ ရရှိနိုင်တဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျီးကန်းခြေထောက်ဟု ခေါ်သော မျက်ဝန်းထောင့်က အရေးကြောင်း သက်သာစေမည့် အိမ်တွင်းနည်းများ

ကျီးကန်းခြေထောက်ဆိုတာ မျက်ဝန်း အပြင်ဘက်ထောင့်တစ်ဝိုက်မှာ ပေါ်လာတဲ့ အရေးကြောင်းကို ခေါ် ပါတယ်။ ဒီအရေးကြောင်းတွေက ပြုံးရယ်လွန်းတာကြောင့် ဖြစ်တတ်သလို အိုမင်းမှုရဲ့ အခြေခံအကျဆုံး လက္ခဏာလည်းဖြစ်ပါတယ်။

03 June, 2013

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာအိမ်တစ် လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန်ထည့်စားပေးမယ်ဆိုရင်
အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။


သင့်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး စွမ်းအင်တိုးစေမည့် သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များ


ကျွန်တော်တို့ စားသောက်တဲ့အချိန်တိုင်းစားသမျှ ကယ်လိုရီကနေ စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့ ဇီဝကမ္မ
ဖြစ်စဉ်ကို ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။ ခန္ဓာကိုယ်အရွယ်အစား၊ လိင်အမျိုးအစားနဲ့ အသက်အရွယ် စတဲ့ အချက်တွေ အားလုံးဟာဇီဝကမ္မဖြစ်စဉ်မှာ အရေးပါတဲ့ အချက်တွေဖြစ်ပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်က
မြန်လေလေ၊ ကယ်လိုရီ ပိုမိုလောင်ကျွမ်းလေလေဖြစ်ကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့ အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

သင့်အရေပြား ယားယံနေသလား



လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ အရေ
ပြားဟာ မကြာခဏ ယားယံမှုတွေ ဖြစ်တတ်ပါတယ်။ အရေ
ပြား ဟာ ခြင်ကိုက်တာ၊ နေလောင်တာ၊ ဓာတ်မတည့်မှု ဖြစ် တာ၊ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုရှိတာ၊ ဆပ်ပြာ တိုက်လွန်းတာ၊ခြောက်သွေ့တဲ့ ရာသီဥတုဒဏ်ခံရတာနဲ့ တချို့ဆေးဝါးတွေကြောင့် ယားယံရတတ်ပါတယ်။ အရေပြား ယားယံလို့ ကုတ်ခြစ်မိရာက ပိုးဝင်ကာ အဖုအပိမ့်တွေ ဖြစ်ပေါ် တတ်ပါတယ်။ ဒါကြောင့် အရေပြားယားယံမှု မဖြစ်စေဖို့ ကာ ကွယ်နိုင်တဲ့ အိမ်တွင်းကုထုံးတွေကို ဖော်ပြ လိုက်ရပါတယ်။

နှစ်ခြိုက်စွာ အိပ်မောကျစေရန် ကူညီသည့် အစာသုံးမျိုး


အိပ်ရေးပျက်တာကြောင့် ခါးအတိုင်းအတာ တုတ်လာသလို နှလုံးကျန်းမာရေးသာမက တခြားကျန်းမာရေး အခြေအနေတွေကိုလည်းထိခိုက်စေနိုင်တယ်ဆိုတာ သင်သိပါရဲ့လား။ ဒါကြောင့်ညစဉ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်အောင် အောက်ပါ အစာသုံးမျိုးကို ရွေးချယ်စားဖို့ ကြံပြုလိုပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်စေသော HPV ပိုးကို ကာကွယ်နိုင်ရန်


လိင်အင်္ဂါကြွက်နို့ပိုးလို့ခေါ်တဲ့ HPV တချို့မျိုးစိတ်တွေက လိင်အင်္ဂါကို ကြွက်နို့ဖြစ်စေပြီး သားအိမ်ခေါင်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာအန္တရာယ်ကင်းဝေးအောင် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

သင့်မျက်စိ ညောင်းညာနေသလား


ဒီနေ့ခေတ်ဘဝနေထိုင်မှုပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ၊ တီဗီ၊ ကွန်ပျူတာအကြည့်များတာ၊ အင်တာ နက် အသုံးများတာတွေ ဖြစ်လာပါတယ်။ အိပ်ရေးပျက်တာကြောင့် မျက်လုံးဖောင်းအစ်တာနဲ့မျက်စိညောင်း ညာတာတွေ ဖြစ်လာပါတယ်။ ညောင်းညာပင်ပန်းနေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့်သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်အတွင်း အုန်းရည်သောက်ခြင်း၏ ကောင်းကျိုးများ

 
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုနေ့စဉ် အနည်းဆုံး တစ်ကြိမ် အုန်းရည်သောက်ဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။ အုန်းရည်မှာ ဓာတ်ဆားအများအပြား ပါဝင်ပါတယ်။ ပိုတက်စီယမ်၊မဂ္ဂနီဆီယမ်နဲ့ ကလိုရိုက်တို့လို သတ္တုဓာတ်အများအပြားလည်း ပါဝင်နေသလိုခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ်နဲ့ သကြားလည်း ပါဝင်ပါတယ်။ ဒါ့အပြင်အမျှင်ဓာတ်၊ ရိုင်ဘိုဖလေဗင်၊ ကယ်လ်စီယမ်၊ မဂ္ဂနိစ်နဲ့ ဗီတာမင်စီ တို့လည်း ပါဝင်နေပါတယ်။

သင့်ကလေးနှင့် အတူကစားခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ


ကလေးတွေ တွားသွားတတ်တဲ့ အရွယ်ကစပြီး လမ်းလျှောက်တတ်တဲ့အချိန်အထိ အုပ်ထိန်းသူ၊ လူကြီးမိဘ တစ်ဦးဦးက အမြဲမပြတ် စောင့်ကြည့်ဂရုစိုက်နေရပါတယ်။ ကလေးကို မူကြိုမပို့ခင်အချိန်မှာ ကလေးနဲ့အတူ
ဆော့ကစားပေးတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...