23 November, 2012

ချစ်သောသူနှင့် ကွေကွင်းရသောအခါ...


ကိုယ်ချစ်တဲ့ သူဆုံးရှုံးသွားတာကြောင့် ချစ်တဲ့သူနဲ့ သေကွဲကွဲရသောအခါမျိုးနဲ့ အကြောင်း အမျိုးမျိုးကြောင့် ချစ်တဲ့သူနဲ့ ရှင်ကွဲကွဲရတဲ့အခါမျိုးတွေမှာ ကျွန်မတို့ ပုထုစဉ်လူသားတွေ အနေနဲ့ ၀မ်းနည်းကြေကွဲမှုကို ခံစား ရတတ်တာ ဓမ္မတာပါ။ တချို့လူတွေကတော့ ပူဆွေးမှုကို ၀မ်းနည်းကြေကွဲပြီး ခံစားတတ်ကြပေမယ့် အချိန် ကာလရဲ့ကုစားမှုကြောင့် အချိန်အတိုင်းအတာတစ်ခု အတွင်းမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ကြပါ တယ်။

22 November, 2012

ဝက်ခြံကင်းသော အသားအရေ ဖြစ်အောင်



ဝက်ခြံပေါက်နေရင် အရေပြားကို မသက်မသာ ဖြစ်စေပြီး လူမှုဘဝကို အနှောင့်အယှက် ဖြစ်စေနိုင်ပါ တယ်။  ဝက်ခြံတွေ ကင်းစင်ပြီး အသားအရေ ချောမွေ့လှပနေအောင် အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။

ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ



ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအ ဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။  တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အ တင့် စားပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ကျန်းမာနေသော အမျိုးသားတို့၏ လက္ခဏာရပ် ငါးမျိုး

အမျိုးသားတွေက သူ့ကျန်းမာရေး အခြေအနေကို လျစ်လျူရှုတာ ဒါမှမဟုတ် ဂရုစိုက်မှု နည်းတာတွေ ဖြစ်တတ်ပါတယ်။  အမျိုးသားတစ်ဦးက သူ့မှာ ကျန်းမာနေတဲ့ ခန္ဓာကိုယ်ရှိကြောင်း သိနိုင်ဖို့ရာအတွက် လက္ခဏာငါးရပ်ရှိဖို့ လိုပါတယ်။ အမျိုးသားတစ်ဦးဟာ ငွေတွေအများကြီး အကုန်ခံပြီး စစ်ဆေးစရာမလိုဘဲ ဒီလက္ခဏာတွေကို ကြည့်ရုံနဲ့ ကျန်းမာနေတဲ့သူ ဟုတ်၊ မဟုတ် သိနိုင်ပါတယ်။


ကျားဟော်မုန်း မြင့်တက်လာစေမည့် သဘာဝနည်းများ


 

 

အမျိုးသားတွေအနေနဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်မြင့်တက်စေဖို့အတွက်  သဘာဝကျတဲ့ နည်းလမ်းတွေကို လိုက်နာနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

အသက်အရွယ်မရွေး နုပျိုစေမည့် နည်းလမ်းသုံးသွယ်




အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ၊ မျက်နှာပေါ်မှာ တင်းတိပ်လို အကွက်ပေါ်တာ စတဲ့ အိုမင်းစေတဲ့ အချက်တွေ ကင်းဝေးပြီး အရွယ် မရွေး နုပျိုလှပနေစေဖို့ အောက်ပါနည်းသုံးသွယ်ကို အမြဲလိုက်နာသင့် ပါတယ်။



20 November, 2012

တစ်ကိုယ်လုံးနာကျင်မှု ကင်းဝေးစေရန် တစ်နေ့တာအတွင်း လုပ်ဆောင်သင့်သည်များ


အချိန်အများစုမှာ သင့်စိတ်နဲ့ သင့်ခန္ဓာကိုယ်က ကောင်းမွန် နေရင် အလုပ်ကောင်းကောင်း လုပ်နိုင်သလို
နေရထိုင်ရတာ သက်တောင့် သက်သာ ရှိနေတတ်ပါတယ်။ လေးလံလွန်းတဲ့ အိတ် ကိုသယ်တာ၊ ခန္ဓာ ကိုယ်ကို လျှောထိုင်တာ၊ အိပ်တဲ့အခါ အနေအထားမမှန်တာတွေ ကြောင့် တစ်ကိုယ်လုံး နာကျင်မှုဖြစ်ခဲ့ ရင်တောင် တစ်နေ့တာအတွင်း အောက်ပါတို့ကို လိုက်နာတာကြောင့် နာကျင်မှု ကင်းဝေးနေ ပါလိမ့်မယ်။

ခွင့်လွှတ်သည်းခံစိတ်နဲ့ ကျန်းမာရေး


          တစ်စုံတစ်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားမျိုး၊ အပြုအမူမျိုး ပြုလုပ်ခံရတဲ့အခါ အ လွယ်တကူခွင့်လွတ်သည်းခံနိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဒါပေမယ့် ခွင့်လွှတ်သည်းခံတတ်အောင် ကြိုးစားသင့်ပါတယ်။ အကြောင်းကတော့ ခွင့်လွှတ်သည်းခံတဲ့ စိတ်ရှိတာဟာ ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကို အံ့သြစရာကောင်းလောက်အောင် အကျိုးကျေးဇူး ဖြစ်စေတာကြောင့်ပါပဲ။ 

လိမ်လည်ခြင်းနဲ့ ကျန်းမာရေး






   မရိုးသားဘဲ လိမ်လည်တတ်ခြင်းသည် စစ်မှန်သော
မိတ်ဆွေသူငယ် ချင်းတို့နှင့် ခင်မင်မှု
 ပျက်ပြယ်စေရုံသာမကကျန်းမာရေးကိုလည်း
 ထိခိုက်စေနိုင်သည်ဟု လေ့လာမှုအသစ်တစ်ရပ်က ဆိုထားကြောင်း
 အင်တာနက် သတင်းတစ်ခုအရ သိရသည်။

သင်ချစ်သောသူတစ်ယောက်၏ နောက်ဆုံးအချိန်မှာ






ဆရာဝန်က သင်ချစ်တဲ့သူ တစ်စုံတစ်ယောက်
သေဆုံးတော့မယ်လို့ ပြောလိုက်တဲ့အခါ သူ့ဘ၀ရဲ့ နိဂုံးဟာ
 တဖြည်းဖြည်းနီးကပ်သထက်နီးကယ်လာပြီဆိုတာ
သင်သိနေပေမယ့် သင့်ဘ၀ထဲကနေ သင်ချစ်တဲ့သူ
ထွက်သွားမှာကို ဘယ်လိုမှခံစားနိုင်မှာမဟုတ်ပါဘူး။

     ဒါပေမယ့်.... ဆရာဝန်ပြောတဲ့ အမှန်တရားနဲ့ သင်ချစ်တဲ့သူရဲ့ ကျန်းမာရေးအခြေအနေကို သင်သိနား လည်ပြီး သင်ချစ်တဲ့သူရဲ့ နောက်ဆုံးရှင်သန်ရာနေ့ရက်လေးတွေမှာ သက်သောင့်သက်သာရှိအောင် ကူညီ
ဖေးမပေးဖို့လိုပါတယ်။ အမှန်တရားကိုသိနားလည်ပြီး လုပ်သင့်လုပ်ထိုက်တာကိုလေးလေးနက်နက် လုပ်ဆောင်တာဟာ သင်ခံစားနေရတဲ့ စိတ်ပူပင်သောကတွေ ကိုလျှော့ချနိုင်ပါတယ်။

မျက်ဝန်းလှလှ မညိုရလေအောင်


လူတိုင်းလိုလို ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို မျက်ကွင်းညိုတတ်ပါတယ်။မျက်ကွင်းညိုတာ အများစုက ယာယီဖြစ်ပြီး ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် မျက်ကွင်းညိုတဲ့အခါမှာ သင့်ကို ပင်ပန်းနေတယ်၊ မကျန်းမာဘူး.. အဲဒီလို ထင်ရစေပါတယ်။ ဒါ့အပြင် မျက်ကွင်းညိုတာကြောင့် ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသယောင် ထင်ရစေပါတယ်။

မျှဝေမသုံးသင့်သော အရာခုနှစ်မျိုး



သူတစ်ပါးသုံးတဲ့ အသုံးအဆောင်တွေကို ခဏယူသုံးမိတာ၊ ကိုင်တွယ်မိတာကြောင့် အအေးမိဗိုင်းရပ်စ်ပိုးနဲ့ တခြား ကူးစက် ရောဂါပိုးတွေ ကပ်ငြိနိုင်တဲ့ အန္တရာယ် များပါတယ်။  လေ့လာမှုတွေအရ ဗိုင်းရပ်စ်နဲ့ တခြားကူးစက်ပိုးတွေ ကပ်ငြိနိုင်ခြေ လျော့ကျစေဖို့ သူများနဲ့ မျှဝေမသုံးသင့်တဲ့ အသုံးအဆောင်ပစ္စည်း ခုနစ်မျိုး ရှိပါတယ်။

ပြုံးပြုံးလေးနေခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ


ပြုံးပြုံးလေးနေတာက သင့်ကို ပုံမှန်ထက် ပိုတောက်
စေတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ အပြုံးကြောင့် သင့်ကျန်းမာရေး ကို ကောင်းမွန်စေသလို ဖိစီးမှုအဆင့်ကို လျော့ကျကာ ဆွဲဆောင်မှုရှိစေပါတယ်။
 



(၁) အပြုံးက သင့်ကို ဆွဲဆောင်မှုရှိစေ ပါတယ်


လူတွေကို ပြုံးနေတဲ့ပုံဆွဲလိုက်တဲ့အခါ တည်တဲ့ပုံတွေ ထက် ပိုပြီးဆွဲဆောင်မှုရှိတာကို လေ့လာမှုတွေအရ သိရ ပါတယ်။ မျက်မှောင်ကြုတ်တာ၊မျက်စောင်းထိုးတာ စတဲ့ အပြုအမူတွေက မျက်နှာကို ရှိရင်းစွဲ အသက်ထက် ပိုရင့် သလို ဖြစ်စေကာ ပြုံးတာက ငယ်နုတဲ့အသွင်ရစေတာ

ကြောင့်ပါ။

19 November, 2012

အမျိုးသမီးများအတွက် လိုအပ်သော အာဟာရဓာတ်များ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ဆိုတာ အမျိုးသား၊ အမျိုးသမီး တိုင်းအတွက် အရေးပါပါတယ်။ အမျိုးသမီးတွေဟာ ခန္ဓာကိုယ် တည်ဆောက် ပုံအရ တချို့ အာဟာရဓာတ်တွေကို ပိုလိုအပ်တာ မျိုး၊ တချို့ အစားအသောက် တွေကို အထူးသတိထားရှောင် ကြဉ်သင့်တာ မျိုးရှိပါတယ်။


အသားအရေကျန်းမာလှပမူကို မထိခိုက်စေသော အိမ်တွင်းသန့်ရှင်းနည်းများ

          
              ဓာတုဗေဒပစ္စည်းတွေကို သုံးပြီး အိမ်သာကို ပွတ်တိုက် သန့်စင်ခြင်းနဲ့ အ၀တ်လျှော်ဖွပ်ခြင်းတွေ ဟာ လူအများစု ထင်ထားသလို ရာနှုန်းပြည့် ကောင်းမွန်တဲ့ အရာမဟုတ်ပါဘူး။ အိမ်တွင်း သန့်ရှင်းစင်ကြယ် ဖို့နဲ့ပိုးမွှားကင်းစင်အောင်ပြုလုပ်တဲ့ ပစ္စည်းအများစုဟာ အသားအရေကို ကြမ်းတမ်းစေနိုင်ပါတယ်။  သင့်အသားအရေက ထိလွယ်ခိုက်လွယ်တဲ့ အမျိုးအစားဖြစ်ရင် နူးညံ့တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ ကတောင် အသားအရေကို ခြောက်သွေ့စေတာမျိုး၊ ဓာတ်မတည့်မူဖြစ်စေတာ မျိုးဖြစ်တတ်ပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ထိလိုက်လို့ အသားအရေဟာ နီမြန်းခြင်း၊ ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတို့   ဖြစ်ပေါ်လာရင် နေ့စဉ် အိမ်မှာ အသုံးပြုနေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို သတိထားဖို့ လိုအပ်နေပါပြီ။


နုပျိုကာ အရွယ်တင်စေရန် စားသင့်သော အာဟာရများ


နုပျိုကာ လှပစေဖို့အတွက် အစားအသောက်တွေကလည်း အရေးပါနေပါတယ်။
သုတေသနတွေအရ လေ့လာထားတဲ့ အောက်ပါ သဘာဝ အစားအစာတွေဟာ အနာကျက်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပြီး မျက်နှာ အသားအရေကို နုပျိုကာ အရွယ်တင် လှပစေပါတယ်။

မီးဖိုချောင်ထဲက အညစ်ပတ်ဆုံး အရာများ



      သင့်အိမ်ရဲ့ တခြားနေရာတွေမှာထက် သင့်မီးဖို ချောင်ထဲမှာ ပိုးမွှားတွေ ပိုရှိနေပါတယ်။ မီးဖိုချောင် မှာသုံးတဲ့ ပန်းကန်ဆေးရမြှုပ်မှာ အိမ်သာထိုင်ခုံထက်ပိုပြီး ပိုးမွှားတွေ ကပ်ငြိနေတတ်တယ်ဆိုတာ သင်သိ ပါရဲ့လား။ အရစ်ဇိုးနားတက္ကသိုလ်က ဒေါက်တာချားလ်စ်ဟာ အိမ်နဲ့ရုံးခန်းထဲရှိရောဂါဖြစ်စေတတ်တဲ့ ဘက်တီးရီးယားပိုးတွေဖြန့်ဝေတဲ့နေရာတွေကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

18 November, 2012

မြန်မာနိုင်ငံတွင် အဖြစ်များသော မျက်စိရောဂါများနှင့် သိမှတ်ဖွယ်ရာများ




မြန်မာနိုင်ငံတွင် အဖြစ်များသော မျက်စိရောဂါများနှင့် သိမှတ်ဖွယ်ရာများ


"မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဦးတင်ဝင်းနှင့် တွေ့ဆုံဆွေးနွေးထားသော ဇွန်ုခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၏ မြန်မာပြည်တွင် အဖြစ်များသော မျက်စိရောဂါများနှင့် သိမှတ်ဖွယ်ရာများ" စာအုပ်ထွက်နေပါပြီ။

ဖုန်း - ၀၉ ၅၁၈၅၆၇၆

ဆရာ့ဂုဏ်ရည်



တပည့်တကာ၊ တတ်စရာ၌

လိမ္မာပွန်က၊ အရွယ်လွန်မူ

ရွှေဆင်းတူရောင်၊ လုပ်ငန်းဘောင်တွင်

အတောင်ဖြူကာ၊ ဗျိုင်းပမာသို့

မြတ်ဆရာ



အလှကင်းပါလျက်
ဘ၀က လင်းသူမို့
စေတနာလမ်းခင်းကာ
ငြိမ်းအေးရင်း လျှောက်ဝံ့သူ။

အနေအစား ရိုးစင်းလျက်
အသရေ တိုးသူမို့



ကျောင်းသူဟောင်းတစ်ဦး၏ ဒိုင်ယာရီ


    “စာကျက်ပျင်းတဲ့သမီးတော့ စာအုပ်ပုံထဲရောက်နေရပြီ မေမေရေ”
   ဆေးဝါးတက္ကသိုလ်ကို စတင်တက်ရောက်ဖြစ်စရက်မှာပင် ဇာတိမြေမှ မိဘထံသို့ ထိုသို့အစချီ ထားပြီး စာရေးဖြစ်ပါတယ်။ ကျွန်မတက္ကသိုလ်တက်စဉ်က အင်တာနက်မရသေးပါ။ ဒါကြောင့်ရပ်ဝေး တွင် တက္ကသိုလ်တက်ရတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်း နယ်ကမိဘထံသို့ ဖုန်း ဒါမှမဟုတ် စာနဲ့ အကျိုးအကြောင်းပြောရပါတယ်။ စာထဲမှာ ကျွန်မနေထိုင်ရာလှည်းတန်းအဆောင်မှ မြောက်ဥက္ကလာပရှိ တက္ကသိုလ်ကို ရောက်ဖို့ကားစီးချိန် ၄၅မိနစ်ကြာမြင့်ကြောင်း၊ တက္ကသိုလ်ဆိုသော်လည်း အထက်တန်း
ကျောင်းများလိုပင် စည်းကမ်းကြီးမားလှကြောင်း၊ စာသင်ကြားချိန်တွေကလည်း အပြည့်ဖြစ်နေကြောင်း၊ စာမေးပွဲကလည်း မကြာခဏစစ်ဆေးလေ့ရှိကြောင်း..  ညည်းညူတဲ့စာရေးသားမိပါတယ်။ တက္ကသိုလ် တက်စဉ်မှာမှန်မှန်ရေးဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာလည်း ဒီအကြောင်းတွေကို စီကာ ပတ်ကုံးရေးဖြစ်ခဲ့ပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...