17 June, 2013

သင်ကြိုက်သော ရနံ့က ပြောပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး



ဘဝတစ်လျှောက်လုံး သင်က ဘယ်ရနံ့တွေကို သဘောကျခဲ့သလဲ။ တိရစ္ဆာန်တွေအပါအဝင်လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သိပ္ပံပညာကို လေ့လာမှုအသစ်တစ်ခုအရ သူတို့ကြိုက်တဲ့ရနံ့တွေက သူတို့ရဲ့ ကိုယ်ရည် ကိုယ်သွေးအပေါ် သက်ရောက်မှုရှိကြောင်း သိရပါတယ်။



သင်က ဗနီလာရနံ့ကိုကြိုက်တယ်ဆိုရင်


သက်ဝင်တက်ကြွပြီး ပေါ့ပေါ့ပါးပါး နေတတ်သူပါ
ရနံ့နဲ့ ကိုယ်ရည်ကိုယ်သွေးအကြား ဆန့်ကျင်ဘက်အသွင် မျိုးရှိနေပါတယ်။ ဆိုလိုတာက သင်ကဝင့်ဝါနေပေ မယ့် သင့်ရနံ့ကတော့ အေးဆေးနေတတ်ပါတယ်။ သင်က ဗနီလာရနံ့ကို သဘောကျပေမယ့်ဘဝမှာ နေ ထိုင်တဲ့အခါ အမြဲတက်ကြွရွှင်လန်းကာ အရာရာကို 'ဖြစ်ချင်ရာ ဖြစ်' ဆိုတဲ့ သဘောမျိုးနဲ့ ပေါ့ပေါ့ပါးပါးနေ ထိုင်တတ်သူပါ။

သင်ကပန်းရနံ့ကိုကြိုက်တယ်ဆိုရင်


ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူပါ
ပန်းရနံ့ကို ကြိုက်တဲ့သူတွေက ရေမွှေးရွေးချယ်အသုံးပြုတဲ့အခါမှာလည်း ပန်းရနံ့ကို ရွေးတတ်ပါတယ်။ ပန်း ရနံ့ဟာ မိန်းမဆန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတတ်သလို မိန်းမဆန်ဆန် ချစ်စဖွယ်ကောင်းတတ်ပါတယ်။ ပန်းရနံ့ ရေမွှေးကြိုက်တဲ့ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လွတ်လွတ်လပ်လပ်နေလို ကာ ခေတ်မီကြပါတယ်။

သင်က ဟင်းခတ်အမွှေးအကြိုင်ရနံ့ကို ကြိုက်တယ်ရင်


လုံခြုံနွေးထွေးတဲ့ ပေါင်းသင်းဆက်ဆံရေးကို တန်ဖိုးထား မြတ်နိုးသူပါ
သင်ကလတ်လတ်ဆတ်ဆတ်ရနံ့ကိုကြိုက်တယ်ဆိုရင်ရည်မှန်းချက် ကြီးမားသူပါ။ ဘေဘီပေါင်ဒါ၊ လာဗန်ဒါ စတာတွေလို လတ်ဆတ်တဲ့ ရနံ့မျိုးကို သဘောကျတဲ့သူတွေက ဘဝမှာ ရည်မှန်းချက်ကြီးမားကြသူတွေပါ။ ဘဝကို ဦးတည် မောင်းနှင်ရာမှာအောင်မြင်မှုကိုပဲ မျှော်မှန်းကြိုးစားလေ့ရှိကြပါတယ်။ သဘာဝကျတဲ့ ရနံ့
တွေ ကိုသဘောကျတတ်တာကြောင့် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးလို လန်းဆန်းနေတတ်ပါ တယ်။ ဆန့်ကျင်ဘက်လိင်ကိုလည်း ဆွဲဆောင်နိုင်စွမ်းရှိသူပါ။ လေ့လာမှုအရ လာဗန်ဒါနဲ့ ရွှေဖရုံယို ရနံ့ဟာ လိင်တံဆီကို သွေးစီးဆင်းမှု ၄ဝ ရာခိုင်နှုန်း တိုးစေတယ်လို့ သိရပါတယ်။

ချင်း(ဂျင်း)၊ သံပရာသီး၊ မုန်ညင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်ရနံ့မျိုးကို ကြိုက်တယ်ဆိုရင်


သင်က နွေးထွေးပြီး အေးချမ်းတဲ့ အနေအထားကို သဘောကျသူပါ
တည်ငြိမ်အေးဆေးတဲ့အနေအထားမျိုးရရှိဖို့ ဆန္ဒပြလေ့ ရှိပြီး လုံခြုံစိတ်ချရတဲ့ ပေါင်းသင်းဆက်ဆံရေးကို သဘောကျနှစ်ခြိုက်ပါတယ်။ ဒါ့အပြင် ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဘယ်တော့မှ ထိခိုက်နာကျင်အောင် မလုပ်တတ်ပါဘူး။ ဆိုလိုတာက ငြိမ်းချမ်းရေးသမားပါ။


★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...