17 June, 2013

အားလပ်ရက်တွင် အစာကို အလွန်အကြူး မစားဖြစ်စေရန် ရှောင်ရှားနည်းများ

(၁) ကလေးများနှင့် ဆော့ကစားပါ


လူကြီးတွေဆုံပြီဆိုရင် အစားအစာတွေရှိတဲ့ စားပွဲဝိုင်း ဒါမှမဟုတ် ထမင်းစားပွဲမှာပဲ စုဝေးစကားပြောလေ့ ရှိပါတယ်။ ကလေးတွေကတော့ လူကြီးတွေထက်တက်ကြွတဲ့ လှုပ်ရှားဆော့ကစားမှုတွေ ကိုပိုမိုနှစ်ခြိုက် သဘောကျတတ်ပါတယ်။ ဒါကြောင့် ကလေးတွေနဲ့အတူ ဆော့ကစားပေးပါ။ သင့်ကို လှုပ်ရှားမှု လုပ်ဖြစ်စေ တဲ့အပြင် အစားအစာကိုလည်း အလွန်အမင်းမစားဖြစ်စေတော့ပါဘူး။


(၂) ရေသောက်ပါ


သင့်အနီးအနားမှာ ကယ်လိုရီအများအပြားပါဝင်တဲ့ အစားအစာတွေ ဝန်းရံနေရင် သင့်အနေနဲ့လည်း စားမိ နိုင်ခြေများပါတယ်။ အဲဒီအစာတွေမစားမိစေဖို့ ရေတစ်ပုလင်း ဆောင်ထားပါ၊ ဗိုက်ဆာရင်ရေတစ်ဖန်ခွက်
သောက်ပေးပါ။

(၃) လက်ထဲ သရေစာ ဆောင်မထားပါနှင့်


တကယ်ဗိုက်မဆာဘဲ စားချင်စိတ်ဖြစ်ပေါ်တဲ့အခါ အနီးအနားရှိ သရေစာကို စားမိနိုင်ခြေများပါတယ်။ မုန် လာဥနီ၊ တရုတ်နံနံ၊ သစ်သီးစိတ် စတာတွေလိုကယ်လိုရီအလွန်နည်းပါးတဲ့ သရေစာကိုကြိတ်ဝါးစား
သောက်ပြီး အစာစားချင်စိတ်ကို ချိုးနှိမ်လိုက်ပါ။

(၄) မီးဖိုချောင်နှင့် မဆိုင်သော အိမ်မှုကိစ္စကို လုပ်ဆောင်ပါ


တကယ်လို့ သင်က အိမ်ရှင်မဖြစ်နေရင် မီးဖိုချောင်အလုပ်ကို မလုပ်ဖို့သိပ်တော့မလွယ်ပါဘူး။ အစာတွေ ကို ပြင်ဆင်ချက်ပြုတ်ရတဲ့အခါ မကြာခဏ မြည်းစားမိနိုင်ခြေ များပါတယ်။ ဒါကြောင့် ဟင်းချက်မယ့်သူရှိရင် တခြားအိမ်မှု ကိစ္စတွေဖြစ်တဲ့ အိမ်သန့်ရှင်းရေးလုပ်တာ၊ ခြံစိုက်ပျိုးတာ၊ ဘုရားပန်းကပ်တာ စတဲ့အလုပ်တွေ ကို လုပ်ဆောင်ပါ။

(၅)စားချင့်စဖွယ် အနံ့များကို ရှောင်ပါ


ဆွဲဆောင်နေတဲ့ အစားအစာအနံ့အသက်တွေနဲ့ စားချင့်စဖွယ်ခင်းကျင်းပြင်ဆင်ထားတာကြောင့် သင့်အနေ နဲ့ အစာတွေကို ပိုပြီးစားမိတတ်ပါတယ်။ အဲဒီအခါကိုယ်အလေးချိန်ထိန်းချင်တဲ့ ဆန္ဒကိုမေ့မထားဘဲ အစာကို အလွန်အမင်းမစားဖြစ်အောင် ထိန်းချုပ်သင့်ပါတယ်။
 
★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...