23 August, 2014

သင်သောက်နေတဲ့ ဆေးတွေကြောင့် ကိုယ်အလေးချိန်တိုးလာတာလား


                ကိုယ်အလေးချိန် တိုးလာတာဟာ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ဆေးသစ်တစ်မျိုးကို သောက်ပြီး ကိုယ်အလေးချိန် အလွန်မြင့်တက်လာတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။

သန္ဓေတားချင်တယ်


       ဒေါက်တာနီလာရဲ့ ဆေးခန်းကို လူနာအမျိုးမျိုး၊ အထူးသဖြင့် အမျိုးသမီးလူနာ အမျိုးမျိုး လာပြလေ့ရှိကြ ပါတယ်။ အမျိုးသမီးလူနာတွေထဲမှာ စုစုတို့လို ငယ်ရွယ်တဲ့ သူတွေလည်း ပါသလို အသက် ၆၀ ကျော် အမျိုး သမီးတွေလည်းပါတယ်။ စုစုတို့အရွယ်တွေက ဓမ္မတာရာသီနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ခံစားရတာကြောင့်
လာပြတာများသလို အသက် ၆၀ ကျော်ချိန်မှာတော့ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ၊ သားအိမ်ကျတာစတဲ့
ဝေဒနာတွေကြောင့် လာတိုင်ပင်ကြတာ များပါတယ်။
      ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လာပြတတ်ပေမယ့် သန္ဓေတားချင်လို့ဆိုပြီး လာရောက်တိုင်ပင်တာ
တော့ နည်းပါတယ်။ တစ်ခါတလေ လင်မယားစုံတွဲတွေ ရောက်လာပြီး သုံးလခံသန္ဓေတားဆေး ထိုးချင်လို့
ဆိုပြီး ရောက်လာတာရှိပေမယ့် ဒီသန္ဓေတားနည်းအကြောင်းကို ပြည့်ပြည့်စုံစုံမေးမြန်း တိုင်ပင်တတ်သူတွေ
တော့ ရှားလှပါတယ်။ ဒီနေ့တော့ ထူးထူးခြားခြားအသက် ၂၇ နှစ်အရွယ် စုံတွဲတစ်တွဲရောက်လာပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...