19 June, 2013

ရှားစောင်းလက်ပပ်သုံးပြီး ရောဂါကုသနည်းများ


ရှားစောင်းလက်ပပ်က ဘယ်လို ထိထိရောက်ရောက် အသုံးဝင်တယ်ဆိုတာအတိအကျမပြောနိုင်သေးပေ မယ့် ရောင်ရမ်းမှု လျော့ကျစေတဲ့ ဒြပ်ပေါင်းတွေနဲ့နာကျင်မှု သက်သာစေတဲ့ ဓာတ်ပါပါတယ်။ ဒါ့အပြင် ရှား
စောင်းလက်ပပ်မှာပါတဲ့ မဂ္ဂနီဆီယမ်လက်တိတ်ဟာ ယားယံမှုကို သက်သာစေပြီး သွေးကြောတွေကို ကျယ်
စေတဲ့နည်းနဲ့ အနာကျက်နှုန်းကို မြန်စေပါတယ်။


(၁) ပြတ်ရှဒဏ်ရာကို ဖုံးအုပ်ပေးခြင်း


ပြတ်ရှရာပေါ်မှာ ရှားစောင်းလက်ပပ်ဂျဲလ်တွေက သုတ်လိမ်းပေးရင် အနာကျက်နှုန်းကို မြန်ဆန်စေပါတယ်။ ဒါပေမဲ့ ပြင်းထန်ဆိုးရွားတဲ့ အနာတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ရှားစောင်း လက်ပပ်ဂျဲလ်အနှစ်ရည်လိမ်းလိုက်ရင် အနာကျက်နှုန်းများတယ်လို့ လော့စ်အိန်ဂျလိစ်သုတေသီတွေက ဆိုပါတယ်။

(၂) အပူလောင်နာကို သက်သာစေခြင်း


အပူလောင်တဲ့ ဒဏ်ရာပေါ်မှာ ရှားစောင်းလက်ပပ်ဂျဲလ်အနှစ်ကို သုတ်လိမ်းပေးတာကြောင့် နာကျင်မှုကို
လျော့ကျစေပြီး အရေပြားကိုစိုပြည်စေကာ ပိုးမွှားကပ်ငြိမှု လျော့နည်းအောင် ကူညီပေးပါတယ်။ နေလောင် ဒဏ်ရာကြောင့် အရေပြားနာကျင်မှုကိုလည်း သက်သာစေပါတယ်။ နေလောင်ဒဏ်ရာရချိန်မှာ ကြက်သီး
နွေးရေထည့်ထားတဲ့ ချိုးရေထဲကို ရှားစောင်းလက်ပပ်အနှစ်ရည် တစ်ခွက်-နှစ်ခွက်ခန့်ထည့်ပြီး စိမ်ပေးရမှာ
ဖြစ်ပါတယ်။

(၃) ဆိုးရီးယေးစစ်အနာကို ကုသခြင်း


ရှားစောင်းလက်ပပ်ဂျဲလ် အနှစ်ရည်ကို ယားယံနေတဲ့ အရေပြားပေါ် သုတ်လိမ်းပေးရင် ရောင်ရမ်းမှုကို
လျော့ကျစေပြီး အရေပြား စိုပြည်နူးညံ့စေပါတယ်။ လေးပတ်ကြာလေ့လာမှု တစ်ရပ်အရရှားစောင်း လက် ပပ်အသုံးပြုသူတွေက အရေပြားအနာကင်းပြီး ကြည်လင်သန့်စင်နိုင်ခြေ ၈၃ ရာခိုင်နှုန်းရှိပြီး ခရင်မ်လိမ်းသူ
တွေက အရေပြားအနာကင်းနိုင်ခြေ ၆ ရာခိုင်နှုန်းပဲရှိကြောင်း သိရပါတယ်။

(၄) ဝက်ခြံဖုကို လျော့ပါးစေခြင်း


ဝက်ခြံအဖုအပိမ့်ဖြစ်တဲ့ နေရာတွေမှာ ရှားစောင်းလက်ပပ်အနှစ်ရည်ကို လိမ်းပေးပါ။ လေ့လာမှုတစ်ရပ်အရ ရှားစောင်းလက်ပပ်သုံးတဲ့ ငါးရက်တာကာလအတွင်းအရေပြားအဖုအပိမ့် အနာကျက်နိုင်ခြေ နှစ်ဆနီးပါး ပိုများကြောင်း သိရပါတယ်။

(၅) ရေယုန်ကို ကုသခြင်း


ရေယုန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အရေပြားအနာပေါ်မှာ ရှားစောင်းလက်ပပ်အနှစ်သား သုတ်လိမ်းပေးတာ
ကြောင့်မြန်မြန် အနာကျက်နိုင်ခြေရှိပါတယ်။ ရှားစောင်းလက်ပပ်အနှစ်သားမှာ ဗိုင်းရပ်စ်တားအာနိသင်ရှိ တဲ့အပြင် သွေးကြောငယ်တွေကို ကျယ်စေပြီး သွေးရောက်ရှိမှုများကာ အနာကျက်နှုန်း မြင့်တက်စေပါ တယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...