17 June, 2013

ရာသီလာခြင်း၏ နောက်ဆက်တွဲ ဝေဒနာ





''သမီး ဖြစ်နေတာက ဒီလိုပါ ဒေါက်တာ.. သမီးက လစဉ်ရာသီ လာတဲ့
နေ့ရက်တိုင်း မခံမရပ်နိုင်အောင် ကိုက်ခဲလေ့ရှိပါတယ်.. အရင်တုန်း ကဆိုကျောင်းတောင် မတက်နိုင်တဲ့ အထိပဲ၊ အိပ်ရာထဲမှာ တလူးလူး တလိမ့်လိမ့်နဲ့ နာလွန်းလို့ အော်ဟစ်နေရတယ်..အဲဒီတော့ သမီး
မေမေက အိမ်နားကဆရာဝန်ဆီကို ခေါ်သွားပြီး ပြပေးပါတယ်.. ဆရာဝန်က သမီးကို စမ်းသပ်ပြီး အကိုက်အခဲပျောက်ဆေးပေးလိုက် ပါတယ်။

''ဒါကို လောလောဆယ် ဝေဒနာသက်သာအောင် ယာယီသောက် ထားပါ.. နောက်ရက်ကျရင် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဖို့ ထပ်လာခဲ့'' ဆိုပြီး မှာလိုက်ပါတယ်။ သမီးလည်း အဲဒီဆေး
သောက်ပြီး သက်သာတာနဲ့ ထပ်မသွားဖြစ်တော့ပါဘူး၊ နောက်လတွေ မှာလည်းရာသီလာတိုင်း ကိုက်ခဲနာကျင်လာရင် အဲဒီဆရာဝန်ညွှန်ဖူး တဲ့ အကိုက်အခဲပျောက်ဆေးကိုပဲ သောက်လာခဲ့တာ..အခုနောက်ပိုင်း ဗိုက်တွေပါအောင့်လာပါတယ် ဒေါက် တာ.. အဲဒါ ဘာကြောင့်ပါလဲ''
ဒေါက်တာနီလာက ခိုင်လေးဆိုတဲ့ အသက် ၂ဝ အရွယ် ကောင်မလေးပြောစကားတွေကို သေချာ နားထောင်
နေပါတယ်။ ဘေးက အဖော်လိုက်ပါလာတဲ့စုစု၊ ယုမွန်နဲ့ ခိုင်လေးရဲ့ ဝမ်းကွဲညီမ မိုးနွယ်တို့ကလည်း ငြိမ်သက်
ပြီး စိတ်ဝင်တစား နားထောင်နေကြတယ်လေ။

''ရာသီလာတဲ့အခါမှာ မိန်းကလေး အတော်များများ ကိုက်ခဲနာကျင်တတ်ကြတယ်၊ ဘာကြောင့် နာကျင်ရ တာလဲဆိုတဲ့အကြောင်းရင်းကလည်း တစ်ဦးနဲ့တစ်ဦးမတူပါဘူး..တချို့အမျိုးသမီးတွေက နည်းနည်း
လောက်ပဲ ကိုက်တတ်တယ်၊ တချို့ကျတော့အခု သမီးခိုင်လေးလိုပဲ ကျောင်းပျက်၊ အလုပ်ပျက်တဲ့အထိ ကိုက်ခဲနာကျင်လွန်းလို့ အိပ်ရာထဲ လှဲနေရတာမျိုးလည်း ဖြစ်တတ်တယ်.. တချို့ အမျိုးသမီးတွေကျတော့ ရာသီစလာတဲ့ ရက်တစ်ရက်လောက်ပဲ ကိုက်ပြီး သက်သာသွားပေမယ့် တချို့အမျိုးသမီးတွေကျတော့ ရာသီစလာတဲ့ရက်ကနေ ပြီးတဲ့အထိ ကိုက်ခဲတုန်းပဲ''

''ဟုတ်တယ်..ဟုတ်တယ်..သမီး အစ်မဇင်ဇင်လည်း အဲဒီအတိုင်းပဲ၊ စာမေးပွဲတွင်းမှာ ရာသီလာတုန်းကဆို တစ်ချိန်လုံး ငိုနေရတာ..စာတောင်ကျက်လို့ မရအောင် ကိုက်ခဲလွန်းလို့တဲ့'' ဒေါက်တာနီလာစကားပြော
နေစဉ် ဖျတ်ခနဲ ကြားဖြတ်ဝင်ပြောလိုက်တဲ့ ယုမွန်ကို စုစုက လက်ကုတ်ပြီး ဟန့်တားလိုက်တယ်။

''ရပါတယ်.. သမီးတို့ အဒေါ်တစ်ယောက်ကိုပြောသလို လွတ်လွတ်လပ်လပ်သာပြောပါ..မိုးနွယ်အစ်မလိုမျိုး အပြင်းအထန် ကိုက်တတ်တဲ့သူတွေလည်းရှိပါတယ်..ဒီလို ကိုက်ခဲနာကျင်ရတာက ဘာရောဂါမှ မရှိဘဲ ကိုက်တာလည်းရှိသလို မျိုးဆက်ပွားအင်္ဂါရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲဒီရောဂါတွေ အကြောင်း အသေးစိတ်ကိုတော့သမီးတို့ ရှုပ်ထွေးသွားမှာ စိုးလို့ အန်တီမပြောပြတော့ဘူး.. ဖြစ်ရတဲ့အဓိက အကြောင်းရင်းကတော့ သားအိမ်ကြွက်သားတွေ ညှစ်အားဝင်ပြီး အဲဒီကြွက်သားတွေဆီကို သွေးဝင်ရောက် မှုနည်းလို့ ဖြစ်တာပါ။ ကိုယ်တွင်းဟော်မုန်းတွေ ပုံမမှန်လို့လည်း ဖြစ်တတ်တယ်..စိတ်ကြောင့်လည်းဖြစ် တတ်တယ်..နောက်တစ်ချက်က နာကျင်မှုအပေါ် ခံနိုင်ရည်ရှိမှုနည်းလို့လည်း ဖြစ်တတ်ပါတယ်''

''ဒီလို လစဉ်ကိုက်ခဲနာကျင်ရင် သက်သာအောင်ဘယ်လို လုပ်သင့်ပါသလဲ ဒေါက်တာ''ခိုင်လေးရဲ့ အမေးကို
 ဒေါက်တာနီလာကခေါင်းညိတ်ပြီး ပြန်ဖြေပါတယ်။

'' အခြေခံရောဂါရှိသလားဆိုတာကို ရှာဖွေပြီးရောဂါရှိရင်အဲဒီရောဂါကိုကုသရမှာပဲ သမီး..အခုသမီးသောက်
နေတဲ့ အကိုက်အခဲပျောက်ဆေးအမျိုးအစားက ရာသီလာချိန် နာကျင်ကိုက်ခဲတာကိုသက်သာစေပါတယ်.. ဒါပေမဲ့ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးက အစာအိမ်ကို လှုံ့ဆော်တတ်လို့ တာရှည်စွဲသောက်ရင် အစာအိမ်
ရောဂါ ဖြစ်ပြီး သမီးအခုဖြစ်သလို ဗိုက်အောင့်တတ်တယ်''

''ဒါဆို သမီး ဒီဆေးသောက်ပြီး ဗိုက်မအောင့်အောင် ဘယ်လို လုပ်သင့်သလဲဟင် ဒေါက်တာ''

''အစာတစ်ခုခု စားပြီးမှ ဒီဆေးကို သောက်ရမယ်..ပြီးတော့ နေ့တိုင်းစွဲပြီး မသောက်ရဘူး.. ရာသီလာလွန်း လို့ ကိုက်ခဲတဲ့ ရက်တစ်ရက်-နှစ်ရက်လောက်ပဲ သောက်သင့်တယ်..ဗိုက်မအောင့်စေဖို့အကောင်းဆုံးက အစာအိမ်ဆေးတစ်မျိုးမျိုးနဲ့တွဲသောက်သင့်တယ် သမီး''

''ဒါဆိုရင် တွဲသောက်ရမယ့် အစာအိမ်ဆေးကိုသမီးကို ညွှန်ပေးလိုက်ပါလား ဒေါက်တာ''

''အခု လောလောဆယ် သမီးမှာ အခြေခံ ဘာရောဂါရှိနေသလဲဆိုတာ စမ်းသပ်ကြည့်ပေးမယ်''

''ကျေးဇူးတင်ပါတယ် ဒေါက်တာ''


★ ကြယ်စင် ★

သနွေတားချင်တယ် 
ဆယ်ကျော်သက် ပျိုမေတို့ သိသင့်သော ကျန်းမာရေး

4 comments:

  1. လိင်ဆက်ဆံပီးရင် ရာသီလာမလာသိချင်ပါတယ်ရှင့်
    မလာခဲ့ရင်လဲပုံမှန်ပြမန်ဖြစ်အောင်ဘာဆေးများသောက်သင့်လဲရှင့်

    ReplyDelete
    Replies
    1. လိင်ဆက်ဆံပြီးနောက်ပိုင်း ရာသီမလာတော့ဘူးဆိုရင် ကိုယ်ဝန်ရှိတာဖြစ်နိုင်ပါ တယ်။ သေချာစစ်ဆေးသင့်ပါတယ်။

      Delete
  2. ရာသိလာတာနည်နည်းလေးနဲ ကြာရင်ဘာဖြစ်နာလဲဆရာ

    ReplyDelete
  3. ရာသီလာပြီး ဗိုက်ကတချက်တချက်ဆိုအောင့်ပါတယ် တခုခုလုပ်တယ်ဆို မောတယ် အန်လဲအန်ချင်တယ် ဆရာအဲဒါ ကိုယ်ဝန်များရှိနေမလားလို့သိချင်ပါတယ်

    ReplyDelete

LinkWithIn

Related Posts Plugin for WordPress, Blogger...