10 July, 2013

ကျန်းမာရေးနှင့် ညီညွတ်သော သင်္ဘောသီးဖျော်ရည်


♦ သင်္ဘောသီးမှာ ရေဓာတ်များစွာ ပါဝင်ပြီး စွမ်းအင်သိပ်သည်းဆနည်းပါတယ်။ အလတ်စကားသင်္ဘော သီးတစ်လုံးမှာ ၁၁၉ ကယ်လိုရီပဲ ပါပြီး အဆီဂရမ်တစ်ဝက်နဲ့ အမျှင်ဓာတ် ၅ ဒဿမ ၅ ဂရမ်ပါဝင်ပါတယ်။

♦ သင်္ဘောသီးမှာ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်း၊ မဂ္ဂနီဆီယမ်နဲ့ ဖောလိတ် ဓာတ်တို့ ပါဝင်ပါတယ်။

♦ သင်္ဘောသီးစားတာကြောင့် အစာကြေညက်စေပြီး ၀မ်းချုပ်တာနဲ့ ရင်ပူနာတို့ မဖြစ်အောင် ကာကွယ်ပေး ပါတယ်။


ပါဝင်ပစ္စည်းများ

(၁) သင်္ဘောသီးမှည့်လှီးပြီးသား - တစ်ခွက်ခွဲ

(၂) ငရုတ်ကောင်းမှုန့် - လက်ဖက်စားဇွန်းတစ်ဇွန်း

(၃) သံပရာရည် - လေး၊ ငါးဇွန်း

(၄) ဆား - လက်ဖက်စားဇွန်းတစ်ဝက်

(၅) ရေခဲအနည်းငယ်

ပြုလုပ်နည်း - ရေခဲကလွဲပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို မွှေစက်ထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဖန်ခွက်ထဲထည့်ပြီး ရေခဲအချို့ထည့်ကာ သောက်သုံးနိုင်ပါပြီ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...