09 July, 2013

မိုးစိုခြင်းကြောင့် ဆံကေသာအလှ မထိခိုက်စေရန်


မိုးတွင်းကာလအပြင်ထွက်ပြီး သွားလာနေရသူတို့အတွက် မကြာခဏ မိုးရေစိုရင် ဆံပင်သားကို ထိခိုက် ပျက်စီးလွယ်စေနိုင်ပါတယ်။ ဒါကြောင့် မိုးစိုတဲ့အခါဆံပင်မပျက်စီးစေဖို့ အကြံပေးပါရစေ။



မိုးထိသွားလျှင် ချက်ချင်းခေါင်းလျှော်ပါ


မိုးရေစိုနေတဲ့အချိန်မှာ ဆံပင်သားမပျက်စီးစေဖို့ ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော် တဲ့အခါတိုင်း ဆံပင်သား ကြမ်းတမ်းပျက်စီးမှုကင်းဝေးစေဖို့ ကွန်ဒီရှင်နာ(Conditioner) လိမ်းပါ။ ခေါင်းလျှော်တာနဲ့ ကွန်ဒီရှင်နာလိမ်း
ပြီး ရေဆေးချတာတွေကိုလုပ်ဆောင်ရာမှာ ရေအေးကိုပဲ အသုံးပြုပါ။

ခေါင်းလျှော်ရင်း ဦးရေပြားကို နှိပ်နယ်ပေးပါ


ခေါင်းလျှော်တဲ့အခါ ဦးရေပြားကိုနှိပ်နယ်ပေးတာက ဆံကေသာ ကြီးထွားသန်စွမ်းတဲ့ ဖြစ်စဉ်ကို ကောင်းမွန်
စေပြီးဦးရေပြားမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ဦးရေပြားနဲ့ ဆံကေသာနောက်ထပ် ထိခိုက်မှု မဖြစ်စေဖို့ ကြက်သီးနွေးရေကို သုံးရပါမယ်။

ဆံပင်ကို ခြောက်သွေ့အောင် ထားပါ


လူတစ်ယောက်က တစ်နေ့မှာပျမ်းမျှအားဖြင့် ဆံပင်အချောင်းရေ ၅ဝ-၆ဝ ခန့် ကျွတ်တတ်ပါတယ်။ မိုးရာသီ အတောအတွင်း သတိမမူမိဘဲ ဆံပင်အချောင်းရေ ၂ဝဝ နီးပါး ကျွတ်တတ်ပါတယ်။ အကြောင်းကတော့ မိုး
ရေတွေ စိုရွဲရာက ဆံပင်သားဟာ ထိခိုက်ပျက်စီးကာ ကျွတ်လွယ်တာကြောင့်ပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...