10 July, 2013

ရုံးခန်းပြတင်းပေါက်ဘေး ထိုင်သူများ တက်ကြွမှုနှစ်ဆတိုးပြီး ပိုပျော်ရွှင်မှုရှိ


တောက်ပသော အလင်းရောင်နှင့် ထိတွေ့မှုရှိခြင်းသည် အိပ်စက်မှုစနစ်ကို ဟန်ချက်ညီမျှစေပြီး စိတ်ခံစားမှု
ကောင်းမွန်ကာ အလုပ်လုပ်နိုင်စွမ်းကို တိုးတက်စေကြောင်း လေ့လာမှုအရသိရသည်။ နေသာသောနေ့များ တွင် ရုံးခန်းပြတင်းပေါက်ဘေးထိုင်ခြင်းသည် အလင်းရောင် အတုရှိသည့်ရုံးခန်း ပြတင်းပေါက်ဘေးထိုင်ခြင်း သည် အလင်းရောင်အတုရှိသည့် ရုံးခန်းအလယ်တွင် ထိုင်ခြင်းထက် တက်ကြွမှုအဆင့်နှစ်ဆပိုများကြောင်း သိပ္ပံပညာရှင်တို့က ဆိုသည်။


အိပ်မပျော်သည့် ဝေဒနာရှိသူတို့အနေဖြင့် နံနက်ခင်းတောက်ပသော နေရောင်အောက်တွင် မိနစ် ၃၀ ကြာ လမ်းလျှောက်ပါက ခန္ဓာကိုယ်ဇီဝနရီကို ဟန်ချက်ညီစေပြီး ညဘက် နှစ်ခြိုက်စွာ အိပ်မောကျစေကြောင်း၊ အထူးသဖြင့် သက်ကြီးအတိတ်မေ့ရောဂါ အစောပိုင်း လက္ခဏာခံစားနေရသူများတွင် အိပ်ပျော်သည့်အပြင် မှတ်ဥာဏ် စွမ်းရည် ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာသော အာနိသင်ရရှိစေကြောင်း လေ့လာမှုအရ သိရ သည်။ နေရောင်ခြည်နှင့်ထိတွေ့ခြင်းဖြင့် ပျော်ရွှင်စေသော ဆီရိုတိုနင်ဟော်မုန်းအထွက်တိုးစေသည့် အတွက်ဖြစ်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ် သိပ္ပံပညာရှင် ပါမောက္ခဖော်စတာက ရှင်းပြသည်။

"သဘာဝ အလင်းရောင်က အမြင်အာရုံအတွက်ပဲ အရေးကြီးတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ဇီဝနရီကို သက်
ရောက်စေတဲ့ ကိုယ်တွင်း အလင်းရှာဖွေမှုကိရိယာတွေကိုပါ ဟန်ချက်ညီမျှစေပြီး ကျန်းမာရေးကောင်းကျိုး
တွေအများကြီး ရရှိစေပါတယ်" ဟု ဆိုသည်။ အသက်ကြီးသူများသည် အပြင်ထွက်လေ့နည်းသဖြင့် အလင်း
ရောင်နှင့် ထိတွေ့မှု လျော့နည်းကြောင်း အိမ်တွင်းအလင်းရောင်သည် နေရောင်ခြည်ထက် အဆရာနှင့်ချီ ပြီး မှိန်ဖျော့ကြောင်းသိရသည်။

ZKO

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...